Monday, October 11, 2021

မင်းတို့ တော်လှန်ရေးက ဘာလဲ ဘာကိုတော်လှန်နေတာလဲ ဘာကို ဓမ္မလို့ ပြောတာလဲ ။


သီတဂူဆရာတော်ကြီးကိုလည်း ဝိုင်းဆဲ
ပါချုပ်ဆရာတော်ကြီးကိုလည်း ဝိုင်းဆဲ
ဓမ္မဒူတအရှင်ဆေကိန္ဒကိုလည်း ဝိုင်းဆဲ
အောက်စဖို့ဆရာတော်ကိုလည်း ဝိုင်းဆဲ
ထေကြီးဝါကြီးဆရာတော်တွေမှန်သမျှကို
လိုက်ဆဲနေတာက ဘာတော်လှန်ရေးလဲ ။

အခု
မဟာဗောဓိမြိုင်ဆရာတော်ကြီးဘက်
လှည့်လာကြပြန်ပြီ
ဆရာတော်ကြီးကို သွားဖူးကြတဲ့ ကားတန်းတွေကို
ဗုံးခွဲတိုက်ခိုက်ဖို့ လှုံ့ဆော်လာတဲ့ထိ
မိုက်ရိုင်းနေကြတာက တော်လှန်ရေးလား ။
အဲဒါ ဓမ္မလား ။

အေး
အဲဒါ ဓမ္မဆိုရင်
ငါ အဓမ္မဘက်မှာပဲ နေလိုက်မယ် ။

ငါဟာ
ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်တယ်
ငါ့ကိုယ်တိုင်က
သီလ သမာဓိ သိက္ခာ ပြည့်စုံချင်မှ ပြည့်စုံမယ် ။
ဒါပေမယ့် ငါကိုးကွယ်တဲ့ဘာသာကိုထိရင်
ငါ နာတယ် ။

မင်းတို့တော်လှန်ရေးဆိုတာမှာ
အခြားဘာသာတွေကို လုံးဝမထိပါးဘဲ
ဗုဒ္ဓဘာသာတစ်ခုထဲကိုပဲ 
ဦးတည်စော်ကားနေပြီး
ထေကြီးဝါကြီး ဆရာတော်ကြီးတွေကို
ရည်ရွယ်ချက်ရှိရှိ ဝိုင်းဆဲမိုက်ရိုင်းနေကြတာက
မင်းတို့ရဲ့ ဓမ္မတိုက်ပွဲဆိုရင်
အေး
ငါ အဓမ္မဘက်မှာ နေလိုက်မယ် ။
 
အမျိုးသားရေး ရဟန်းတော်... ဆားကြီး🙏🙏🙏
Credit


Related Posts:

  • မွင်းငါး တဲ့လား?စစ်သားသေရင် မွင်းငါးတဲ့လား?..အရမ်းမှန်ပါတယ်၊စစ်သားတွေကျဆုံးရင် မွင်းငါးချက်ကျွေးပါတယ်..သံဃာတွေကိုလှူပါတယ်.. လူတွေကို ဒါနပြုပါတယ်..ကျဆုံးတဲ့စစ်သည်နဲ့တစ်ကွ ၃၁ဘုံသားအားလုံးကို ကောင်းမှူကုသိုလ်တွေရဲ့အဖို့ဘာဂ ကိုအမျှဝေပါတယ်..စစ်သည… Read More
  • အရှေ့တောင်အာရှရဲ့ Westpoint(သို့)မြန်မာပြည်စစ်တက္ကသိုလ် ရဲ့ စနစ်တကျပျက်စီးလာမှုကို အပြုသဘောဆောင် ဝေဖန်အကြံပြုခြင်းဖရဲသီး(သို့)စစ်ပြေး၊ သစ္စာဖောက်လောက်ကောင်၊ တပ်ပုန်ကန်တဲ့သူတွေ ထဲက ဗိုလ်မှူး အဆင့် တော်တော်များများဟာ စစ်တက္ကသိုလ် ဗိုလ်သင်တန်း ၄၇ နဲ့ ၄၈ ကပဲ ရှိတယ်လို့ ကြားတယ်..အဲ ၄၈ ကတော့ အဆိုးဆုံးလို့ သိရပါတယ်..စာရေးသူနဲ့ သိကျွမ်းတဲ့ စစ်တပ… Read More
  • 🎲🎲🎲 FAE Bomb (fuel air explosive) with YAK130....FAE bomb ရဲ့ပေါက်ကွဲပုံက သာမန် ပေါက်ကွဲအားပြင်း bombတွေလိုမဟုပ်ဘဲ...ကွဲပြားခြားနားပါတယ်....ပေါက်ကွဲပုံက # မြင့်မားတဲ့အပူလှိုင်း(high temperature) # ပြင်းထန်တဲ့ဖိအားလှိုင်း( over pressure wave)ဒီသက်ရောက်မှုနှစ်ခုကို တစ်ပြိုင်န… Read More
  • လမ်းပျောက်​နေသူများ        အခြေအနေ အချိန်အရ ကိုယ်လျှောက်နေကြ သမရိုးကျ လမ်းလေးတွေဟာ ပျောက်ကွယ် နေတတ်ပါတယ် ။- စိုက်ပျိုးရေး လုပ်စားသူ ၇၅ % ဟာ မြေသြဇာ အပါအဝင် စိုက်ပျိုးရေးသုံးဆေးဝါး နဲ့ သွင်းအားစုတွေ အဆမတန်စျေးကြီးနေလို့ လမ်းပျောက်နေပြီ ။ (အစိုးရ… Read More
  • ယုံကြည်မှု နဲ့ အာနိသင်  -  ကျန်းမာရေးဝန်ကြီးမှ တိုင်းရင်းဆေးနဲ့ ကုသဖို့ ဆေးသုတေသန ဌာနနဲ့ တပ်မတော်ဆေးသုတေသန ဌာနတို့ အတူပူးပေါင်း ဆောင်ရွက်နေကြောင်း - နိုင်ငံတကာမှာလည်း ဆေးဖက်ဝင်အပင်တွေနဲ့ စမ်းသပ်နေကြောင်း ၊ - တိုင်းရင်းဆေးမှာလည်း ယခင်ကတည်းက အဖျားပျ… Read More