2004 ခုနှစ်၏ နိုင်ငံတော်အဆင့် မိတ်ဆုံစားပွဲတခုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ တဝိုင်းထဲထိုင်၍ အတူစားသောက်နေသော ဝန်ကြီး ၂ ပါးကတော့ကျောက်ဆည်သား ငယ်သူချင်း ၂ ဦးဖြစ်သူ
ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်း နဲ့ တံတားဦးမြို့နယ် ဥမင်ရွာသား သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့ ဖြစ်ပါတယ် ။
ဒီပွဲရဲ့ မင်းသားကြီး ဖြစ်သူ
သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းသည်ကား ခေသူမဟုတ်ပါ ။DSA 1 st batch ရဲ့ best cadet ပင် ဖြစ်ပါတော့တယ် ။ထွေရာလေးပါးပြောနေရင်းတပ်ချုပ်ကြီး ဦးသန်းရွှေက
"ကိုသောင်းရေ
အနုမြူလက်နက်မရှိတဲ့ ဒို့နိုင်ငံကို အနုမြူရှိတဲ့ ကောင်တွေက ဗိုလ်ကျတယ်ကွ ။
ဒါကြောင့် ထန်းသီးလောက်ပဲဖြစ်ဖြစ်ရှိတဲ့ အနုမြူတလုံး လုပ်စမ်းကွာ"
ဆိုပြီး ရုတ်တရက်ပြောလိုက်ပါတယ် ။ရုတ်တရက် ဒီလို ကောက်ခါငင်ခါ ပြောလိုက်တော့ ဦးသောင်းလည်း
သောက်စားနေတဲ့ ဝိုင်းဖြစ်နေရကား ဗိုလ်ချုပ်မှူးကြီး အသောက်များပြီးပြောသလား ဆိုကာ ပုလင်းကိုကြည့်မိတော့လည်း အရာသိပ်မယွင်းသေးကြောင်း တွေ့ရပါတယ် ။ ( ဦးသန်းရွှေဟာ အရက်လုံးဝ မသောက်ဖူးလို့လည်း ကြားဖူးပါတယ် )
ငယ် သူငယ်ချင်းတွေ ဆုံမိတဲ့ ဝိုင်းမှာ ရီစရာ ပြောတာလား ဘာလားခွဲခြားမရတဲ့ ဦးသောင်း အဖို့ ဒီစကားဟာ တကယ့်ကို ဦးသန်းရွှေရင်ထဲက လာတဲ့ စကားဆိုတာ မကြာခင်မှာပဲ သိလိုက်ရပါတော့တယ် ။
အဲဒီ စကားဝိုင်းပြောခဲ့တဲ့ စားပွဲအပြီးမှာမကြာလှပါဘူး
ပခုက္ကူခရိုင် မြိုင်မြို့နယ်ထဲကနှမ်းစားကျင်း ဆိုတဲ့ အရပ်ဒေသကတောင်ကြိုတောင်ကြားတွေထဲယာမြေတွေကို လူစိမ်းတွေ ဝင်ထွက်လေ့လာနေပါပြီ ။
ထို့နောက် မြေစာရင်းတွေရုံးမှာ အလုပ်ရှုပ်များနေတာ တွေ့ရပြီးရက်ပိုင်း အတွင်းမှာပဲအဆိုပါ တောင်ကြိုကြားက စိုက်ပျိုးနေတဲ့ယာမြေတွေကို မြေသိမ်းမိန့် ထုတ်ပြန်ပြီး
တရားဝင် သိမ်းပစ်ပါတယ် ။
...မူလစိုက်ပျိုးနေတဲ့တောင်သူတွေကို ထွက်ခွါသွားစေခဲ့ပါတယ် ။
( လယ်ယာမြေ လျှော်ကြေးပေး မပေး မူလပို့စ် မှာ ရေးမထားပါ)
အဲဒီလို ဒေသခံတွေ
ထွက်ခွာသွားပြီးတဲ့ နောက်မှာတော့ အင်မတန်တောခေါင်လှတဲ့ နှမ်းစားကျင်းတောင်ကြားလေး ဆီသို့
ခေတ်မှီယန္တရားကြီးတွေ အစီးပေါင်းများစွာ ဟာ ရုတ်ချည်း အုပ်စုလိုက်ရောက်လာကြပါတယ် ။
များပြား ကြီးမားလှတဲ့ ယန္တရား တွေဟာလမ်းတွေဖောက်တဲ့ သူကဖောက်
လျှပ်စစ်သွယ်တန်းမှုတွေ လုပ်သူကလုပ်အဆောက်အဦးတွေတည်ဆောက်သူကတည်ဆောက်ကြနဲ့
ပန်းပျားခပ်အောင် များပြားလှတဲ့ယန္တရားအင်အား လုပ်သားအင်အားတွေ နဲ့
လုပ်ကိုင်နေကြတာကို တွေ့ကြရပါတယ် ။
အဲဒီလောက် အင်အားကြီးနဲ့ကြိုးစားလုပ်နေတဲ့ အဆောက်အဦးတွေဟာ၂ နှစ်အကြာမှ ရုပ်လုံးပေါ်လာပါတယ် ။ ဒါကြောင့် စက်ရုံရဲ့ အရွယ်အစား နဲ့အရေအတွက် ပမာဏကို ခန့်မှန်းကြည့်လို့ ရနိုင်ပါပြီ ။
ယန္တရားကြီးတွေ ပြန်လည်ဆုတ်ခွာသွားကြပေပြီ ။ အလုပ်သမားတွေလည်း ပြန်ကြလေပြီ ။ အဲဒီ တောင်ကြိုကြားနေရာမှာတော့ အမျိုးအမည်မသိရတဲ့ မည်သူမျှဝင်ခွင့်မရှိသောတားမြစ်နယ်မြေ တခုနဲ့ စက်ရုံသစ်ကြီး ထီးထီးမားမား ကြီးကြီးထွားထွား ပေါ်ထွက်ခဲ့ရချေပါပြီ ။
သိုသိပ်ပိရိစွာတည်ဆောက်ထားတဲ့
စက်ရုံကြီး အကြောင်းကို
2009 မှာ တစွန်းတစ သိခွင့်ရလိုက်တဲ့ ကမ္ဘာ့သတင်းလောက လှုပ်ခတ်သွားတဲ့
သတင်းတပုဒ်အဖြစ် ထွက်ပေါ်လာခဲ့ရပါတယ် ။
သတင်းဇစ်မြစ်ကတော့
2009 ခုနှစ်မှာ အမေရိကန် နိုင်ငံကို ခိုလှုံသွားတဲ့
တပ်မတော်အင်ဂျင်နီယာ ဗိုလ်မှူးစိုင်းသိန်းဝင်း ဆိုတဲ့
ပြည်တွင်းသစ္စာဖောက်ဆီက
သတင်း နဲ့ ဓာတ်ပုံတွေကြောင့်ပါပဲ ။စက်ရုံအတွင်းပိုင်းမှာ ကိုရီးယားစာတွေ နဲ့ခေတ်မှီစက်ကရိယာ အစိတ်အပိုင်းတွေတွေ့မြင်ရပြီး ကမ္ဘာ့သတင်း ဖြစ်သွားရတာပါပဲ ။
ကျနော်တို့ အတိတ်ကို ပြန်သွားကြည့်ရပါအုံးမယ် ။ 2004 ခုနှစ်မှာ ဦးသန်းရွှေဟာဦးခင်ညွှန့်ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ကြီးကို ဖျက်သိမ်းလိုက်ပါတယ် ။
ထို့နောက် တပ်မတော်ထဲမှာရော အစိုးရအဖွဲ့ထဲမှာပါ မိမိအား လုံးဝပြန်မလှန်ရဲသည့်
သစ္စာခံများကို ရာထူးများ တိုးပေးပြီး အကြွင်းမဲ့ အာဏာရှင်စနစ် ပုံသွင်းပါတော့တယ် ။
ဦးသန်းရွှေဟာ မဟာမိတ်နိုင်ငံအဖြစ်အမာခံအနေနဲ့ တရုတ်ကိုသာ အားပြုပေါင်းသင်းနေရတဲ့အခြေအနေကို
သေဘာမက်ပါဘူး ။ ကြာလေ တရုတ်တွေရဲ့နိုင်ထက်စီးနင်း အခြေအနေကပိုဆိုးလာလေ ဖြစ်မယ်ဆိုတာကိုတွက်ဆနိုင်ခဲ့ပါတယ် ။
အဲဒါကြောင့် မိတ်ဖက်အသစ်ရှာပြီး တရုတ်တနိုင်ငံတည်းအား အားပြုနေရတဲ့
အနေအထားကို ပြောင်းလဲပြီး တရုတ်ရဲ့ အခန်းကဏ္ဍ ကို လျှော့ချနိုင်ဖို့ ကြိုးစားလာပါတယ် ။အနောက်အုပ်စုရဲ့ ဖိအားနဲ့ ပြစ်တင်မှုတွေ
လျော့ချနိုင်စေရန် တရုတ်နဲ့ ခပ်ခွါခွါ ဆက်ဆံနိုင်ဖို့
မဟာဗျူဟာ ချမှတ်ပြီး
မဟာမိတ်အသစ် ရှာဖွေနေပါပြီ ။
အဲဒီမှာ အသင့်တော်ဆုံးလို့ ယူဆရတဲ့မြောက်ကိုရီးယားကို ရွေးချယ်လိုက်ပါတယ် ။မြောက်ကိုရီးယားဟာ
အာဏာရှင်စနစ်ကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပါတယ်လက်နက်နည်းပညာ ထွန်းကာတိုးတက်သလောက် စားနပ်ရိက္ခာရှားပါးလွန်းတဲ့ တိုင်းပြည်ပါပဲ ။
သူတို့က စားနပ်ရိက္ခာလိုအပ်တယ်။မြန်မာတို့ကလည်း ဘက်စုံသုံးတိုက်ခိုက်ရေး စစ်လက်နက်တွေ လိုအပ်နေတယ် ။ ဒါကြောင့် သူလိုတာ ကိုယ်ပေး
ကိုယ်လိုတာ သူပေးဆိုတဲ့ စနစ်နဲ့ နှစ်နိုင်ငံလုံး အဆင်ပြေမယ့် Win - Win ပေါ်လစီစတင်ပါတော့မယ် ။
ဒီနေရာမှာ မြောက်ကိုရီးယားရဲ့ အာဏာရှင်စနစ် တည်တံ့ရေးအတွက်
လုပ်ဆောင်ချက်တွေကို ကြည့်ပါ ။ 1948 မှာလွတ်လပ်ရေး ရခဲ့တဲ့
မြောက်ကိုးရီးယားဟာ
မာ့က်စ် လီနင် ဝါဒကို ကျင့်သုံးပါတယ်။
ကင်အီဆွန်းဟာ ပါတီဥက္ကဌ ၊နိုင်ငံတော်အကြီးအကဲကာကွယ်ရေးကော်မရှင် အဓိပတိ စတဲ့
ရာထူးတွေ နဲ့ အာဏာကိုရာသက်ပန်ရယူဖို့
ခြေ / ဥ ရေးဆွဲထားပါတယ် ။ အဲဒီခြေ / ဥ ကတော့ ဂျူချီ ( Juche) လို့ခေါ်ပါတယ် ။
အခန်း ၇ ခန်းပါဝင်ပြီး
ပုဒ်မ ၆၉ ခု ပါတဲ့ ဒီခြေ / ဥ ကို 1992 မှ 2019 ထိ ၈ ကြိမ် ပြင်ဆင်ထားပါတယ် ။ ဒီခြေ / ဥ ကြောင့်ပဲ
ကင်အီဆွန်းရဲ့ မျိုးဆက်တွေပဲတဦးတည်းသော အာဏာရှင်အဖြစ် ယနေ့တိုင် ချုပ်ကိုင်ထားနိုင်တာ ဖြစ်ပါတယ် ။
နောက် ကိုရီးယား ၂ နိုင်ငံနဲ့ ဂျပန်တို့ဟာ နိုင်ငံရေး တည်ငြိမ်တာ တွေ့ရပါမယ် ။
လေ့လာသူများရဲ့ အဆိုအရ နိုင်ငံရေးတည်ငြိမ်တာ ဘာသာရေး ပဋိပက္ခ မရှိလို့ဆိုပြီး ပြောပါတယ် ။
သူတို့ရဲ့ ဘာသာရေးကိုးကွယ်မှုက ဘာသာမဲ့ 60 % နဲ့ Koream shamanism 16 %: ရှိပြီးကျန်ဘာသာဝင်ဘအနည်းငယ် နဲ့မွှတ် မရှိသလောက် နည်းပါသတဲ့ ။
အဲဒါကြောင့် နိုင်ငံရေးတည်ငြိမ်သတဲ့ လေ့လာကြည့်ပါ ။
2004 ညစာ စားပွဲမှာ
ထန်းသီးလုံးလောက် အနုမြူစိတ်ကူးယဉ်ပြတာဟာ တိုင်းပြည်အတွက် ပါသလို
သူ့အတွက် ပုဂ္ဂိုလ်ရေး လိုအပ်ချက်လည်း
ပါတယ်လို့ ဆိုကြပါတယ် ။
အဲဒါကတော့ ဘာလဲ ဆိုတော့
ဦးသန်းရွှေရဲ့ အိပ်မပျော်ဖြစ်ခဲ့ရတဲ့ အတိတ်က လုပ်ရပ်အကြောင်း နဲ့ ဆက်နွယ်နေပါတယ် ။
ဦးသန်းရွှေ အတွက်
အတိတ်ရဲ့ အရိပ်မည်းက ဘာတွေလည်း ဆိုတော့ ....
(တဆက်တည်း ဖတ်ကြည့်လျှင် ပိုမိုပြည့်စုံပြီး ဒီအကောင့်မှာ မဖတ်ဖူးတဲ့ မိတ်ဆွေတွေ ရှိနေလို့ ပြန်တင်ပေးလိုက်ပါတယ် ။ ဖတ်ဖူးသူများ သည်းခံပေးပါ ခင်ဗျာ တပ်မတော်အပေါ် ချစ်ခင်နားလည်လာသူ တဦးတယောက် တိုးပွါးလာလျှင်လည်း အမြတ်ဟု သဘောထား၍ တင်ခွင့်ပြုပါ ဗျာ )
မျိုးဝင်း
သိမ်းထားသူတွေ ပျက်ကုန်လို့ ပြန်တင်ပါတယ် ။ မူရင်းဆရာ Myint Aung Kyaw အတွက် သီးသန့် ရေးထားတဲ့ ပို့စ် မရှိတော့လို့ ဖော်ပြနိုင်ခြင်း မပြုနိုင်တာ ခွင့်လွှတ်ပါဆရာ ။
Credit