Sunday, October 10, 2021

ရွှေဘိုမြို့နယ်၌ NLD အစွန်းရောက် အကြမ်းဖက်သမား ၁ ဦး အသေဖမ်းဆီးရမိပြီး လက်နက်အချို့ သိမ်းဆည်းရမိ


MHT News (Oct- 9)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သန်းတောနှင့် သံပရာခြံ ကျေးရွာကြား၌ အကြမ်းဖက်အုပ်စုများ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ ယနေ့ (အောက်တိုဘာ ၉ ရက်) ညနေ ၄ နာရီအချိန်ခန့်တွင် နယ်မြေလုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ရှင်းလင်းခဲ့ရာ အပြန်အလှန် ထိတွေပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်အုပ်စုမှ အမျိုးသား အလောင်း ၁ လောင်း၊ တစ်လုံးထိုး လက်လုပ် သေနတ် ၄ လက်၊ တစ်လုံးထိုး လက်လုပ်ကျည် ၂၈ တောင့်၊ ယမ်းမှုန့် ၃၀ ကျပ်သား၊ ဘောစေ့ ၇၀ လုံးခန့်နှင့် လက်လုပ်သေနတ်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အညာသားဖိုးတင်
#MHTnews