သံပုံးကြီးမ တီးကြသူတွေ
တရားသံကြား နားခါးသလေ
ရဟန်းသတ်ပြ အားရကာနေ
အလှူပေး ဆဲရေးမဆုံးပေ…။
လမ်းပေါ်စုပေါင်း သုံးချောင်းထောင်တွေ
ဘုရာဖူးတော့ မေးငေါ့သလေ
ဗုံးထောင်လူသတ် ကျေနပ်ကာနေ
ကုသိုလ်ရေး မနှေးရှုတ်ချပေ…။
ဓမ္မတိုက်ပွဲ ဆင်နွှဲအော်နေ
အကုသိုလ်က များလှသလေ
ဘာသာဗုဒ္ဓ နှုတ်ကဆိုစေ
မိစ္ဆာစွဲ ငရဲမလွတ်ပေ…။
နန်းနတ်နေနွယ်နိုင် Nannatnaynwenaing