Tuesday, October 12, 2021

🍄 " ထိန်း" တာနဲ့ " သိမ်း" တာ 🍄


မရေးချင်ပေမဲ့လည်းရေးနေရတယ်
တချို့ လိုရာဆွဲပြောနေ၊ ရေးနေကြတာတွေ့ရလို့၊

"ထိန်း" တာနဲ့ " သိမ်း" တာ.....ဘာကွာလဲတဲ့ ?
ယုတ္တိဗေဒနဲ့ စဉ်းစားကြည့်မယ်၊

အိမ်ရှင်ကခရီးသွားမယ်
အမျိုးထဲကတယောက်ကို အိမ်စောင့်ထားတာမျိုးက
ခဏ "ထိန်း" သိမ်းစောင့်ရှောက်ခိုင်းတာမှာ
ယာရီသဘောမျိုးသာဖြစ်တာတွေ့ရလိမ့်မယ်၊
" သိမ်း" တာရဲ့သဘောက
ပိုင်ဆိုင်မှုလုံးဝပြောင်းသွားတယ်၊

..............

အခြေအနေအရပ်ရပ်ကို
မလွှဲရှောင်နိုင်လို့၊ ဥပဒေကအပ်နှင်းထားတဲ့
"ထိန်း" သိမ်းမှုတာဝန်ကို အတင်းအကြပ်
ခုခံနေရင်တော့.... သိမ်းတဲ့အဆင့်ကို
ကိုယ်တိုင်က တွန်းပို့သလိုဖြစ်လိမ့်မယ်။

" ထိန်း" ရင်၊ ထိန်းတဲ့အဆင့်ကို လုပ်ကြရသလို
"သိမ်း" ရင်လဲ၊ သိမ်းတာနဲ့ညီအောင်လုပ်ရလေ့ရှိတယ်။

.................

" ထိန်း" တဲ့အဆင့်မှာ ခြေဥဆက်ရှိနေမယ်
" သိမ်း" တဲ့အဆင့်မှာ ခြေဥဆက်ရှိမနေနိုင်ဘူး၊
ကျန်တာကတော့
"ထိန်း" အောင်လုပ်စေချင်တာလား ?
“ သိမ်း" အောင်လုပ်စေချင်တာလား ?
ကိုယ့်ရွေးချယ်မှုအရဖြစ်လာပြီ။

...................

သိမ်းချင်ရင်
ဘာသံမှာကြိုမပေးတတ်ဘူး
မသိမ်းချင်လို့ အားမလိုအားမရသူတွေရဲ့
ဝေဖန်မှုကို သည်းခံပြီး
အကြိမ်ကြိမ်သတိပေးနေတာကို
နားလည်ဖို့ကောင်းတယ်၊
ဒိလောက်စိတ်ရှည်တဲ့ လက်နက်ကိုင်မျိုး
ထပ်တွေ့ရမှာမဟုတ်တော့ဘူး။

...................

ရေးရတာလဲ
အပ်ကြောင်းထပ်နေပြီ

💥 စစ်တပ်က ဘာလို့ပါရတာလဲတဲ့ .
Democratization process မှာ
87% မအောင်မြင်ကြဘူး၊
တချို့တိုင်းပြည်ပါ ပြိုကွဲသွားတယ်၊
( Arab spring ကသက်သေ )

ကိုယ့်ကိုယ်ကိုပဲ ပြန်ကြည့်
မိဘ အုပ်ထိန်းမှုအောက်က
အသက်ဘယ်လောက်ကြမှ ကင်းလွတ်သလဲလို့၊
စစ်တပ် ပါတာမှန်လာ-မမှန်လားဆိုတာ
ဒီ (၅) နှစ်ဖြစ်ပျက်ပုံကိုပဲကြည့်
ကာကွယ်ထားရမဲ့
အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ
နိုင်ငဲခြားသားတွေ ပွဲတောဖြစ်နေခဲ့တယ်။

💥 တပ်မတော်က ဘာဖြစ်ချင်တာလဲတဲ့ ?
သိမ်းချင်ရင် သိတောင်သိလိုက်မှာ မဟုတ်ဘူးနော်
တပ်မတော်က ဘာမှမဖြစ်ချင်လို့
အကြိမ်ကြိမ် သတိပေးနေတာကို
မျက်ကွယ်ပြုတာတော့ စဉ်းစားဉာဏ်
နည်းလွန်းပြီး၊ တဖက်သပ် ခံစားမှုကို
ဦးစားပေးလွန်းရာ ရောက်တဲ့
မေးခွန်းလို့ယူဆတယ်၊

ခြေဥမှာ ပေးထားတဲ့တာဝန်ကို
တပ်မတော်က ( ကြိုက်-မကြိုက်)
ထမ်းဆောင်ရဖို့ရှိတယ်၊ အဲ့ဒါပျက်ကွက်ရင်
သူ့ဂုဏ်သိက္ခာ မြောင်းထဲရောက်ပြီ၊

အဲ့ဒီတော့
တပ်မတော်ဖက်က ဘာဖြစ်ချင်တာလဲဆိုတဲ့
အမေးစကားအတွက်....

" တပ်မတော်က မှန်မှန်ကန်ကန်ဖြစ်စေချင်တာ"
..... လို့ပဲပြောရလိမ့်မယ်။

💥 တကယ်မေးရမဲ့မေးခွန်းက
          " ဘာကြောင့် မဲ (၈.၆) သန်းပိုရတာလဲ
             á€†á€­á€Żá€á€˛á€ˇá€™á€ąá€¸á€á€˝á€”်း" ဖြစ်ပါတယ်။
 ( အကျိုးတခုရဲ့ အကြောင်းရင်းက မဲမသမာမှုပါ )

................

      💥  မနေ့က အင်တာဗျူးတချို့ကြည့်လိုက်ရတယ်
ရေးစရာက ဖြစ်လာပြန်ရော၊
" လိုရာ" ဆွဲပြောတယ်၊ 
" ကွက်" ပြောတယ်။

အရာရာဟာ
အကြောင်းမရှိပဲ အကျိုးတရားမပေါ်ဘူး
အကျိုးတရားပေါ်မှာပဲ ကွက်ပြောရင်
မမှန်တတ်ဘူး၊

( ခပ်ပြင်းပြင်း မေးမယ်၊
   á€Ąá€Źá€¸á€œá€Żá€śá€¸á€€á€­á€Żá€™á€†á€­á€Żá€œá€­á€Żá€˜á€°á€¸áŠ ကိုယ့်ကိုယ်ကို
   á€•ဟန်မ္းပဍ၊ ပြည်ပအထောက်အပံ့လွတ်ရဲ့လားလို့
   á€˜á€°á€¸á€„ဟင်းရင် ဆွဲထုတ်ပြပေးလိုက်မယ် )

နိုင်ငံရေးမှာ
တပ်ပါတာကိုပဲ လက်ညှိုးထိုးနေကြတဲ့ကိစ္စက
ဒီနေ့အထိ တံဆိပ်ကပ် အားကြီးနေသေးတယ်၊
ဘာကြောင့် ပါနေရတာလဲဆိုတဲ့
အကြောင်းတရားကို မျက်ကွယ်ပြုနေတာတော့
မကောင်းလှဘူး၊

ပြောမယ်
100% ကေန 25% ကို
ဘယ်သူလျော့ချပေးသွားတာလဲ ?
ခင်ဗျားတို့ ပြောနေတဲ့ စစ်တပ်က
ဦးသန်းရွှေကြီးပဲ မဟုတ်လား ?

ဘာဖြစ်လို့ ကိုယ့်အလှည့်ကျမှ
25% ကို 20% ဖြစ်အောင်မလုပ်နိုင်ကြသလဲ
အင်ဒိုနီးရှားထက်ညံ့လို့ပေါ့
ဒါက အရှိတရား
Real politics. ငြင်းမရဘူး။

ဒါဆို ဆက်တွေးမယ်
အခန့်မသင့်လို့   25 ကနေ 100 ပြန်ဖြစ်ရင်
ဘယ်သူ့ကြောင့်လဲ ?

Triggering cause က
မဲမသမာမှု (၈.၆) သန်းကြောင့်
အဲ့ဒါကို မရှင်းလို့၊ ဘူးခံငြင်းနေကြလို့။

..................

တပ်ချုပ်ရဲ့ NDC မှာပြောတဲ့စကားက
သိပ်ရှင်းတယ်၊
ခြေဥကိုမလိုက်နာရင် ဖျက်ပစ်ပေါ့တဲ့။

ဘယ်အချိန်မျိုးမှ ခြေဥဖျက်ပစ်ရပါသလဲ ?
သူ ဒီစကားမျိုး ပြောချင်ပါ့မလား ?
ပြောဖြစ်အောင် ဘယ်သူတွေက
အတင်းတွန်းပို့နေသလဲ ?

မထိန်းချင်ဘူး
ဇွတ်လုပ်ကြတယ်
ထိန်းရင်တောင်မှ ဘယ်လို ဘယ်ဝှာတွေနဲ့
တုန့်ပြန်ကြမယ်ဆိုတာကိုရော တပ်ချုပ်က
မသိဘဲ နေမတဲ့လား၊

ဗျိုင်းမနားရင်
ပေါက်ပင်ကိုင်းမှာမဟုတ်ဘူး
" ကိုင်း" ရုံထက် " ကျိုး" အောင်တော့
မလုပ်ကြပါနဲ့။

အတ္တတွေကြောင့်
နိုင်ငံနဲ့
မျိုးဆက်သစ်တွေ အကျိုးမဲ့စေမဲ့
လုပ်ရပ်တွေ ရပ်ကြပါတော့။

နေဇင်လတ်
(1.28.2021)

❤️ Nay Zin Latt We Love ❤️ admin team မှ ပြန်လည်တင်ပြပါသည်။


Related Posts: