Wednesday, October 13, 2021

ပရဟိတမျက်နှာဖုံးတပ်အမြတ်ထုတ်နေကြသူများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြတ်ပြတ်သားသား ပြောလိုက်ပြီ


ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ဦးနေဝင်းလက်ထက်ကတည်းက ပိတ်သိမ်းထားတဲ့ မြေနေရာကို ပရဟိတအမည်ခံ အကြံအဖန်လုပ်လိုတဲ့ လူတစ်စုက မြေယာရှင်းလင်းရယူရန် လုပ်ဆောင်နေမှုအပေါ် မြောက်ဥက္ကလာပမြို့နယ်နေ တာဝန်သိ အမျိုးသားရေးလှုပ်ရှားသူများက ဖော်ထုတ်တိုင်ကြားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ချက်ချင်းညွှန်ကြားပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ တားမြစ်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးလှစိုးက " ပရဟိတမျက်နှာဖုန်းတပ်အမြတ်ထုတ်သူများ သတိထား။ ပရဟိတအသင်းအဖွဲ့များကို မိဘပြည်သူ တွေချစ်ကြတယ်။ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပေးဆပ်တဲ့အာဇာနည်စိတ်ဓါတ် ရှိသူများဖြစ်လို့ အများက လေးစားကြသည်။ လူငယ်လေးတွေကလည်း အားကျအတုခိုးကြသည်။ နိုင်ငံတော်ကလည်း အားပေးသည်။ ဌာနဆိုင်ရာများက ဦးစားပေးသည်။ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ် မဖြစ်ရလေအောင် တာဝန်သိပြည်သူများက အွန်လိုင်းက အကူအညီတောင်းသည်။ အကာလ ညအခါသမယဆိုပေမဲ့ သိလျင်သိချင်း သက်ဆိုင်ရာနယ်မြေကိုတာဝန်ယူရတဲ့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့တော်စည်ပင်ကို အဖွဲ့ ဖွဲ့ပြီး သွားစစ်ဖို့ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးကို ညွှန်ကြားခိုင်းလိုက်တယ်။ မနက်နေထွက်တော့ သွားစစ်ကြ၊ တားမြစ်ကြနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပြီးကြောင်း ပြန်တင်ပြကြတယ်။ သူတို့ကတော့ တာဝန်ကျေပြီပေါ့။ ကျေးဇူးတင်ပါတယ်။ ဆေးမြီးတိုနဲ့တော့ကုပြီးပြီ။ ယာယီအဆင်ပြေ သွားပါပြီ။ ရောဂါအနုအရင့်ကို သေသေချာချာ Examine လုပ်ပြီးမှ ရောဂါအမြစ်ပြတ်အောင် ဆေးခါးကြီး တိုက်ကျွေးရအုံးမည်။" ဟု ရေးသားပြောဆိုထားသည်။

ဝန်ကြီးချုပ်က "အပ်နဲ့ထွင်းရမဲ့ကိစ္စကို ပုဆိန်နဲ့မခုတ်ရလေအောင် အသိပေးသူများ၊ သတိပေးသူများနဲ့ပါဝင်ဆောင်ရွက်ပေးသူများ အားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ပရဟိတမျက်နှာဖုံးတပ် အမြတ်ထုတ်နေကြသူ များကိုပူးပေါင်းဖော်ထုတ်ပေးကြပါ။ ပရဟိတသမားများကလည်း အခွင့်အရေးသမားတွေရဲ့အသုံးချတာ မခံပါနဲ့။ ပရဟိတအသင်းအဖွဲ့တွေကိုမိဘပြည်သူတွေ ချစ်ကြပါတယ်။ မြင့်မြတ်တဲ့စိတ်ထားကိုလည်း လေးစားကြပါတယ်။ လူငယ်လေးတွေလည်း အားကျအတုယူကြပါတယ်။ နိုင်ငံတော်ကလည်း အားကိုးပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ပြည်သူများ၏ဆန္ဒကို အလေးထားပါတယ်။ မကောင်းသူကိုပယ်၊ ကောင်းသူကိုကယ်ဖို့ ကျွန်တော်တို့အဖွဲ့ အမြဲတမ်းအသင့်ရှိနေပါတယ်။ ဥပဒေနဲ့ညီညွတ်ပြီး တရားမျှတမှုရှိ စေရပါမည်။ အပြုသဘော ပူးပေါင်းပါဝင် ကြသူများကိုကြိုဆိုနေပါကြောင်း" ရေးသားပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

https://t.me/MyanmarNationalPost
www.mnpnewsagency.com


Related Posts:

  • သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်■ Information Sheet ဆိုပြီး ဘာသာ(၄)မျိုးလောက်နဲ့ သံရုံးတွေကိုနေ့စဉ် ပို့နေတာဖြစ်တဲ့အတွက်ကြောင့်ဒီအချက်အလက်တွေက သံရုံးအတွက်တော့သိပ်ထူးခြားမှာမဟုတ်ဘူး…..ဒါပေမယ့် …..တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာတရားဝင်ဖိတ်ကြားပြီးရှင်းလင်… Read More
  • အနှစ်သာရကို ဖျက်ဆီးပစ်တယ်သတင်းစာရှင်းလင်းပွဲ ပထမပိုင်းအပြီး ဒုတိယပိုင်း မေးမြန်းခန်း အစီအစဉ်ကို ဖြတ်ချပစ်တာဟာလည်း အဘရဲ့ အကွက်တွေပဲလား။ ကောင်းနေ လှနေတုန်းပဲလား။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မေးမြန်းခန်းအစီအစဉ်ဟာ သတင်းစာရှင်းလင်းပွဲရဲ့ အဓိကအကျဆုံး အနှစ်… Read More
  • အဲ့ဒီ လူကြီး ... 💚💚 💚 💚💚 👨‍✈️👨‍✈️  အနီတွေ အရမ်းမုန်းခဲ့တာ 👉 အဲ့ဒီလူကြီး ... တော်ရုံမင်းတွေ မတင်ရဲတဲ့  ရွှေတိဂုံဘုရားကို သက်သတ်လွတ်စားပြီး ထီးတင်သွားခဲ့တာ 👉 အဲဒီ့လူကြီး ... ရန်ကုန်မြို့ မင်းဓမ္မတောင်ကုန်းက ကျောက်တော်ကြီးဘုရားကို အများပြည်သူ ဖူးရအေ… Read More
  • အာဆီယံကလည်း အိမ်စောင့်အစိုးရကို လက်ခံနေပီ။ ပန်ဆယ်လို မင်းကိုနိုင် ဇော်ဝေဆိုး မျိုးရန်လုံသိမ်း အဲ့လူတွေအကုန် ပြည်ပမှာအနူဂျီ ဆိုတဲ့ကောင်တွေကလည်း လေလှိုင်းမှာ ရေဒီယိုလွှင့်ဖို့ ရေဒီယို ပြင်နေတုန်း KIA /KIO လည်း စစ်ရှောင်ချင်နေပီPDF ကိုလက်ခံထားတဲ့ KNUတပ်မဟာအချို့ မွစာကျဲန… Read More
  • #NLDဦးဝင်းထိန်သားမဂ်လာဆောင်ကိစ္စပေါ်ကုန်ပြီNLD ပါတီဗဟိုကော်မတီဝင် ဦးဝင်းထိန်၏ ချွေးမနှင့် သမီးဖြစ်သူ တို စကားများ ရန်ဖြစ်ကာ အပြန်အလှန်ပုတ်ခတ် ပြောဆိုထားသည့် screenshot ၄ ခု လူမှုကွန်ယက်တွင် ပေါ်ထွက်လာ ====================================နှင်းရတနာဇော် ဆိုတာက ဦးဝင်းထိန်… Read More