Tuesday, October 12, 2021

"တွံတေးနှင့် ဆားလင်းကြီးမြို့နယ်များတွင်လက်လုပ်သေနတ်အလက် ၄၀၊ လက်လုပ်စိန်ပြောင်း ၁၇ လက်နှင့် လက်လုပ်မိုင်းများဖမ်းမိ"


အောက်တိုဘာ ၁၀၊ ၂၀၂၁ (TRN)

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်များတွင် အောက်တိုဘာလ ၉ ရက်က လက်လုပ်သေနတ်အလက် ၄၀ နှင့် လက်လုပ်မိုင်း ၄၄ လုံးလက်လုပ်စိန်ပြောင်း ၁၇ လက်နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တူးချောင်းလေးကျေးရွာအနီး ကျော်လင်းပိုင်သည့်ငါးကန်ကိုဝင်ရောက်ရှာဖွေရာ လက်လုပ်သေနတ်တစ်လက် ၉ မမကျည် ၁၀ တောင့်၊ ပွိုင့်၂၂ ကျည်တစ်တောင့်၊ လက်လုပ်မိုင်း ၁၄ လုံးကိုဖမ်းဆီးရမိခဲ့သည်။

နေ့လညျ၂း၃၀ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဇီးချိုင်ကျေးရွာဘေး၊ ဆိုင်ကယ်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကိုဝင်ရောက်ရှာဖွေရာ ကုဋေဇော် ကိုလက်လုပ်သေနတ် ၁၅ လက်၊ လက်လုပ်စိန်ပြောင်း ၁၇ လက်၊ လက်လုပ်မိုင်း၂၁ လုံးအပါအဝင် ဆက်စပ်ပစ္စည်းများဖြင့်ဖမ်းမိခဲ့သည်။

ထိုသို့ရှာဖွေနေစဉ် ဆိုင်နောက်ဘက် သင်္ချိုင်းထဲမှ အကြမ်းဖက်အင်အား ၃၀ ခန့်ကလုံခြုံရေးအဖွဲ့ကိုပစ်ခတ်သဖြင့် ပြန်လည်ခုခံပစ်ခတ်ပြီးထိုနေရာကိုရှင်းလင်းရှာဖွေရာ လက်လုပ်တူမီးသေနတ် ၁၄ လက်၊ လက်လုပ်မိုင်း ၂၃ လုံးနှင့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

TRN10

The River News TRN



Related Posts:

  • အစ္စလာမ်မစ်အစွန်းရောက်တွေ..စတင်လှုပ်ရှားလာပြီ လှုပ်တာနဲ့ငြိလာမဲ့ဂွင်းဆက်တွေ..တနိုင်ငံလုံးက.အစ္စလာမ်တွေပါ..အချိန်တိုအတွင်း.ဖော်ထုတ်နေပါပြီအစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်တစ်ဦးရွှေဘိုမြို့တွင် ဖမ်းဆီးရမိ။ညလယ်ပိုင်းမှာရွှေဘိုမြို့ရဲ့စည်းကမ်းအရမ်းကောင်းတယ်လို့နာမည်ကြီးနေတဲ့ဗိ… Read More
  • ဘူမသိကိုးမသိနဲ့ ဒီဒေး D-Day ဆိုတဲ့စကားလုံးကို ယူမသုံးနဲ့နော် အကုန်မသာပေါ်ကုန်လိမ့်မယ် စစ်ဆင်ရေးချင်းအတူတူ ဘာလို့ အဲ့ဒီ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေက ကမ်းတက်တိုက်ပွဲကို ဒီဒေးအဖြစ် သတ်မှတ်တာလဲကမ်းတက်တိုက်ပွဲလေ မနိုင်လို့ ပြန်ပြီးလန်ကျရင် အနောက်မှာက ပင်လယ်ကြီးပဲရှိတယ် ဘုရင့်နောင်ဖောင်ဖျက် နိုင်အောင်တိုက်ပဲ မနိ… Read More
  • " ကဲ ! မုဆိုးမအတန်းတော့ လောင်ကြစမ်း "- အာဆီယံ ပါလီမန်  အထူးအစည်းအဝေး ညီလာခံတွင်  ကလေကချေ ဇော်ဝေစိုးတို့ အဖွဲ့ကို  တတ်ရောက်ခွင့် မပြုကြောင်း  တရားဝင်တုန့်ပြန်သွားခဲ့ကြောင်းနှင့်  အိမ်စောင့်အစိုးရအဖွဲ့၏ ကိုယ်စာလှယ်များကိုသာ  တက်ရောက်ခွင့်ပြုလိုက်ကြောင်း သိရှိရ😍  … Read More
  • လပွတ္တာမြို့ ❀ ❀ ❀ ❀ ❦  မြန်မာပြည် မြေပုံထဲ မှာ    သက်တမ်း တစ်ရာကျော် ရှိပြီး လူတိုင်းမသိတာ    ကျွန်တော်တို့ လပွတ္တာမြို့ တဲ့ 😔😔😔❦ လပွတ္တာ သား ပါလို့ မိတ်ဆက်ရင်   နာဂစ်ဒေသကလား? လို့ အမေးခံရတယ်   ဟုတ်ပါတယ် ကျွန်တော်တို့ ဒေသကို   ရာသီဥတု က ဒုက္ခ… Read More
  • စကြိတ်ပြီ နိုင်ငံ ၉ နိုင်ငံပါဝင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ PDF အဖွဲ့အားအကြမ်းဖက်အဖြစ် လက်မှတ်ရေးထိုး သဘောတူပြီးဖြစ်ပါသဖြင့် အာစီယံ အကြမ်းဖက်ဥပဒေနဲ့ပါ ထပ်မံငြိစွန်းခဲ့ပြီး ၎င်းအကြမ်းဖက်များအား ရှာဖွေဖမ်းဆီးရန် ဝရမ်းအမိန့်ကို မြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချူပ်လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ပါပြီ။ ယခ… Read More