Wednesday, October 13, 2021

ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (၂)


      1998 မေလ မှာ " ပင်လယ်ပြင် စိုးမိုးရေး " ဆိုတဲ့ စီမံချက် ပြုလုပ်ပြီး မြန်မာ့ပင်လယ်အတွင်းရှိ ကျွန်းများ အပေါ်မှာ 
တရားမဝင် လာရောက်နေထိုင်သူများအား 
ဖယ်ရှားဖို့ ဆောင်ရွက်ပါတယ် ။

      မြန်မာ့ရေပိုင်နက် ကော့သောင်းခရိုင် ခရစ်စတီးနားကျွန်းပေါ်မှာ သစ်ခိုးထုတ်နေတဲ့ မိသားစုများ လူပေါင်း ၈၁ ဦးကို 
ခြေလျှင်တပ် တခုက ဖမ်းဆီးမိပါတယ် 
 (မည်သည့်လူမျိုး ဆိုတာမသိအပ်ပါ) ။ 
အဲဒါကြောင့် မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို အမိန့်တောင်းခံရာတွင် ဗိုလ်ချုပ်မှူးကြီးက

"အစိတ်သားတောင် မချန်နဲ့ အကုန်ရှင်းပစ်"

        လို့ အမိန့်ပေးလိုက်ပါတော့တယ် ။ 
သူအမိန့်ပေးစဉ်က စစ်ဦးစီး (တ) ဗိုလ်ကြီးအောင်လင်းထွဋ် ရှိနေပါတယ် ။ ဗိုလ်ကြီးအောင်လင်းထွဋ်ဟာ ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို အလွန်လေးစားသူ ဖြစ်ပါတယ် ။ 

      ဗိုလ်ကြီးအောင်လင်းထွဋ်ဟာ 
ဝါရှင်တန်မှာ မြန်မာသံမှူးအဖြစ် ဗိုလ်မှူးရာထူးတိုးမြင့်ပြီး တာဝန်ထမ်းဆောင်နေစဉ်ကာလမှာပဲ 2004 မှာ ဦးခင်ညွှန့်တို့ကို ဖြုတ်ချပြီး ထောက်လှမ်းရေးတဖွဲ့လုံးအား ဖျက်သိမ်းခဲ့ခြင်းအပေါ် မကျေနပ်သူဖြစ်ပါတယ် ။ 

       သူဟာ သံရုံးတာဝန်နဲ့ ဆက်စပ်နေတဲ့ စာရင်းဇယားတွေကို စနစ်တကျ လွှဲပြောင်းပေးပြီးတာ နဲ့ သံရုံးကနေ နှုတ်ထွက်ပြီး 
25-5-2005 မှာ VOA နဲ့ တွေ့ဆုံကာ
 ဦးသန်းရွှေရဲ့  ခရစ်တီးနားကျွန်း ပြဿနာကို အစဆွဲထုတ်ပြီး သူကိုယ်တိုင် လိုက်ပြနိုင်ကြောင်း အငြိုးကြီးစွာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ 

     ဗိုလ်မှူးအောင်လင်းထွဋ်ဟာ ဘာကြောင့် 
ဒီကိစ္စကို ထောက်လှမ်းရေးတွေ ဖြုတ်ပြီးလျှင် ပြီးခြင်း 2004 ကတည်းက အစမဖော်ခဲ့ပဲ ယခု 2005 ကျမှ ဘာကြောင့် ပြောရသလဲ ? 

ဦးသန်းရွှေကရော ဘာကြောင့် အိပ်မပျော်ခဲ့ရသလဲ ဆိုတာကို ကမ္ဘာ့ အရေးအခင်းတွေ နဲ့ ချိန်ထိုးကြည့်မှ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါမယ် ။ 

      အမေရိကန်တွေဟာ အီရတ်နိုင်ငံမှာ 
ဖျက်အားပြင်း ဓာတုလက်နက် ( WMD )တွေ ရှိတယ် ဆိုပြီး ကြေညာပြီး စစ်တိုက်ဖို့ စီစဉ်ပါတယ် ။

    ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအများစုက 
ကန့်ကွက်ခဲ့ပေမယ့် အမေရိကန်ဟာ 
ကုသမဂ္ဂရဲ့ မျက်နှာကို ဖနောက်နဲ့ ပေါက်ပြပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို 
 19-3-2003 မှာ ဝင်တိုက်ပါတယ် ။ 

    စစ်ပွဲကို 59 ရက် တိုက်ခိုက်ပြီး လက်စသတ်နိုင်ခဲ့ပါတယ် ။ ပုန်းအောင်းနေရတဲ့ ဆဒမ်ဟူစိန်ကို 13-12-2003 မှာ ကတုတ်ကျင်းဟောင်း တခုထဲကနေ အထီးကျန်စွာ ဖမ်းဆီးရမိခဲ့ပါတယ် ။ 

       2004 ထိ ဆဒမ်ကို ဘဂ္ဂဒက်ရှိ 
အမေရိကန် စစ်စခန်းတခုမှာ ဖမ်းဆီးထားပြီး2005 မှာ အီရတ်ကြားဖြတ်အစိုးရထံ လွှဲပေးပြီး စွဲချက်တင် ခဲ့ပါတယ် ။

    မူလက စွတ်စွဲခဲ့တဲ့ ဖျက်အားပြင်းဓာတုလက်နက်တွေကို တခုမှ မတွေ့လို့ အရှက်ကွဲခဲ့ရတဲ့ အမေရိကန်တို့ဟာ 
ဆဒမ်အပေါ် စွဲချက်တင်နိုင်ဖို့ အကွက်ရှာရာမှာ1982 က ပြဿနာတခုကို တွေ့သွားပါတယ် ။ 

      အီရတ်မြောက်ပိုင်းက Dujail ရှိ  ရှီဟိုက်မွှတ်ဆလင်တွေကို အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခဲ့ရာ လူပေါင်း 145  ဦး သေဆုံးမှုမှာ ဆဒမ်သာ  တာဝန်ရှိတယ်ဆိုပြီး စွဲချက်တင်ခဲ့တာပါ ။ 

     အမေရိကန်တွေဟာ စွဲချက်တင်တရားစွဲခြင်း ဆုံးဖြတ်ခြင်းတွေကို ကိုယ်တိုင်မလုပ်ကြပါဘူး ။ 5-4-2005 မှာ ပြည်သူ့ဆန္ဒရဆိုပြီး ခန့်အပ်ထားခဲ့တဲ့ အီရတ်သမ္မတ Jalal Talabani က ဆုံးဖြတ်တာဆိုပြီး လုပ်ခဲ့ပါတယ် ။ 

    (29-12-2006 မှာ ဆဒမ်ဟူစိန်ကို သေဒဏ်ချမှတ်ခဲ့ကြပါတယ် ။ )

   အဲဒီ အမေရိကန်ရဲ့  အီရတ်ကျူးကျော်မှုကို ကြည့်ပါ ။ ကုလသမဂ္ဂ ရဲ့ တားမြစ်ချက်ကို ဂရုမစိုက်ပဲ အင်အားကြီးသူ ဘာလုပ်လုပ် အမှန်ဆိုတဲ့ သီအိုရီနဲ့ လုပ်ချင်ရာ လုပ်သွားတာကို မြင်တွေ့နိုင်ပါတယ် ။ 

      ဒီလိုမျိုး လူ 145 သေဆုံးမှုအတွက် 
ဆဒမ်ပေါ် စွဲချက်တင်ပြီး တရားရုံးပို့ခဲ့တာ 
5-4-2005 မှာ ဖြစ်ပြီး အဲဒါကို နမူနာကြည့်၍ ဗိုလ်မှူးအောင်လင်းထွဋ်က 25-5-2005 မှာ VOA ကနေ ဦးသန်းရွှေကို လူ 81 ဦး သေဆုံးမှုမှာ တာဝန်ရှိတယ် ဆိုပြီး စတင် ဒုက္ခပေးဖို့ ကြံစဉ်တာပါပဲ ။ 

      ဒီပြဿနာကြောင့် 2005 မှာ ဦးသန်းရွှေ အိပ်မရဖြစ်ခဲ့ရမှာပါပဲ ။
 
(VOA အင်တာဗျူးလာပြီးနောက်
 အဲဒီကျွန်းပေါ်က သက်သေတွေကို ဖျောက်ဖျက်ဖို့တော့ လုပ်ဆောင်လိမ့်မယ် ထင်ပါတယ်) ။ 

အဲဒီချိန်မှာ နိုင်ငံရေးလူရွှင်တော်များရဲ့ 
"စိန်တောင်မခံနိုင်တာ ရွှေဆို ပိုဆိုးမှာပေါ့ " ဆိုတဲ့ ခနိုးခနဲ့ လှောင်ပြောင်မှုတွေလည်း 
သူ့အတွက် စိတ်နှောက်အယှက် ဖြစ်စေမှာပဲ ဖြစ်ပါတယ် ။ 

       သံဝေဂ သင်ခန်းစာ ရယူဖို့ အချက်တွေရှိနေပါတယ် ။ 2004 မှာ ဦးသန်းရွှေဟာ ဦးခင်ညွှန့်တို့ရဲ့ ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းပြီးပြီ ၊ အရေးပါ အင်အားကြီးတဲ့ အဓိကလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ လည်း အပစ်ရပ်ထားနိုင်ပြီ ၊ ညောင်နှစ်ပင်ညီလာခံ နဲ့ တိုင်းရင်းသားတွေရော နိုင်ငံရေးသမားအုပ်စုတွေရော ထိမ်းထားနိုင်ပြီ ဖြစ်လို့ စိတ်အေးနေခဲ့ရတဲ့ ကာလ ဖြစ်မှာပါ ။ 

    ဒါပေမယ့်  အင်မတန်အားကိုးခဲ့ရတဲ့ ဦးခင်ညွှန့် ရဲ့ ထောက်လှမ်းရေး အဖွဲ့ကြီးကို
အ မြစ်ပြတ် ဖယ်ရှားလိုက်တဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ခရစ်စတီးကျွန်း ကိစ္စ အစပေါ်ခဲ့ခြင်း ဖြစ်ပါတယ် ။ 

( တိုင်းပြည်ရဲ့ လုံခြုံရေး ကဏ္ဍမှာ ကြီးစွာသော အရေးပါလှတဲ့ စွမ်းရည်မြင့် ထောက်လှမ်းရေးအဖွဲ့ကြီးအား 
အပြီးတိုင် ချေမှုံးလိုက်တဲ့ ဦးသန်းရွှေ ရဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံရဲ့ အခိုင်ခန့်ဆုံး လုံခြုံရေးစည်းရိုးကြီး ကျိုးပေါက်သွားခဲ့ရပြီး ယနေ့တိုင် ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးမှု မရှိတဲ့ ရိုက်ခတ်မှုတွေ  ခံစားနေရဆဲပါ)

       ဦးသန်းရွှေဟာ ယခုလို ဖြစ်ပေါ်ခဲ့တဲ့ 
 အမေရိကန်ရဲ့ ကျူးကျော်စစ်နဲ့ အခြေအနေကို အကဲခတ်ပြီး အနုမြူစီမံချက်ကို အကောင်အထည်ဖော်ဖို့ 
မဟာမိတ်အသစ် ရွေးချယ်ရှာဖွေခဲ့ပါတယ် ။ 

   ရန်သူ ရဲ့ ရန်သူဟာ မိတ်ဆွေဆိုတဲ့ သဘောတရားအရ အမေရိကန်ရဲ့ ရန်သူများထဲမှ မိမိအတွက် အသုံးတဲ့မယ့် မိတ်ဆွေကို ရှာဖွေရာမှာ မြောက်ကိုးရီးယားဟာ့အသင့်တော်ဆုံးလို့ ဦးသန်းရွှေ သတ်မှတ်ရွှေးချယ်ခဲ့ပါတယ် ။ 

  { ဒီနေရာမှာ ဦးသန်းရွှေဟာ ဆဒမ်ကို နမူယူပြီး သူ့ရဲ့ ပုဂ္ဂလိက လုံခြုံရေးအတွက် အနုမြူဗုံးလိုချင်နေခြင်းများလား ဆိုပြီး 
မူလ ပို့စ် မှာ တွေးပြထားပါတယ် ။ 
ကျနော်တွေးမိတာကတော့ အဲဒါ ပါရင်တောင် နောက်မှ ပါလာတာ ဖြစ်ပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဆဒမ်ကို ဖမ်းဆီးပြီး တရားစွဲခဲ့တာ 2005 လေးလပိုင်း ဖြစ်ပြီး ဦးသန်းရွှေအကောင်အထည် ဖော်ခဲ့တာ 2004 ဆိုတော့ သူကြိုတင်စိတ်ကူးနေခဲ့ရတာ ကြာလှပြီဖြစ်မှာ ဆိုတော့ကား လူပုဂ္ဂိုလ်လုံခြုံရေးထက်တိုင်းပြည်အတွက် ဦးစွာစဉ်းစားမိမှာလို့ တွေးမိပါတယ် ။ မူရင်းဆရာရဲ့ ကောက်ချက်အပေါ် ဝေဖန်လိုခြင်း မဟုတ်ပါဘူး အချိန်သမိုင်းအရ ဖြစ်နေခြေရှိတာကိုပြည့်စုံစွာ ချိန်ထိုးနိုင်ရန် တွက်ဆပြခြင်းသာ ဖြစ်ပါတယ် ။ }

      ဦးသန်းရွှေဟာ မြောက်ကိုးရီးယား နဲ့ ဆက်သွယ်ဖို့ လမ်းကြောင်းရှာရပါပြီ ။ အဲဒီအချိနိက မြောက်ကိုရီးယား နဲ့ မြန်မာဟာ
 သံဆက်အသွယ် ဖြတ်ထားဆဲ ကာလ ဖြစ်ပါတယ် ။ မြောက်ကိုရီးယားကို စီးပွါးရေး ပိတ်ဆို့ထားတာ တချက် မြန်မာကိုယ်တိုင်ကလည်း စီးပွါးရေးပိတ်ဆို့ခံထားရတာ တချက်တို့ကို ကျော်လွှားပြီး ထူထူပိန်းပိန်း အညာသားပုံစံနဲ့ ဦးသန်းရွှေ ဘယ်လိုထိုးဖောက်မလဲ ဆိုတော့ ,,,,,,,,,,,,?

         မျိုးဝင်း