Monday, October 11, 2021

ဘာ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်ရတာလဲ?


ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ်တို့ fault line ဖြစ်တဲ့နေရာတိုင်း ပဋိပက္ခဖြစ်တယ်။ အထူးသဖြင့် နှစ်ဘာသာ ထွက်ပေါ်လာရာ အာရှမှာပေါ့။ ဘာသာတရားအဆုံးအမကြောင့်လို့တော့ မပြောနိုင်ဘူး။ ဒါပေမယ့် ဘာသာတရားကျင့်သုံးတဲ့သူတွေရဲ့ စရိုက်နဲ့လည်း ဆိုင်မယ်။ အစ္စလာမ်ကကျတော့ ကြမ်းတမ်းတယ် ဆိုရမယ်။ အစ္စလာမ်သမိုင်းဟာ စစ်မက်ကြမ်းတမ်းမှုတွေနဲ့ ပြည့်နေတယ်။ အစ္စလာမ်ဟာ အာရှအနောက်ပိုင်းမှာ စတင်ပြီး အာရှအရှေ့ပိုင်းကို ကြမ်းကြုတ်စွာသိမ်းပိုက်မှုနဲ့အတူ ပျံ့နှံ့လာတယ်။ စီးပိုးသွားတယ်။

ဗုဒ္ဓဘာသာကတော့ စစ်မက်ကို ဆန့်ကျင်တဲ့ဘာသာ။ နောက်တစ်ခုအနေအထားအရ အစ္စလာမ်မရောက်မီ ၇ ရာစုနဲ့ ၁၁ ရာစုကြားမှာ ဗုဒ္ဓဘာသာဟာ အာရှတစ်တိုက်လုံးမှာ ကိုးကွယ်နေပြီ။ သို့သော် အစ္စလာမ်ရောက်လာတဲ့အခါ ကြမ်းတမ်းရက်စက်မှုများက ဗုဒ္ဓဘာသာကို လဲပြိုသွားစေခဲ့တယ်။ ၁၀၀၆ ခုနှစ်မှာ မူဆလင် ခါရာခါနစ်တွေက အဲဒီအချိန်က ဗုဒ္ဓဘာသာတိုင်းပြည် ခိုတန်ကို သိမ်းတော့ မူဆလင်ကဗျာဆရာတစ်ယောက်က ဒီလိုကဗျာစပ်ခဲ့တယ်။

"We came down on them like a flood,
(ငါတို့ သူတို့ကို ရေကြီးရေလျှံမှုတစ်ခုအလား ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့တယ်)

We went out among their cities,
(ငါတို့တတွေ သူတို့မြို့ကြီးတွေကို သိမ်းပိုက်လိုက်တယ်)

We tore down the idol-temples,
(ရုပ်ထုတွေရှိတဲ့ဘုရားကျောင်းတွေကို ဖျက်ဆီးပစ်လိုက်တယ်)

We shat on the Buddha's head!
(ဗုဒ္ဓရဲ့ဦးခေါင်းကို ဖြတ်တောက်ပစ်ခဲ့တယ်)"

ဒါက ဘာကို ပြဆိုနေသလဲဆိုတော့ မမြဲသောနိယာမတရားမှန်ပေမယ့် နူးညံ့တဲ့ ဘာသာဟာ ကြမ်းကြုတ်ရက်စက်မှုအောက်မှာ ပြိုလဲသွားတတ်တယ်ဆိုတာကို ပဲ။

အာရေဗီစကား "ဘတ်" ဆိုတာ ရုပ်တု။ တကယ်တော့ ဘတ်က "ဗုဒ္ဓ" ကို မူဆလင်တွေခေါ်တဲ့ နာမည်။ နောက်ပိုင်းမှာ ရုပ်တုဖျက်သူကို အာရေဗီအရ ဘတ်ရှီကန် လို့ ခေါ်တယ်။ တနည်းအားဖြင့် ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးသူပါပဲ။ ဒီလိုနဲ့ အစ္စလာမ်ဘာသာအရောက်မှာ အစ္စလာမ်အရ ရုပ်တုကိုးကွယ်မှုကို တားမြစ်တာနဲ့အတူ ဘတ် ဝါ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးခဲ့ကြတယ်။

ဒီလိုသမိုင်းတွေရှိတော့ ဗုဒ္ဓဘာသာဝင်တွေက အတိတ်သင်ခန်းစာအရ မူဆလင်ကို စိုးကြောက်တယ်။ မူဆလင်ရောက်လာမှုနဲ့အတူ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆုံးရှုံးမှာ ကြောက်တယ်။ နောက်တစ်ချက်ကြောက်တာက လူဦးရေတိုးပွားမှု။ Pew research အရပဲ ကြည့်ကြည့် လက်တွေ့အနေအထားအရပဲ ကြည့်ကြည့် မူဆလင်တွေရဲ့ fertility rate က အရမ်းမြင့်တယ်။ ဒီလိုနဲ့ မူဆလင်ဦးရေက ဗုဒ္ဓဘာသာတွေကို လွှမ်းမိုးသွားမှာ ကြောက်တယ်။ ဒါလည်းအပြစ်မဆိုသာဘူး။ ဗဟိုအာရှ၊ ရှင်ကျန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့ဟာ အစ္စလာမ်မရောက်ခင်က ဗုဒ္ဓဘာသာနိုင်ငံတွေ။ အစ္စလာမ်ရောက်လာမှ ဗုဒ္ဓဘာသာဟာ လူဦးရေတိုးပွားနှုန်းအရ၎င်း၊ အစ္စလာမ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့်၎င်း ပျောက်ကွယ်ခဲ့ရတာ။

အခု ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ်တို့ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်နေတာတွေက ရခိုင်မြောက်ပိုင်း၊ ထိုင်းတောင်ပိုင်း၊ သီရိလင်္ကာနဲ့ အိန္ဒိယ လက်ဒါ့ခ်နယ်တွေ ဖြစ်တယ်။ ရခိုင်မှာလည်း အခု ဘင်္ဂလားရောက်နေတဲ့ လူတွေ မြန်မာပြည်ပို့ကြည့်။ မူရင်းရခိုင်ထက် များသွားမယ်။ လက်ဒါ့ခ်မှာ အရင် ဗုဒ္ဓဘာသာ ၈၁ % ရှိရာက ဆယ်စုနှစ် ၃ ခု အတွင်း လျော့ကျသွားပြီး ခု ၆၆% ပဲ ရှိတော့တယ်။ မြန်မာမှာ မဘသ ပေါ်လာပြီး မျိုးစောင့်ဥပဒေပြဌာန်းတာက အံ့သြစရာမဟုတ်ဘူး။ သီရိလင်္ကာမှာလည်း ဗောဓု ဘလ ဆေန ဆိုပြီး အဖွဲ့ရှိတယ်။ လူဦးရေအရ မူဆလင်မိုက်ဇေးရှင်းပြုမှာစိုးရတာကိုး။ လာဒါ့ခ်မှာလည်း ဗုဒ္ဓဘာသာမိန်းကလေးကို မူဆလင်ကယူလို့ ပြဿနာတွေ တက်ကြ ဒေသတွင်းပဋိပက္ခတွေ ဖြစ်ကြ ရှိတာပါပဲ။

ရခိုင်အရေးမှာ ကမ္ဘာက မြန်မာကို အပြစ်မြင်ကြတယ်။ သို့သော် သူတို့ထည့်တွက်မစဉ်းစားကြတာက ဗုဒ္ဓဘာသာတွေဖက်က ခံစားရတဲ့ ဒုက္ခ။

၁) ဘင်္ဂါလီများသည် ဗုဒ္ဓဘာသာမြေကို ခိုးယူနယ်ချဲ့လာနေတယ်လို့ အမြင်ရှိခြင်း။ - ဒီကိစ္စကို ရိုဟင်ဂျာပုံပြင်တွေနဲ့ ချေပကြတယ်။ ရိုဟင်ဂျာရှိတာ မရှိတာ နောက်တစ်ပိုင်းထား။ မေးစရာက အဆိုပါ မူဆလင်များသည် ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် အချိန်က ရခိုင်မှာ ဘယ်တုန်းကများ ခုလို မြေယာပိုင်ဆိုင်မှု ရှိဖူးသလဲ? ဒါဆိုရင် ဗုဒ္ဓဘာသာများက ခံစားရမှုက မလွန်ဘူးထင်ပါတယ်။

၂) ရခိုင်နေ မူဆလင်များသည် ရခိုင်မှာ parallel society ကို တည်ဆောက်နေကြတယ်၊ ဘင်္ဂါလီမူဆလင်များသည် ဘာသာရေးကျောင်းတွေမှာ ပညာသင်ကြားတာတွေ၊ ပြည်ပမှာ ဘာသာရေးအမြင်တွေ သင်ကြားခဲ့တာတွေ ရှိလာတယ်။ - သာမန်တော့ ဒါဘာဆန်းသလဲလို့ တွေးစရာရှိတယ်။ သို့သော် ဒါက တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာ။ ဘာသာရေးစာသင်တာ ပြဿနာမဟုတ်ဘူး၊ ဘာသာရေးအဆုံးအမကို မကောင်းတာမညွှန်ဘူး ဆိုတာ လက်ခံတယ်။ ကျနော့်အနေနဲ့ ဘယ်လောက်ထိ လက်ခံလဲဆို ကုရ်အာန်နဲ့ ဘိုင်ဘယ်လ်သည် အတူတူပဲ လို့ထိ သတ်မှတ်ထားတယ်။ ပြဿနာက ဘာသာရေးကျမ်း မဟုတ်ဘူး။ ဘာသာရေးကျမ်းကိုဖတ်ပြီး ကိုယ်နားလည်သလို လိုက်နာကြရာမှာ ရှိနေတာ။ ဘိုင်ဘယ်လ်မှာလည်း စစ်မက်ဆိုင်ရာ ကြမ်းကြုတ်သော အတွေးအမြင်တွေရှိတယ်။ ပါစတာတွေက ဒါတွေမယူဘူး။ သို့သော် မူဆလင် cleric တွေကျ ဒါတွေပြောလာကျတယ်။ အခြေခံအကြောင်းရင်းကတော့ နှစ်ချက်ပေါ့လေ။ တစ်ချက်က တမန်တော် မူဟာ့မ္မဒ်သေတော့ မူဆလင်ဟာ စစ်မက်အခြေခံ ဘာသာရေးအခြေခံ နယ်ချဲ့စစ်ဝါဒီတွေ ဖြစ်သွားမှု။ ဒုတိယအချက်က ဝါဟာဘီဝါဒ ပေါ်လာမှု။ အစ္စလာမ်ဟာ ဘယ်လိုပဲ ငြိမ်းချမ်းသောဘာသာဆိုဆို မူဆလင်တွေဟာ တစ်ချိန်က ကမ္ဘာ့အကြီးဆုံးအင်ပါယာ ခါလီဖိတ်ကို တမ်းတတယ်။ မူဆလင်ခြေချရာတိုင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ခါလီဖိတ်ပိုင်နယ်မြေအဖြစ် ကြွေးကြော်ခဲ့တာကို အမှတ်ရတယ်။ အနည်းဆုံးတော့ ခါလီဖိတ်ပိုင်မြေ မဟုတ်ဦးတောင်မှ မူဆလင်နယ်မြေဖြစ်အောင် သွတ်သွင်းချင်စိတ် ဖြစ်ကြတယ်။ ဒါတွေကို ဗလီက သင်ပေးတယ်။ တစ်နည်းအားဖြင့် အစ္စလာမ်မိုက်ဇေးရှင်းပါပဲ။ ရခိုင်မြောက်ပိုင်းက မူဆလင်တွေက ရိုဟင်ဂျာပိုင်ဆိုပြီး အော်ကြရာက အဟုတ်လိုလိုဖြစ်၊ ဗလီတွေကလည်း ခါလီဖိတ်ဝါဒကို သင်ပေး ဒီလိုတွေ ဖြစ်လာတယ်။ ခုတော့ parallel society ကို ထူထောင်ရုံမက လက်နက်ကိုင်အကြမ်းဖက်တဲ့ အဆင့် ရောက်သွားပြီ။

နောက်တစ်ခုက ဝါဟာဘီဝါဒကိစ္စ။ မြန်မာမှာအနေကြာလို့ burminized ဖြစ်သွားတဲ့ မူဆလင်တွေ အများကြီး။ တစ်ချို့ဆို ဝက်သားမစားတာကလွဲရင် ဗမာအတိုင်း။ သို့သော် ဝါဟာဘီက ရခိုင်မြောက်ပိုင်းကို ပါကစ္စတန် ဆော်ဒီ မလေးရှားပြန် လူတစ်ချို့နဲ့အတူ ပါလာတယ်။ တစ်ချို့ဆို မူဆလင်ဘာသာရေးဆရာတွေကိုယ်တိုင် ဖြစ်တယ်။ ဒီအခါ ရှာရီယာကို အကောင်အထည်ဖော်တာတွေ ရှိလာတယ်။ ခါလီဖိတ်ဝါဒကို ပိုအားကောင်းလာစေတယ်။

၃) မိန်းမတွေ ၄-၅ ယောက် ယူပြီး ကလေးတွေ မွေးလွန်းတယ်။ - ဒါက ဥရောပမှာလည်း ခရစ်ယာန် values, customs တွေ ပျောက်သွားမှာစိုးလို့ စိုးရိမ်နေရတဲ့ ကိစ္စ။ မြန်မာပြည်မှာကျ ဗုဒ္ဓဘာသာ လျော့ပါးမှာပါ စိုးရိမ်ရတယ်။ (ဒါကို နောက်မှ ပြန်ရှင်းပါမယ်)။ ၁၉၄၈ မတိုင်ခင်က လက်တစ်ဆုပ်စာ မူဆလင်ဟာ ခုအချိန် ဘယ်လောက်ဖြစ်နေပြီလဲ?

ဆိုတော့ ဒါတွေ စိုးကြောက်တယ်။ ဗုဒ္ဓဘာသာ မပျောက်ပါဘူးကွ၊ ရခိုင်လူမျိုး မကွယ်ပါဘူးကွ၊ အကဲကိုပိုတယ်ဆိုတာမျိုး တစ်ချို့ လစ်ဘရယ်တွေ၊ globalist တွေ မြင်ကြတယ်။ ဘာပဲဖြစ်ဖြစ် မဖြစ်ခင်မှာတောင် ကာကွယ်ရမယ့် အနေအထားမှာ၊ ပျောက်တာမပျောက်တာ နောက်ထား လက်တွေ့မှာ ဗုဒ္ဓဘာသာအတွက်၊ တိုင်းရင်းသားလူမျိုးစုတစ်ခုအတွက် စိုးရိမ်ဖွယ် အနေအထားရှိနေတော့ ဘယ်လိုခုခံရမယ်ဆိုတဲ့ နည်းလမ်းတွေ ချမှတ်ရမှာတော့ အမှန်ပဲ။

ဒီနေရာမှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံက အရေးပါတယ်။ ခုအစိုးရ ရခိုင်အရေးမှာဖြေရှင်းတာတွေမှာ ကြိုက်တာတွေရှိပါတယ်။ သို့သော် အားမရတာတွေရှိတယ်။ မူဆလင်နဲ့ ဗုဒ္ဓဘာသာ fault line မှာ ဖြစ်တဲ့ကိစ္စသည် ဘာသာရေးမဖက် နယ်မြေလုသော ဒေသတွင်းပဋိပက္ခလို့ အစိုးရက ဇွတ်ပုံဖော်ချင်တယ်။ အဓိက,ကတော့ ဘာသာရေးပဋိပက္ခအဖြစ် မပြောင်းစေချင်ဖူးပေါ့။ secularism ကို စွဲကိုင်တယ် ဆိုပါတော့။ မူဝါဒပိုင်း မှန်ပေမယ့် လုပ်ပုံကိုင်ပုံ လွဲနေတယ်လို့ ဆိုချင်ပါတယ်။ အစိုးရအနေနဲ့ ခွင့်ပြုချက်မဲ့ ဘာသာရေးသင်ကျောင်းတွေကို ပိတ်ပစ်တာတွေ၊ ခါလီဖိတ်ဝါဒနဲ့ ဝါဟာဘီဟောပြောတဲ့ ဘယ်သူကိုမဆို ဖမ်းဆီးတာတွေ လုပ်ရပါမယ်။ ရှာရီယာကို ကျင့်သုံးလာတာရှိရင် ပြင်းထန်စွာ အရေးယူရပါမယ်။ သားဆက်ခြားခြင်းကို ပီပြင်စွာ အကောင်အထည်ဖော်ရပါမယ်။ ဒါတွေဟာ ဘာသာရေးကို ဖိနှိပ်တာ မဟုတ်ပါဘူး။ အစ္စလာမ်မိုက်ဇေးရှင်းကို ကာကွယ်နေတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တာ မဟုတ်ပါဘူး။ ဥပဒေဘောင်အတွင်းက လုပ်ဆောင်တာ ဖြစ်ပါတယ်။ အစိုးရရည်မှန်းချက်ထားတဲ့ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးက ဒီအချက်တွေကို ပီပီပြင်ပြင် အကောင်အထည်ဖော်ပြီးမှ ဖြစ်လာမှာပါ။

ခုဟာက အစိုးရက ဒါတွေ ပီပီပြင်ပြင် မလုပ်တော့ အမျိုးသားရေးသမားတွေက voluntarily ထလုပ်ကြ။ အရင်အစိုးရခေတ်ကကျ အတိုက်အခံ (လက်ရှိအာဏာရ)က သူတို့အတွက် အနှောင့်အယှက်လို့ မြင်ပြီး တိုက်ခိုက်။ အခု အစိုးရလက်ထက်ကျ အမျိုးသားရေးသမားတွေထဲ နိုင်ငံရေးသမားတွေ ရောလာပြီး အမျိုးသားရေးသမားတွေကို အသုံးချ။ အမျိုးသားရေးသမားများဖက်က လုပ်ပုံကိုင်ပုံစနစ်မကျတာ၊ ultra-conservative ဖြစ်လွန်းတာတွေ ရှိခဲ့တာကိုတော့လည်း ဝန်ခံပါတယ်။

မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်ရခြင်း နောက်တစ်ကြောင်းက နိုင်ငံရေးဖြစ်စဉ်တွေပြောင်းတိုင်း ဗုဒ္ဓဘာသာနိမ့်ကျသွားရခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။

နှစ်ပေါင်းတစ်ထောင်ဝန်းကျင် အာရှမှာ ကြီးစိုးခဲ့တဲ့ ဗုဒ္ဓဘာသာဟာ အလယ်ခေတ်ရောက်တဲ့အခါမှာ သီရိလင်္ကာနဲ့ အရှေ့တောင်အာရှကလွဲရင် နိမ့်ကျသွားခဲ့တယ်။ အဓိကအကြောင်းရင်းက နိုင်ငံရေးကြောင့်၊ တစ်နည်းဆိုရရင် နိုင်ငံတော်မူဝါဒတွေကြောင့်ပဲ။ အရှေ့အာရှမှာ လက်သစ်-ကွန်ဖြူးရှပ်ဝါဒနဲ့ ရှင်တိုဘာသာဟာ နိုင်ငံမူဝါဒတွေအရ ရှေ့တန်းရောက်လာတယ်။ အနစ်နာဆုံးက သက္ကရာဇ် ၈၄၅ မှာ တန်မင်းဆက်က ဗုဒ္ဓဘာသာကို နှိပ်ကွပ်တယ်။ အကြောင်းပြချက်က လူတွေက အခွန်မပေးရတဲ့ ဘုန်းကြီးပဲဝတ်နေကြ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုကပ်နေကြတော့ တိုင်းပြည်နစ်နာလို့,လို့ ဆိုတယ်။ အလားတူ ၁၃၉၂ မှာ ကိုရီးယားမှာလည်း ဂျိုဆောင်မင်းဆက် အင်အားကြီးလာပြီး ကွန်ဖြူရှပ်ဝါဒထွန်းကားကာ ဗုဒ္ဓဘာသာနိမ့်ကျသွားတယ်။ ဂျပန်မှာတော့ ရှိုဂန်ခေတ် (၁၆၀၃-၁၈၆၈) ကြား ကွန်ဖြူးရှပ်ဝါဒနဲ့ ရှင်တိုဘာသာ ခေါင်းထောင်လာပြီး ဗုဒ္ဓဘာသာ နိမ့်ကျသွားတယ်။ အားလုံးက နိုင်ငံရေးကြောင့် ခုလို ကိုးကွယ်မှုအပြောင်းအလဲ ဖြစ်ရတာတွေချည်းပဲ။

တောင်အာရှမှာတော့ ဗုဒ္ဓဘာသာက လုံးဝနီးပါး ပျောက်ကွယ်သွားတယ်။ နံပါတ် ၁ အကြောင်းရင်းက ဘုရင့်ကိုးကွယ်သော ဘာသာမဖြစ်တော့တာပဲ။ ဒီလိုအချိန် ၁၁၉၃ မှာ မူဆလင် တူရကီတွေက နာလန္ဒအပါအဝင် ဗုဒ္ဓဘာသာတက္ကသိုလ်တွေကို ဖျက်ဆီး၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို သတ်ပစ်လိုက်တော့ ဗုဒ္ဓဘာသာဟာ မူလကနဦးစတင်ခဲ့ရာမြေက လုံးဝနီးပါး ပျောက်ကွယ်သွားရတော့တယ်။

ဗုဒ္ဓဘာသာရဲ့အသက်က သံဃာပဲ။ သံဃာရှိမှ အဓွန့်ရှည်နိုင်တာ။ သံဃာရပ်တည်နိုင်ဖို့ဆိုတာကလည်း ဒကာဒကာမတွေရဲ့ လှူဒါန်းမှုနဲ့ တိုက်ရိုက်အချိုးကျတယ်။ တိုင်းပြည်ဘုရင်ကမှ ဗုဒ္ဓဘာသာကို အလေးမပေးတော့ဘူးဆိုရင် နိုင်ငံရေးအရ တိုင်းပြည်ရဲ့ elite တွေကပါ သံဃာကို ဆည်းကပ်မှုမရှိတတ်တော့ဘူး။ ဒီအခါ သံဃာရပ်တည်နိုင်ဖို့ ခက်ခဲလာသလို ဗုဒ္ဓဘာသာလည်း ကျဆုံးဖို့ နီးကပ်သွားတာပဲ။ နောက်တစ်ချက်က တိုင်းပြည်မှာ တစ်ခြားဘာသာဝင် အရေအတွက် များလာရင်၊တစ်ခြားယဉ်ကျေးမှု တိုးပေါက်လာရင်လည်း ဗုဒ္ဓဘာသာက ကျဆုံးဖို့ နီးကပ်တယ်။ ဗုဒ္ဓဘာသာရဲ့ ဦးတည်ချက်က ကိုးကွယ်ဖို့ရာမဟုတ်ဘဲ လက်တွေ့ကျင့်သုံးဖို့ရာ ဖြစ်တယ်။ သံဃာက လက်တွေ့ကျင့်သုံးပြီး ဒကာဒကာမတွေကို လမ်းညွှန်ပြသ၊ ဒကာဒကာမတွေက ပစ္စည်းလေးပါးထောက်ပံ့ -- ဒီလိုပုံစံနဲ့ ဟန်ချက်ညီညီ သွားနေတာ ဖြစ်တယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမှာက သာသနာထိန်းသိမ်းတဲ့ သံဃာ community က တစ်ခု၊ ပေးကမ်းထောက်ပံ့တဲ့ လူဝတ်ကြောင် community က တစ်ခု။ အဲဒါမှာ သံဃာကလည်း သိပ်မရှိသလို စွဲစွဲမြဲမြဲ ဒကာဆိုတာကလည်း သိပ်မရှိဘူး။ အကယ်၍ နိုင်ငံရေး၊ ယဉ်ကျေးမှု တစ်ခုခုထိုးဖောက်မှုရှိလာရင် ဒီဟန်ချက်က ပျက်ပြီး ဗုဒ္ဓဘာသာဟာ နိမ့်ကျသွားမယ်။ ဒါကို စိတ်ပူကြတယ်။

ဒီလို မဖြစ်အောင်ဆိုတာက ထိန်းသိမ်းမှ ဖြစ်မယ်ပေါ့။ ကာကွယ်မှ ဖြစ်မယ်ပေါ့။ မဘသ ၊ ၉၆၉ စသည် ပေါ်လာတယ်။ ဒါတွေက conservatism တွေ။ လစ်ဘရယ်အမြင်နဲ့ကျတော့ ကန့်လန့်ဖြစ်နေတယ်။ တစ်ဖက်ကကျတော့လည်း မထိန်းသိမ်းလို့ မရဘူးမြင်လာတယ်။ တစ်ချို့က ultra-conservative တွေ။ သူတို့တွေကို နိုင်ငံရေးသမားတစ်ချို့က သွေးထိုးပေးတယ်။ ဒါတွေကျတော့လည်း အစိုးရအဖို့က အနှောင့်အယှက်ဖြစ်တယ်။ ဒါ့ကြောင့်ဖမ်းဟယ်ဆီးဟယ်တွေ ဖြစ်တယ်။ ဒီမှာ ဘာထပ်ဖြစ်လာတုန်းဆိုတော့ အမျိုးသားရေးအင်အားစုဖက်ကလည်း တိုင်းပြည်အစိုးရသည် နိုင်ငံရေးအားဖြင့် ဗုဒ္ဓဘာသာကို လစ်လျူရှုပြီ ထင်လာတယ်။ သမိုင်းသင်ခန်းစာအရ ပြောရရင် ဗုဒ္ဓဘာသာက တိုင်းပြည်အစိုးရက မျက်နှာလွှဲရင် ကွယ်တာပဲ။

အမျိုးသားရေးသမားတွေ အမြင်ဖက်ကကြည့်တော့လဲ ဒီကိစ္စက စိုးရိမ်စရာကောင်းတယ်။ အခုတောင် ဗုဒ္ဓဘာသာက ကမ္ဘာမှာ အတော်ကျဆင်းနေပြီ။ Pew Survey အရ ဆိုရင် ကမ္ဘာ့ဗုဒ္ဓဘာသာ အရေအတွက်က ၄၈၈ သန်းကနေ ၄၈၆ သန်းကို ကျသွားတယ်။ ကမ္ဘာ့လူဦးရေ ၇ ရာနှုန်းကနေ ၅ ရာနှုန်းကို ကျတယ်။ ဒီအချိန်မှာ ခရစ်ယာန်နဲ့ အစ္စလာမ်က တက်လာတယ်။ ၂၀၅၀ ရောက်ရင် အစ္စလာမ်က ကမ္ဘာ့လူဦးရေရဲ့ ၂၃ ရာနှုန်းရှိရာက ၃၀ ရာနှုန်းကို တက်သွားမယ်။

အထက်က ဆိုခဲ့သလို ဗုဒ္ဓဘာသာရပ်တည်မှုသည် ၁) နိုင်ငံရေးအရ ဦးစားပေးခံရမှု၊ ၂) အစိုးရ၏ မူဝါဒ၊ ၃) ပြင်ပတိုးဖောက်ခံရမှုကြောင့် သံဃာရပ်တည်နိုင်မှု တို့မှာ အဓိက မူတည်နေတာမှာ မြန်မာပြည်မှာက ဒီသုံးချက်လုံးက ကျဆင်းလာတယ်လို့ ထင်စရာတွေရှိတယ်။ ဒီလိုသော အကြောင်းတွေကာင့် ကမ္ဘာမှာ ဗုဒ္ဓဘာသာနောက်ဆုံးခံတပ်လို့ အမည်တွင်တဲ့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေဟာ အထက်ပါ ၃ ရပ်ကို မြှင့်တင်နိုင်အောင် ကြိုးစားရင်း၊ ဗုဒ္ဓဘာသာရဲ့ values တွေ customs တွေကို ထိန်းသိမ်းနိုင်အောင် ကြိုးစားရင်း ကမ္ဘာ့အမြင်မှာ အစွန်းရောက်တယ်လို့ စွပ်စွဲခံရလောက်သည်အထိ အမျိုးသားရေးစိတ်ဓာတ်တွေ မြင့်မားရတာသာဖြစ်တယ်၊ စွပ်စွဲခံနေရသလို ဗမာလူမျိုးကြီးဝါဒ၊ တစ်ခြားဘာသာများအပေါ် အနိုင်ကျင့်စိုးမိုးလိုမှု၊ ဘာသာခြား လူမျိုးခြားမုန်းတီးရေးလုံးဝမရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

#ကိုသန့်ဇင်ထွဋ်
#Credit