Tuesday, October 12, 2021

ကြံခင်းမှာ လက်နက်တွေမိတဲ့ကိစ္စ နစကရဲ့ဖြေရှင်းချက်


နေပြည်တော်၊ အောက်တိုဘာ ၁၁-၂၀၂၁
KT(VOM)

-ကြံခင်းမြို့မှာ အခုရက်ပိုင်းအတွင်း လက်နက်တွေဖမ်းဆီးရမိတဲ့ကိစ္စနဲ့ပတ်သက်ပြီး နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်းကို အခုလို ပြောထားပါတယ်။

"အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကြံခင်းမြို့ထဲမှာ KNU တပ်မ ၆ နယ်မြေမှ သင်တန်းဆင်းလာတဲ့ PDF တစ်ယောက်ရောက်နေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းရလို့ သွားရောက်ဖမ်းဆီးတဲ့အခါမှာ PDF တစ်ယောက်ကိုမိပါတယ်၊ .စစ်ဆေးတဲ့အခါမှာ(သူကတော့ ကြံခင်းမြို့မှာနေသူမဟုတ်ပါဘူး..လှိုင်သာယာကလို့သိရပါတယ်)သူကိုစစ်ဆေးတဲ့အခါမှာ ကြံခင်းအနီးဝန်းကျင်က ရွာတစ်ရွာအနီးမှာ လက်နက်ခဲယမ်းတွေဖွက်ထားတယ်ဆိုတဲ့သတင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်၊နောက်ဆက်တွဲ ဆက်လက်စုံစမ်းပါတယ်၊ အဲဒီမှာလက်နက်တွေဖြစ်တဲ့ MK 12 မောင်းပြန်ရိုင်ဖယ် ၁၁ လက်၊ M 22 မောင်းပြန်ရိုင်ဖယ် ၈  လက်၊M 16 မောင်းပြန်ရိုင်ဖယ် ၃၀ လက်၊ကျည်အိမ် ၄၀ ကျော်၊ကျည်မျိုးစုံ ၂၀၀၀ ကျော်နဲ့ရှေ့ထွက်မိုင်း ၂ လုံး၊နင်းမိုင်းတွေ၊စနစ်တံတွေ၊ချိန်ကိုက်နာရီတွေသိမ်းဆည်းရမိတယ်လို့"ပြောပါတယ်။

နောက်ပြီး "သူကိုပဏာမစစ်ကြောချက်အရ ဒီလက်နက်တွေကို KNU တပ်မဟာ ၆ နယ်မြေဘက်ကသယ်လာကြောင်းသိရပါတယ်၊ ကျွန်တော်ဆိုလိုတာက လက်နက်တွေကို KNU တပ်မဟာ ၆ ကပေးလိုက်တယ်လို့ဆိုလိုတာမဟုတ်ဘူးနော်..KNU တပ်မဟာ ၆ နယ်မြေထဲမှာ တချို့ PDf တွေရောက်နေတာရှိတယ်ဆိုတဲ့သတင်းတွေရတယ်၊ထို့အတူ KNU တပ်မဟာ ၇ နယ်မြေထဲမှာလည်း PDF တွေရောက်နေကြောင်းသတင်းတွေရပါတယ်၊မန္တလေးမှာအရင်မိခဲ့တဲ့ မောင်းပြန်ရိုင်ဖယ်တွေ တာဝေးပစ်စိန်ပြောင်းဗုံးသီးတွေရလိုက်တာရှိပါတယ်၊ပြည်သူတွေကိုပြောချင်တာက အကြမ်းဖက်အဖွဲ့လို့ကြေညာထားတဲ့ NUG၊PDF အဖွဲ့တွေဟာလက်နက်ရရှိရေးအသဲအသန်ကြိုးစားနေတယ်၊နယ်စပ်ဒေသတွေကိုဖြတ်ကျော်ပြီးပို့နေတာတွေရှိပါတယ်၊ဒီလက်နက်တွေဟာပြည်သူလူထုရဲ့တည်ငြိမ်အေးချမ်းရေးကိုမငြိမ်မသက်ဖြစ်စေမယ့်အဖြစ်အပျက်တွေဖြစ်စေနိုင်ပါတယ်၊ဒါကြောင့်ပြည်သူလူထုအနေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းဆောင်ရွက်ပေးဖို့  မသက်ာဘွယ်ရာတွေရင်လျှို့ဝှက်သတင်းပေးကြဖို့ပြောလိုပါကြောင်း'ဗိုလ်ချူပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒါ့အပြင် "MK 12 ဆိုတာ တူရဂီနိုင်ငံလုပ်သေနတ်တွေပေါ့နော်..ဘယ်လိုပုံစံနဲ့ရယူခဲ့လည်းဆိုတာတော့ တိတိကျကျပြောဖို့တော့ခက်ပါတယ်၊လက်နက်တွေလာတဲ့လမ်းကြောင်းကတော့ တပ်မဟာ ၆ ဘက်ကလာတယ်၊နယ်စပ်ဖြတ်ကျော်လာတယ်၊တရားမဝင်ပြောရရင်တော့ တူရဂီလုပ်လက်နက်ဆိုတာသည် ပြည်ပကိုထုတ်ရောင်းတာမရှိပါဘူး၊လက်နက်မှောင်ခိုစျေးကွက်ကထောက်ပံ့ပေးလိုက်တဲ့သဘောလို့ယူဆပါတယ်၊ OIC ကဝင်ရောက်ပတ်သက်နေပြီဆိုတာတော့ ထင်မြင်ယူဆမိပါတယ်၊ နောက်ပိုင်းမိတဲ့လက်နက်တွေထဲမှာ တူရဂီလုပ်လက်နက်ဖမ်းဆီးရမိမှုတွေများလာတယ်၊ယခင်ကတူရဂီနိုင်ငံထုတ်လက်နက်တွေ အရှေ့တောင်အာရှမှာမတွေ့ဖူးဘူး၊နောက်ဆုံးဥပမာပြောရရင် ARSA တွေဆီမှာတောင်မတွေ့ရပါဘူး၊ အခုနောက်ပိုင်းမှာတွေ့လာရတာဆိုတော့ OIC ကမှတဆင့် ထောက်ပံ့နေပြီလားဆိုတာမျိုးဖြစ်နေပါပြီ..ဒီလက်နက်တွေသိမ်းဆည်းရမိမှုနဲ့ပတ်သက်ပြီး ဂွင်းဆက်တွေလိုက်နေပါတယ်၊ လောလောဆယ် တရားခံတစ်ယောက်ပဲမိပါသေးတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

 #VOM


Related Posts:

  • ရက်စက်လှသည် NLDNLD လွှတ်တော်အမတ်ဟောင်းများ ဦးဆောင်ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အစရှိတဲ့ အမည်မျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေက တပ်မတော်အာဏာထိန်းပြီးချိန်ကစပြီး ယနေ့အချိန်အထိ ဆူပူအကြမ်းဖက်မှုတွေကို တစ်နေ့တစ်မျိုး မရိုးရလေအောင… Read More
  • သီတဂူဆရာတော် ဘုရားကြီး၏ ဩဝါဒအရ ကလေးမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည်နေပြည်တော်၊ဇူလိုင်-၁၂(PeopleMedia)အောက်ဆီဂျင် လိုအပ်ချက် မြင့်တက်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်၌ ကမ္ဘာသာသနာပြု သီတဂူဆရာတော် ဘုရားကြီး၏ ဩဝါဒအရ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ဖြစ်မြောက်ရေး ကော်မတီကို ဇူလိုင်လ (၁၁)ရက်… Read More
  • ဘယ်ရောက်ကုန်တာလဲ...?နီပေါတွေက ကြိုတင်ကြံစည်ပြီး ယုတ်မာကြတာပေါ်လာပြီပဲ အဲ့ဒီနေရာရဲ့ meeting room ကို store အဖြစ်ပြောင်းလဲထားတယ်လို့ မန့်မှာတွေ့ရ ဒီလိုတော့ တွေ့တယ်။ဒါတွေဘယ်ရောက်ကုန်တာလဲ.???(ခရက်ဒစ် မူရင်း။)ရွေးကောက်ပွဲပြီးတော့ ကိုဗစ်ရောဂါလည်း အထို… Read More
  • ((((ဒီမိုကေရစီ))))စစ်ကျွန်ပညာရေးအလိုမရှိဆိုပြီးစာသင်ကျောင်းတွေ မီးရှို့နေတာ ဒီမိုကရေစီမဟုတ်ဘူး........။ကိုယ့်နဲ့ ရပ်တည်ချက်ချင်းမတူတာနဲ့ဒလန်ဆိုပြီးလိုက်သတ်နေတာဒီမိုကရေစီ မဆန်ဘူး....။စစ်ခေါင်းဆောင်ကိုမုန်းတာနဲ့ဘာသာရေးခေါင်းဆောင်ကိုပါစော်ကားနေတာ… Read More
  • 🟣 " ကံ " (သို့) သိရန်ခက်သောအရာဆန်းကြယ်သောသိရန်ခက်သော အရာများထဲမှာ"ကံ" တရားဟာတဦးချင်းနဲ့သက်ဆိုင်ပြီးအနားမှာ ရှိနေတဲ့အရာပါ၊...........မက်ဂရေဂါနဲ့ ပိုရီရေးထိုးကြတယ်မက် ရဲ့ထိုးပေါက်ပိုကြိုက်တယ်ဒါပေမဲ့ သူ့အပြုအမူကိုမကြိုက်ဘူးနိုင်ခြေ သူကပိုများတယ်ပထမအချီမှာပဲဘ… Read More