Sunday, October 10, 2021

ပြင်ဆင်သင့်သော မူဝါဒအချို့


           ကျနော်တို့တိုင်းပြည်မှာ အစိုးအတွက် နဲ့ ပြည်သူအတွက် အကျိုးရှိမယ့် ကိစ္စတွေရဲ့ ကြီးမားတဲ့ အဟန့်အတား အကြောင်း ဆွေးနွေးချင်ပါတယ် ။

             လူသူအသိနည်းနဲ့  စစ်ကျန် ပစ္စည်း ရှာဖွေရေးနဲ့ ရေအောက် မြေအောက် တန်ဖိုးကြီး ပစ္စည်းများ ရှာဖွေရေးလုပ်ငန်းများ အပေါ် အစိုးရ ဌာနဆိုင်ရာ အသီးသီးရဲ့ လုပ်ပိုင်ခွင့် တလွဲသုံးပြီး အာဏာအလွဲသုံးစား လုပ်ပြကာ တားမြစ်ပိတ်ပင်မှုများ အကြောင်း တင်ပြချင်ပါတယ် ။ 

        မြန်မာ့ရေ မြေ မှာ တန်ဖိုးကြီး ပစ္စည်းများဟာ အများအပြား ထွက်ရှိကြပါတယ် ။ ထို့အတူ ယင်းသဘာဝ ပစ္စည်းများမှ အချောထည် ပြုလုပ်ပြီး ရတနာများလည်း လွန်မင်းစွာ ပေါများကြွယ်ဝလှပါတယ် ။ 

           နှစ်ပေါင်း ထောင်ချီခဲ့တဲ့ သမိုင်းနဲ့အတူ တန်ဖိုးကြီး ရတနာများသည် နည်းအမျိုးမျိုး နဲ့ ဒေသ အသီးသီးမှာ သိုဝှက်ထားခဲ့ကြတာ အများအပြား တည်ရှိနေဆဲ ဖြစ်ပါတယ် ။ 

       ရတနာသိုက် မုဆိုး အများအပြားဟာ နေရာအနှံ့ အမဲလိုက် ခြေရာခံပြီး အချိန်ကုန် ငွေကုန်ခံကာ သဲလွန်စ ရှာဖွေကြပါတယ် ။ 

        လက်စလက်န တွေ့ပြီ ဆိုတာနဲ့ တူးဖော်ခွင့် အတွက် လုပ်ပိုင်ခွင့် လျှောက်ထားရန် စစ်ကြွင်းစစ်ကျန် ပစ္စည်းများ ရှာဖွေရေး ခေါင်းစဥ်နဲ့ ကုမ္ပဏီထောင်ရပါတယ် ။ ပြီးရင် နိုင်ငံတော်ထံသို့ တူး​​ဖော်ခွင့် တင်ကြရပါတယ် ။

         မူလ ဥပဒေအရ တူးဖော်ရရှိတဲ့ ပစ္စည်းတန်ကြေး (နိုင်ငံတော်မှ သတ်မှတ်စျေး) 40 % ကို အစိုးရမှ အခွန်အဖြစ် သိမ်းဆည်းပြီး ကျန် 60 % အား ကုမ္ပဏီမှ ခံစားခွင့်ပေးဝေထားပါတယ် ။ 

         ရှေးဟောင်း ပစ္စည်းအတွက် နိုင်ငံတော်မှ မူလ ရတနာတန်ဖိုး(ကာလပေါက်စျေး)အပြင် လက်ရာ အဆင့်အတန်းအရ တန်ကြေးပိုပေးဖို့ ပြဌာန်းပြီး ဖြစ်ပါတယ် ။      

         အဒါကို ရတနာမုဆိုးတွေ သဘောကျ လက်ခံကြပါတယ် ။ ဒီတော့ ငွေကြေးအများအပြား သုံးစွဲပြီး အချိန်ကုန်ခံ လူအပင်ပန်းခံပြီး ခက်ခဲကြမ်းတမ်းတဲ့ တော တောင်အနှံ့ ရှာဖွေရေးလုပ်ငန်း စတင်ခဲ့ကြပါတယ် ။ 

        အတိအကျနီးပါး သိရှိပြီဆိုတော့မှ နိုင်ငံတော်ထံ တရားဝင် တင်ပြ တောင်းဆိုကြပါတယ် ။ 

        ဒီနေရာမှာ ပြဿနာပေါင်းစုံ စလာပါပြီ ။ ဒေသ အာဏာပိုင်က တမျိုး ရှေးဟောင်းသုတေသနက တဖုံ ၊ သတ္တုတွင်းဝန်ကြီးဌာနက တမှောင့် နဲ့ အဆိုးဆုံးက နေရာတကာ သစ်ပင်မရှိပဲ ကြိုးဝိုင်းသတ်မှတ်ထားတဲ့ သစ်တောဝန်ကြီး ဌာနတို့ရဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ခွင့်ပြုမိန့်ကို ညစ်ပြီး ထစ်ထားကြတဲ့ ပြဿနာပဲ ဖြစ်ပါတယ် ။ 

        အမှန်တကယ်က သူတို့ဟာ မြေအောက်က မမြင်ရသေးတဲ့ ရတနာတူးဖော်ဖို့ အတွက် သူတို့ကိုယ်ကျိုး လာဘ်လာဘ အရင်ယူချင်လို့ ညစ်ထားကြတာပါ ။ 

       ရတနာမုဆိုးတွေ ခမျှာလည်း ကုန်ကျခဲ့ရတဲ့ ရှာဖွေရေးစရိတ်များ နဲ့  မနည်းမနောထပ်ကုန်ရအုံးမယ့် တူးဖော်ရေး စရိတ်တွေအတွက် ပါတနာခေါ်ပြီး စုစပ် လုပ်နေရတဲ့ အနေအထားပါ ။ 

      ရမှန်းမသိ မရမှန်း မသိ သူတပါး အပြော ၊ ရာဇဝင်သမိုင်းအထောက်အထားလေးတွေနဲ့ စွန်းစားထားကြရတဲ့ ရတနာမုဆိုးတွေက နောက်ထပ် လာဘ်ထိုးနိုင်ဖို့ အတော်စဥ်းစားကြရပါတယ် ။

         နိုင်ငံတော်ရဲ့ လုံ့လဝိရိယ မစိုက်ထုတ်ရပဲ 40 % ရမယ့် ကိစ္စကို ကိုယ်ကျိုးစီးပွားအတွက် ပိတ်ပင်နေတဲ့ ဝန်ကြီးဌာနတွေရဲ့ လာဘ်မျှော် မူဝါဒကို အိမ်စောင့်အစိုးရ သိရှိစေရန် တင်ပြလိုက်ခြင်း ဖြစ်ပါတယ် ။ 

         ယခုလို ရတနာမုဆိုးတို့ လုပ်ကိုင်ခြင်းဖြင့် သစ်တောမြေ တဧက ပျက်ဆီးဖို့တောင် ခက်ခဲပါတယ် ။ နောက်ပြီး တူးဖော်စဥ်မှာ အစိုးရ အရာရှိများ ကြီးကြပ်မှာ ဖြစ်လို့ ခိုးဝှက်လို့လည်း မရနိုင်ပါဘူး ။ 

           အချို့သော ပစ္စည်းများဟာ ပမာဏများပြားတယ်လို့ သိထားပါတယ် ။ တိုင်းပြည်အတွက်လည်း အကျိုးရှိ ၊ ပြည်သူအတွက်လည်း အကျိုးရှိတဲ့ လုပ်ငန်းဖြစ်ပါတယ် ။ 

          တခုတော့ ရှိပါတယ် ဒီလုပ်ငန်းကို မြန်မာတိုင်းရင်းသား စစ်စစ် နိုင်ငံသားကဒ် ကိုင်ဆောင်ထားသူများကိုသာ ချပေးဖို့ လိုအပ်ပါလိမ့်မယ် ။ အမည်ခံ လုပ်ကိုင်ခဲ့လျှင် အားလုံး နိုင်ငံပိုင် သိမ်းပိုက်ဖို့ အထူးလိုအပ်ပါတယ် ။ 

      ဘာသာခြား လူမျိုးခြားအချို့လည်း ဒါတွေကို ကျိုးစားနေပါတယ် ။ ဒီလောကသားထဲက ဝါရင့် သဘာရင့် တိုင်းရင်းသားအစစ်များနဲ့ ပူးပေါင်း စီစစ်ရင် လိမ်မရနိုင်ပါဘူး ။ 

       စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲနေသော အနေအထား ၊ အခွန်အခအတွက် အခက်အခဲဖြစ်နေသော ကာလမှာ အခြေအနေပေးလာရင် ဒီလုပ်ငန်းကနေ ကြီးမားတဲ့ ဝင်ငွေ ရရှိနိုင်ပါတယ် ။ 

        ယခုအချိန်ထိ လျှောက်ထားဆဲ လုပ်ငန်းများဟာ သစ်တောဝန်ကြီး ဌာနရဲ့ ညစ်ပတ်မှုအောက်မှာ ဆိုင်းငံ့ထားခြင်း ခံထားကြရတာ မနည်းတော့ပါဘူး ။ အခြားဌာနများမှာလည်း ခွေ ထားတာ ရှိနိုင်ပါတယ် ။ 

       အိမ်စောင့်အစိုးရ အနေနဲ့ လျှောက်လွှာများအား ပြန်လည်စီစစ်ခြင်း သို့မဟုတ် အသစ်လျှောက်ထားခြင်းအား ဌာနဆိုင်ရာများမှ တဆင့် တင်ပြခြင်းမဟုတ်ပဲ တိုက်ရိုက်လက်ခံ ဆုံးဖြတ်ချက်ချပေးပါက အကျိုးရလာဒ် မြန်စွာ ဖြစ်လာနိုင်ပါမယ် ။ 

......ဥပဒေအကြောင်းပြပြီး ညစ်ပတ်နေကြလို့ အချို့က ခိုးတူးကြပါတယ် ။ ရသူတွေလည်း ရတယ်လို့ ဘယ်ပြောမလဲ ကြိတ်ပြီး စားနေကြမှာပါပဲ ။ ဒီတော့ ဥပဒေနဲ့အညီ ဖြူစင်စွာ လုပ်ကိုင်လိုသူများပါ စိတ်ထားပြောင်းလာနိုင်ပါတယ် ။ 

... အဲလို အဖြစ်တွေ ထပ်မဖြစ်ရလေအောင် ဥပဒေနဲ့ အညီတူးဖော်ချင်သူများအား ကူညီပေးနိုင်ပါရန် နှင့် ပွင့်လင်းရာသီ အမှီ ဆောင်ရွက်နိုင်ပါရန် တင်ပြလိုက်ရပါတယ် ။    

        ကိုရွှေမျိုးဝင်း

​ကျေးဇူးတင်ပါတယ်