အာဏာထိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းရေး
ဝင်ရောက်စွက်ဖက်တဲ့ နိူင်ငံကြီးတွေ ရှိခဲ့ပါတယ်။
ဒင်းတို့ရဲ့ ထုံးစံ အတိုင်း
ဒီမိုကရေစီ အရေး
လူ့ အခွင့်အရေး စတဲ့ စကားလုံးတွေ တွင်တွင်သုံးပြီး
နစက အစိုးရအား ဖိအားမျိူ းစုံကို ကျင့်ဝတ် ဖောက်ဖျက်ပြီး
ဗြောင် စွက်ဖက်လာတယ်၊ပေါ်တင် စာထုတ်လာတာမျိူ း
အကြိမ်ကြိမ် ကျူ း ခဲ့ကြတယ်။
မြန်မာ့ ရာဇဝင် ကို ကြည့်ရင် ကုန်းဘောင် ခေတ်နှောင်းမှာ
ယောအတွင်းဝန် ဦးဘိုးလှိုင်၊ကင်းဝန်မင်းကြီး ဦးကောင်း
တို့ဟာ သံတမာန်ရေး ကျွမ်းကျင်တဲ့ မူးမတ်ကြီးတွေပါ။
ထပ်ပြီး မဆလ ခေတ်က ဦးချစ်လှိုင်၊ဦးမောင်မောင်ခ၊
နဝတ ခေတ်က ဦးခင်မောင်ဝင်း၊ဦးအုန်းဂျော်၊ဦးညဏ်ဝင်း၊
ဦးဝဏ္ဏ မောင်လွင်၊ဦးဝင်းအောင်၊ စတဲ့တိုင်းချစ်ပြည်ချစ်
စိတ်အပြည့်အဝ ရှိတဲ့ သူတွေ က ပြည်ပဖိအားကို
ရွတ်ရွတ်ချွန်ချွန် ကာကွယ်ခဲ့ကြပြီး ပြည်ပ စစ်ဖြစ်လာမှာ
ကိုလဲ သံတမာန်နည်းနဲ့ အကြိမ်ကြိမ်
ရှောင်လွှဲ နိူင်ခဲ့ပါတယ်။
အခုလဲ နစက မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ
ဒေါ်ယဉ်ယဉ်နွယ် ဆိုရင်လဲ ကုလမှာ အကြီးတန်း အရာရှိ
အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူမို့
ကုလ အကြော နှောကြေနေသူပါ။
ဒေါ်စုက ဦးသန့် ဆွဲခန့်လို့ ကုလမှာ နေ့စားဝန်ထမ်းသာ
လုပ်ဘူးသူပါ။
အမေရိကန် လွှတ်တော်နဲ့ပါတ်သက်ရင် အမေရိကန်မှာ
ဒေါက်တာဘွဲ့ ယူပြီး အမေရိကန် ခြေဥ ကို ထုံးလိုခြေထား
တဲ့ "သခင် ချင်းပု" ရှိပါတယ်။
NLDနဲ့ ဒေါ်စု အကြောင်း အူမချေးခါး သိတဲ့
ဦးခင်မောင်ဆွေ၊ဦးသိန်းညွှန့် (ကော့ကရိတ်) တို့နဲ့လဲ
နစက အားဖြည့်ထားပါသေးတယ်။
ယနေ့ ကုလ ၁၉၆ နိူင်ငံမှာဆိုရင်
OIC ၅၇ နိူင်ငံ
EU-၂၇ နိူင်ငံ တို့ရဲ့ဖိအားသာရှိကောင်း ရှိနိူင်ပေမဲ့
အာစီယံ ၁၀ နိူင်ငံ ပြည်တွင်ရေး မစွက်ဖက် ဖိအားမပေး
ရေး မူနဲ့
ဗီတို အာဏာ သုံးခွင့်ရတဲ့
တရုတ်
ရုရှား နှစ်နိူင်ငံ လွန်ဆွဲတဲ့ ပွဲ ဆိုရင်လဲ မမှားပါဘူး။
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့် မရှိတဲ့ ကုလ။
ပြည်တွင်းရေး ကို ဖိအားမပေးရတဲ့ အာစီယံ။
ဒီအကြားမှာပဲ နိူင်ငံကြီးတွေ ဖြစ်တဲ့
အမေရိကန်၊ပြင်သစ်၊သြစတေးလျား၊ စတဲ့နိူင်ငံတွေက
အပြု သဘောမပါတဲ့ ၊အကြမ်းဖက် အဖွဲ့တွေ ဖြစိတဲ့
#CRPH-#NUG -#PDF တို့ကို ပေါ်ပေါ်တင်တင်
ထောက်ခံနေတာဟာလဲ အကြမ်းဖက်အားပေးဖြစ်တာမို့
မကြာခင် အဖြူ အမဲ သဲကွဲလာတော့မှာပါ။
ကမ္ဘာမှာ အကြမ်းဖက်အဖွဲ့တွေကို ဘယ်သူ ဘယ်အစိုးရမှ
ရေရှည် ထောက်ခံလို့ မရပါဘူး။
အကြမ်းဖက်မှုတွေ ဘူးပေါ်သလို ပေါ်လာလေလေ
အရှက်တကွဲ အကျိူ းနဲ ဖြစ်ရလေလေ ဖြစ်ရမှာပါပဲ။
မြန်မာတွေ သံရေးတမာန်ရေးမှာ
#NLD ခေတ်ကလွဲ၍
ဘယ်ခေတ် ဘယ်အစိုးရ လက်ထက်မှာမှ
မညံ့ခဲ့ကြောင်း ပါ ခင်ဗျာ။ ။
ko aung
#credit