#သခင်စိတ်နဲ့ကျွန်စိတ် ကို ကိုလိုနီပြုမှုပုံစံ၊
အုပ်ချုပ်သူအုပ်ချုပ်ခံ ပုံစံအပေါ်
အရင်းခံဖွင့်ဆိုနေကြတာများပါတယ်။ပြီးတော့
အိမ်ရှင်နဲ့အစေခံ---အလုပ်ရှင်အလုပ်သမား
လယ်ရှင်လယ်ငှား---စတဲ့သဘောများအပေါ်
အခြေခံရှု့မြင်ခွဲခြားနေကြတာတွေ့ရ
ပါတယ်။
#စိတ်ပညာအမြင်နဲ့ ရှု့ရင်
အထက်က ဖွင့်ဆိုချက်တွေဟာ အဓိကမကျပါဘူး။
#သခင်စိတ်ဆိုတာက
●တာဝန်ခံစိတ်ပဲ။
အကြောင်းခြင်းရာစုံအပေါ်မှာ
ကိုယ်ပိုင်ဆိုင်တဲ့ အရာများအပေါ်ထားတဲ့
စိတ်စေတနာ နဲ့ ခံစားတွေးကြံလုပ်ဆောင်
ကြတာမျိုးပါ။
#ကျွန်စိတ်ဆိုတာက
●တာဝန်ကျေလုပ်တဲ့စိတ်ပဲ။
ကိုယ်ပိုင်ဆိုင်တဲ့ အရာများအပေါ် ထားတဲ့
စိတ်စေတနာလုံးဝ မပါတာ။
#ဥပမာသ ဘော---
●အလုပ်သမားတစ်ယောက်က သူ့ရဲ့အလုပ်တာဝန်
အပေါ် သူ့ကိုယ်ပိုင်အလုပ်အဖြစ်စိတ်ထားလုပ်တာ။
●ပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့တန်ဖိုး
ထား ထိန်းသိမ်းစောင့်ရှောက်တာ။
●လူသားများအပေါ် မိမိရင်ဝယ်သားကဲ့သို့ရှု့မြင်တာ
။---------!တွေဟာသခင်စိတ်ပဲ။
●#ကိုယ်တိုင်ပိုင်ဆိုင်သူများရဲ့စိတ်လေ!--
#သခင်စိတ်နဲ့လူသား!--
သခင်စိတ်နဲ့လူသားဟာ လက်ရှိကာလမှ
ပလပ်စတစ်ကောက်စားစား၊ကွမ်းရောင်းစားစား
၊သူတစ်ပါးအိမ်မှာ အဝတ်ပဲငှားလျှော်လျှော်
ဘာပဲလုပ်လုပ် ပန်းတိုင်တစ်ခုထား ကြိုးပမ်း
လုပ်မယ်ဆိုရင် အနာဂတ်တစ်ခုမှာ ကြီးပွား
ချမ်းသာမှုက အဆင်သင့်စောင့်နေတာပါ။
#တိုးတက်ကြီးပွားခြင်း!
တိုးတက်ကြီးပွား အောင်မြင်ခြင်းဟာ
သခင်စိတ်ရှိသူများအတွက် ဆုလဘ်ဖြစ်ပြီး
ကျွန်စိတ်ရှိသူ များတွက် အလှမ်းဝေးပါတယ်။
#သခင်စိတ်ထားပြီးကြံတွေးလုပ်ဆောင်ကြပါ။
#ကျွန်စိတ်ဝင်ပြီးနှောင့်ယှက်ဖျက်ဆီးမလုပ်ကြပါနဲ့။
ဒီလိုလုပ်တာ ကိုယ်တိုင်လည်းတန်ဖိုးမဲ့သွားပါတယ်။
ကိုယ်တိုင်လည်းပျက်စီးရ တာပါပဲ။
#သတိပြုနိုင်ကြပါစေ!
#ဦးသက်နိုင်ဦး