Thursday, October 21, 2021

🍁 မပြိုင်မီက ရှုံးနှင့်ပြီဆိုပဲ


တရုတ်တွေ နောက်ဆုံးစမ်းသပ်လိုက်တဲ့
ကမ္ဘာပါတ် လက်နက်ဆန်းက 
အမေရိကန်အပါအဝင် အနောက်အုပ်စုကို
အတော်လေးတုန်လှုပ်သွားစေတယ်၊

Long March ဒုံးနဲ့ အာကာသထဲပစ်တင်လိုက်ပြီး
အနိမ့်ပျံ ကမ္ဘာကိုပါတ်နေမဲ့ တရုတ်လုပ်
တိုက်ချင်းပစ်ဒုံးဟာ အမေရိကန်၊ ရုရှားတွေရဲ့
ဒုံးတွေလို မဟုတ်ပဲ၊ အကွာအဝေးကန့်သတ်ချက်
မရှိပဲ ပစ်နိုင်ပါတယ်တဲ့၊

*  အနိမ့်ပျံဖြစ်တဲ့အတွက်ရေဒါဖမ်းမမိနိုင်တာ
*  ဒုံးအလျင် 21,000 mph ( US- 15,000 mhp )
    အထိမြန်နှုံးမြင့်တာ၊
*  မြေပြင်အထက် (၂၅) မိုင်အကွာကနေ
    ပစ်မှတ်ကို ပစ်နိုင်တဲ့အတွက်၊ မျက်တောင်
    တခတ်အတွင်း ချေမှုန်းနိုင်တာ

စတဲ့နည်းပညာတွေက
ပြိုင်ဖက်ထက်သာလွန်တဲ့ နည်းပညာတွေ
ဖြစ်လာလို့...
အမေရိကန်လေ့လာသူ ပညာရှင်တွေက.. 
အမေရိကန်-တရုတ် စစ်အေးဟာ
ပြိုင်ပွဲအစမှာထဲက အမေရိကန်အနေနဲ့
အရှုံးနဲ့ရင်ဆိုင်နေရပြီလို့ မှတ်ချက်ပြုလာကြတာ
တွေ့ရပါတယ်။

တရုတ်တွေ စစ်ရေးနည်းပညာမှာ
အဲ့သလောက်အထိ တိုးတက်ထားလိမ့်မယ်လို့
မထင်မိရိုးအမှန်ပါ

#BaMaung.


Related Posts: