Monday, October 4, 2021

ယောပျိုဖြူရဲ့ ပုလဲလုံးလေး

- - - - - - - - - - - - - -
ဂန့်ဂေါ ဆိုရင်
ယောမြို့တော်လို့
ချက်ချင်းသိကြမှာပါ။

အညာဒေသ မကွေးနဲ့
တောင်ပေါ်ဒေသ
ချင်း ပြည်နယ် ကြားထဲက
ဘယ်သူနဲ့မှ
မတူတဲ့
ဓလေ့ ဘာသာစကားရှိတယ်။

ဗမာစကား ကို
အဓိပ္ပါယ် အနက်မပြောင်းလဲဘဲ
အသုံးအနှုံး ကွဲလွဲယုံသာ။

ရေခွက် ကို ရေခွ…
ရက်ရက်စက်စက်ကို
ကဇက် ကဇက်…
ထောက်ခံတယ်ကို
ထာပ…
သိချင်တယ်ကို
သိချန်တယ်…
ကြားချင်တယ်ကို
ကြားချန်တယ်…

လေသံဝဲဝဲ
စကားသံက ချွဲတဲတဲ ပါ။

အညာသူ တွေ လို
ချင်းပျိုဖြူတွေ လို
ညိုပြာညက် မဟုတ်။

ဝင်းမွတ် လှပတဲ့
အသားအရေ
ဖေါ်ရွေပျုဌာသော
အပြုံးလေးတွေကြောင့်…
ထိုင်မိတဲ့ဧည့်သည်ကို
ထပီးမပြန်နိုင်အောင်
ဖြစ်ရတယ်။

ယောသူတွေက
ဖျာနဲ့တင်ပါးခွာ လို့မရအောင်
ပြုစားတတ်တယ်ပေါ့လေ။

ယောပျိုဖြူ လေးလှပါတယ်ဆို
ရွှေလည်ဆွဲ က ယဉ်သကို…
ဆိုသည့်အတိုင်း…

ယောနယ်ရဲ့  အလှကို
မြစ်သာမြစ်က လည်ဆွဲပမာ
တန်ဆာဆင်ပေးထားတယ်။

ဒေသ အခေါ်'တော'
လို့ခေါ်တဲ့
စပါး ကိုင်း ယာ အားလုံးအတွက်
ဒီမြစ်ကလေးကဘဲ
အစစအရာ ဖြည့်ဆည်းပေးထားတယ်။

မြစ်သာမြစ်ဟာ
ယောဒေသ ရဲ့
အသက်…
ယောပျိုဖြူရဲ့
လည်ဆွဲ ပါဆိုရင်…

အလှပေါ် အယဉ်ဆင့်တဲ့
ရတနာ ပုလဲဆွဲသီးလေး
လည်း ဆင်မြန်းထားလို့ပေါ။

မြစ်သာမြစ်က
ပစောက်ကွေ့လေး နဲ့
လည်ဆွဲပမာ
ထွေးပွေ့ထားတဲ့
အလယ်မှာ ဘော်ပြင်းဆိုတဲ့
ရွာလေး တည်ရှိပါတယ်။

ဂန့်ဂေါ ကလေးလမ်းအတိုင်း
ဂန့်ဂေါဖက်က လာရင်
(၂၂) မိုင် အဝေးမှာ
တည်ရှိပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့
ဘော်ပြင်းရွာလေးဟာ
ဘာသာတရား ကိုင်းရှိုင်းတယ်။
ရိုးသားပြူငှာဖေါ်ရွေတယ်။

နွေရာသီမှာဆိုရင်
မြစ်သာ မြစ်ကို ဖြတ်ကူးဖို့
ယာယီဝါးတံတားလေး
ဆောက်ပေးထားသေးတယ်။

စည်ကားလှပတဲ့
ရွာလေးက စာသင်ကျောင်းဟာလည်း
အနီးပါတ်ဝန်းကျင်က
ဒေသ အားလုံးရဲ့
မှီခိုအားထားရာ
ပညာအလင်းတန်ဆောင်တိုင်လေးတစ်ခု
ဖြစ်တယ်။

၂၀၂၀ ရွေးကော်မဲဆွယ်ကာလမှာလည်း
အနီအစိမ်းမခွဲခြားဘဲ
ဘယ်အမတ်လာလာ
ကြည်ဖြူစွာနဲ့ကြိုဆို
ဧည့်ဝတ်လည်း
ကျေပွန်ခဲ့ ပါတယ်။

ယောပျိုဖြူ လေးဟာ
မြစ်သာဆွဲကြိုး
ပုလဲလည်ဆွဲ ဘော်ပြင်းရွာလေး ကြောင့်
ပိုပြီးလှပ
ပိုပြီးသာယာ စေပါတယ်။

အလှအပ သာယာပုံက
ထင်ရှားလွန်းလို့
ဒါရိုက်တာ ကိုပေါက်
စိုးပြည့်သဇင်တို့ရဲ့
ယော ပျိုဖြူ ဇတ်လမ်းလေးတောင်
လာရိုက်သွားသေးတယ်။

ဘော်ပြင်းရွာ ရဲ့
ထမင်းဟင်းကို…
ကိုပေါက်လည်း
ကြိတ်ဖူးသလို…
သက်မွန်မြင့်လည်း
စားဖူးတယ်။

ဒီလိုလှပ ရိုးသားတဲ့
ဘော်ပြင်းရွာလေးဟာ
လူယုတ်မာတွေ ငြိုငြင်ခြင်းကို
စတင်ခံရရှာတယ်။

မနာလို မရှု့စိမ့်သူတွေ
ကောက်ကျစ်ယုတ်မာ
အမုန်းပွားသူတွေရှိလာတယ်။

လူယုတ်မာတွေ ကတော့
ကန်ရွာသား မြင်းလှည်းမောင်းတဲ့
အမတ်မြင့်ဇော် နဲ့
ဂန်ဂေါ အမတ်မ ယဉ်မင်းလှိုင်
တို့ပါ။

မြင့်ဇော် ၂၀၁၅ မှာ
မကွေးတိုင်းဒေသ လျှပ်စစ်စွမ်းအင်ဝန်ကြီး
ဖြစ်ခဲ့ဖူးတယ်။
ဝန်ကြီးဘဝ မှာတင်
မောက်မာလွန်းလို့
NLD အချင်းချင်းသာမက
ပြည်သူတွေကပါ
မုန်းခဲ့ကြတယ်။
တိုင်းတစ်ခုလုံးမှာရှိရှိသမျှ
တာဝါတိုင်တည်နေရာတွေကို
သူ့ဖုန်းထဲမှာထည့်ပေးဖို့
NLD ဆသရ ဝန်ကြီးကို
တောင်းဆိုဖူးတယ်။

ကိုယ်ရှေ့မှာတင်ဘဲနော်။
လဒူ ဝန်ကြီးကလည်း
ပေးပါ့မယ်တဲ့။

တာဝါတိုင်တွေမိုင်းခွဲတာ
ဒီကောင်တွေကြောင့်လည်း
ဖြစ်နိုင်တယ်။

၂၀၂၀ ရွေးကော် မှာ
ဘော်ပြင်းရွာက
ပြည်ခိုင်ဖြိုးမဲနိုင်ခဲ့လို့ ပါတဲ့။

ဒီမိုကရေစီ ဆိုပြီး
ကွန်မြူနစ် ဆန်ဆန် အညိုးနဲ့
ဘော်ပြင်းရွာကို
လက်ညိုးထိုးဖျက်ဆီး
ဖို့ကြံစည်လာတယ်။

ဘော်ပြင်းရွာလေးကတော့
ရိုးသားစွာနဲ့
အလှပဆုံး ဆက်လက်နေထိုင်ဖို့
ကြိုးစား ခဲ့ပါတယ်။

ကျောင်းဖွင့်ချိန်မှာလည်း
အနီးတဝိုက်ရွာက ကျောင်းသားတွေအတွက်
အနီအစိမ်းမခွဲဘဲ
စာသင်နိုင်အောင် လုပ်ပေးရှာတယ်။

၁၀.၇.၂၀၂၁  နေ့မှာဘဲ
တွဲဖက် အ.ထ.က ကျောင်းကို
တိုးမြှင့် ဖွင့်လှစ်ခွင့်ရလို့
ပျော်ကြတယ်။

မြစ်စ်ဖက်ကမ်းက ကျောင်းသားတွေအတွက်
မိုးတွင်းကာလမှာဘဲ
သုံးတန် တံတားလေးကို ရအောင်
တည်ဆောက်ပေးတယ်။

ဒါကို
မြင့်ဇော်နဲ့ ယဉ်မင်းလှိုင်က
မကျေနပ်ပါဘူး။

စာမတတ်မှ
NLD ကိုထောက်ခံမယ်။
စာတတ်ရင်တောင်မှ
အသိမရှိမှ NLD ကို
ထောက်ခံမယ်လေ။

အမတ်ယုတ်တွေအကြိုက်
ဘော်ပြင်းရွာကို
သပ်ရှိုဖျက် စီး ပေးမဲ့သူက
ရွာခံ လူ ''စံမောင်''။

စံမောင် ဟာ ရွာဘုန်းကြီးကျောင်းက
ဘိလပ်မြေ ခိုးတာ မိလို့
ဘုန်းကြီးက ရိုက်ပုတ်နှင်ထုတ်ခံထားရသူ။

စံမောင် ရဲ့မိသားစုဟာ
စာရိတ္တမကောင်းလို့
ဘော်ပြင်းမှာ တရွာလုံးရဲ့ချဉ်ဖတ် ပါ။

ဒီမိသားစုဟာ
NLD ပါတီဝင်ဖြစ်သွားတယ်။

သူခိုးလူလိမ်
စံမောင်နဲ့သူ့ရဲ့သား
အောင်ကိုလတ် တို့ဟာ
DVB သတင်းထောက်
သတင်းပေးတွေ
ဖြစ်လာကြတယ်။

ခေတ်ပျက် ကာလမှာ
မီဒီညာသတင်းထောက်
သားအဖအတွက်
အကွက်ဝင်လာတယ်။

စစ်ကိုင်းတိုင်းက
မဟုတ်မမှန်သတင်း ဟူသမျှကို
DVB ကိုပို့တယ်။

ဒေသခံတွေကို
ငွေညှစ်တယ်။
ခြိမ်းခြောက်တယ်။

အာဋ္ဌာဝက အမည်ခံPDF ကြောင်သူတော် အဖွဲ့ နဲ့ပေါင်းမိသွားပါတော့တယ်။

ဖြူစင်ရိုးသားလှပသော
ဘော်ပြင်းရွာလေးအတွက်
ကံဆိုးမိုးမှောင်ကျခဲ့တဲ့
27.9.2021 ရက်နေ့…

အဲ့ဒီနေ့ ညနေမိုးရွာပီးစ
ညနေစောင်း အချိန်ပါ…
PDF အင်အား(၇၀)လောက်ဟာ
ဘော်ပြင်း ရွာကို
ဝင်ရောက်လာတယ်။

သူတို့ နဲ့အတူတူ
စံမောင်နဲ့ အောင်ကိုလတ် ပါလာတယ်။

လက်ထဲမှာ အမည်စာရင်းစာရွက်
တစ်ရွက်ပါလာတယ်။

ပြူစောထီး အမည်စာရင်းတဲ့။
အမှန်က စံမောင်တို့
သားအဖ နဲ့
မတည့်သူတွေပါ။

ပထမဆုံး ရှာတွေ့သွားသူက
ဒေါ်ပန်းအိ ရဲ့ သမီးလေး
မရွှေစင်ဦး ပါ။

မရွှေစင်ဦးက  အသက်(၁၈)နှစ်ဘဲ
ရှိသေးတယ်။
ဆယ်တန်းကျောင်းသူလေး
ဖြစ်တယ်။

PDF တွေဟာ
မရွှေစင်ဦး အိမ်ရှေ့ကို
ရောက်လာတယ်။
အိမ်ရှေ့က
နေလှမ်းခေါ်တယ်။

မရွှေစင်ဦးက
ထမင်းချက်နေပြီး
သူ့အမေ ဒေါ်ပန်းအိက
အဝတ်လျှော်နေတယ်။

မရွှေစင်ဦး ထွက်သွားချိန်မှာ
ခြံအဝမှာတင်
ပစ်သတ်ပါတယ်။

အဝတ်လျှော်နေတဲ့
ဒေါ်ပန်းအိဟာ…

သမီးလေး…
"သမီးလေးကို မလုပ်ပါနဲ့" လို့
အော်ပီး
ပြေးထွက်လာတယ်။

မရွှေစင်ဦး လဲကျသွားချိန်မှာ
ဆက်တိုက် လေးချက်ပစ်တယ်။

ဒေါ်ပန်းအိ ကငယ်သံပါအောင် အော်ပီး
ပြေးထွက်လာတယ်။
သူ့သမီး အပေါ်မှာ သူခန္ဓာကိုယ်နဲ့
မှောက်အုပ်ပြီး
ကာကွယ်ပေးရှာတယ်။

နောက်ဆုံးတစ်ချက် က
ဒေါ်ပန်းအိရဲ့ လက်မောင်းရိုးကို
ထိတယ်။

PDF တွေဟာ
လွတ်လပ်ရေးရပြီးစအချိန်
ကွန်မြူနစ်ဓါးပြတွေ
ရွာကို လုယက်သတ်ဖြတ်
နေသလိုပါဘဲ။

ခလေးမလေးဟာ
ပြူစောထီးကိုလည်း
မသိပါဘူး။
စစ်တပ်သတင်းပေးလည်း
မဟုတ်ပါဘူး။

ဒါပေမဲ့…
သူ့မှာ အပြစ်ရှိတယ်။
သူက စံမောင် ဘုန်းကြီးကျောင်း ထဲက
ဘိလပ်မြေ ခိုးထုတ်ကို
မြင်ခဲ့ တယ်။
ဘုန်းကြီးကို
လျှောက်ခဲ့တယ်။

အခုတော့…
မရွှေစင်ဦးခမျှာ
ဂန့်ဂေါ PDF တွေရဲ့
ဒီမိုကရေစီ တော်လှန်ရေးမှာ
သားကောင် ဖြစ်ရရှာပြီ။

စံမောင် ခိုင်းတာလုပ်နေတဲ့
PDFတွေဟာ…
သမီးလေးကို ဖက်ပြီး
ငိုယိုနေတဲ့
သားအမိကို ထားပြီး
ရွာထဲကို ဆက်ထွက်သွားတယ်။

ဒုတိယ တစ်ယောက်ကတော့
ဦးမြင့်ထွန်းဖြစ်ပါတယ်။
ဦးမြင့်ထွန်းကတော့
သူ့သားဟာ
စစ်ဗိုလ်ဖြစ်နေလို့ပါ တဲ့။

ဦးမြင့် ထွန်း ခမျာမှာတော့
ဆိုင်ကယ် နဲ့ ထွက်ပြေးမယ်
လုပ်နေတုံး
သူ့ခြံထဲမှာတင်
ပစ်သတ်ခံရတယ်။

ဆက်လက်ပြီး
ဦးဝင်းမောင်တို့သားအဖကို
ပစ်သတ်ပါတယ်။

ဦးကျော်ရင် ကို
အိမ်နောက်ဖက် ထွက်အပြေးမှာ
အတွဲလိုက် ဝိုင်းပစ်တယ်။
ထိသွားတယ်။

မြစ်သာမြစ်ရဲ့
ပုလဲလုံးလည်ဆွဲ ရွာ
ဘော်ပြင်း အတွက်ကတော့…
ကမ္ဘာ ပျက်တဲ့
ညနေခင်းပါဘဲ။

စံမောင် နဲ့အောင်ကိုလတ်တို့ရဲ့
မကျေနပ်သမျှကို
တော်လှန်ရေးအမည်ခံ
pdf တွေ ကလုပ်ဆောင်သွားတယ်။
အပြစ်မဲ့ရွာသားတွေကို
ပစ်သတ်သွားတယ်။

လူ(၉)ယောက်ကို
ပစ်သတ်သွားပြီး
လူ(၅)ယောက်ကို
လည်ပင်း ကြိုးတုတ်ကာ
ဆိုင်ကယ်နောက်မှာ
ဆွဲခေါ်သွားတယ်။

အားလုံးဟာ
ရိုးသားတဲ့
အပြစ်မဲ့
လက်နက်မဲ့ရွာသားတွေပါ။

DVB သတင်းထောက်တွေ
ဆိုတော့
ည(၈)နာရီ DVB သတင်းမှာ
ပါလာတယ်။

သတင်းပို့တဲ့
သူဟာ သတင်းထောက်အောင်ကိုလတ်နဲ့
သူ့အဖေ ပါ။
သခိုး လူလိမ်
လူသတ်သမားတွေ ဖြစ်တယ်။

သူတို့ကဘဲ
လုပ်ပြီး
သူတို့ကဘဲ
လိမ်ညာသတင်းပို့တယ်။
DVB ဟာ
လူသတ်သမား မီဒီညာဆိုတာ
ထင်ရှားနေပါတယ်။

အဲ့ဒီနေ့ ညနေ
စဖြစ်လျှင်ဖြစ်ခြင်းမှာ
တာဝန်ရှိလူကြီးတွေ
သတင်းရရှိတယ်။

အမြန်ဆုံးကယ်ဆယ်ဖို့
ကြိုးစားကြတယ်။

ဂန့်ဂေါနယ်တစ်နယ်လုံးမှာ
တစ်ခုထဲသောတပ်က
အဝေးရောက်နေရှာတယ်။

ကံဆိုးကံကောင်းပါဘဲ။
မရွှေစင်ဦး
သူ့အမေဒေါ်ပန်းအိနဲ့
ဦးကျော်ရင်ဟာ
မသေကြဘူး။

ဒဏ်ရာအပြင်းအထန်ရပြီး
ကျန်ခဲ့ကြတယ်။
သူတို့ကို
တပ်ထွက် အငြိမ်းစား
ဆေးတပ်သားတစ်ယောက်က
ကုသပြီး
ဖွက်ပေးထားရတယ်။

အဲ့ဒီအငြိမ်းစားဆေးတပ်သားဟာလည်း
စံမောင်တို့ လိုက်ရှာတဲ့
စာရင်းထဲမှာ
ပါဝင်နေပါတယ်။

တစ်ကယ်တော့
ရိုးသားတဲ့ဂန့်ဂေါနယ်မှာ
လူမိုက်တွေ တောကြောင်
ထတာ ဖြစ်တယ်။

ဘာဒီမိုကရေစီ မှ
မဟုတ်ဖူး။
မဲမခိုးဘူးဆိုရင်
တပ်မတော်က စစ်ဆေးပေးပါလို့
(၂၆)ကြိမ်တိတိ တောင်းဆိုတာကို
ဘာ့ကြောင့်
မဖြေရှင်းပေးရတာလဲ?

ရွေးကော်မှာ
UEC က အသုံးပြုခဲ့တဲ့
ကွန်ပြူတာ ဇယားတွေကို
Soft/hard copy
မူရင်းအတိုင်းထုတ်ပြီး
သံရုံးအားလုံးကို
ဖြန့်ဝေထားပီးပါပြီ။

ဘယ်နိုင်ငံမှ
မဲမခိုးပါဘူးလို့
လာမငြင်းရဲပါဘူး။

ဒါပေမဲ့
NLD ထိပ်ပိုင်း တွေဟာ
ယုတ်မာ ခဲ့တယ်။
တစ်ခါမှ မရဖူးတဲ့
စည်းစိမ်း ဥစ္စာ အာဏာမှာ
ယစ်မူး ခဲ့ကြတယ်။

သူတို့ညဏ်ရည် အဆင့်အတန်းနဲ့
ဒီလိုအာဏာ စည်းစိမ်ကို
ဘယ်အခါမှ မရနိုင်ဘူးလေ။

ဒီတော့
ပြည်သူအချင်းချင်း
သတ်ဖြတ်စေသော
Sectrian war ကို
ဖန်တီး ထားခဲ့တာ။

ဒီလိုလုပ်လို့
ဘယ်အာဏာရှင်မှ ပြုတ်မကျသလို
ဘာဒီမိုကရေစီမှလည်း
မရနိုင်ပါဘူး။

NLD ဟာလည်း
ဒီမိုကေရစီ ကို
နားမလည်သလို
တတ်လည်းမတတ်ပါဘူး။

အပြစ်မဲ့ပြည်သူတွေ
ငတ်ပြတ် သေကြေကုန်ပြီး
ရပ်ရွာတွေ ပျက်သုန်း
ယုံသာရှိပါတယ်။

အခုတော့
ယောပျိုဖြူရဲ့
လည်ဆွဲလေး
မျက်ရည်ကျရှာပြီ။
ငိုကြွေးရလေပြီ။

တပ်မတော်ဟာ
ဒဏ်ရာရရှိနေတဲ့ရွာသားတွေကို
အမြန်ဆုံးကယ်ဆယ်နိုင်ရေး
ကြိုး စားရပါတော့မယ်။

အာဋ္ဌာဝက ဆိုတဲ့
pdf ဓါးပြအဖွဲ့ဟာ
ဒါကိုသိနေပါတယ်။

ထယ်လှော်ရွာအနောက်ဖက်မှာရှိနေတဲ့
pdf စခန်းဆိုတာ
ကျနော်တစ်ခါတင်ပြခဲ့သလို
ဘိန်းခန်း ဖာဘိ လောင်းကစား
အရက်ဖို တွေ
ပြည့်နှက်နေတာပါ။

အင်အား(၄၀၀)ကျော်
ရှိပါတယ်။
သဘာဝလှိုင်ဂူတွေရှိတယ်။
တပ်မတော် လာရင်
တိုက်မယ်ပေါ့။

ကြိမ်းဝါးချက်ကတော့
မိုးပြိုမတတ်ပါဘဲ။

ကလေးဖက်က
ဆင်းလာတဲ့
လမ်းကို အင်အား(၁၀၀)ကျော်နဲ့
ပိတ်ဆို့တယ်။
မိုင်းတွေထောင်တယ်။

ဂန့်ဂေါ ဖက်ကလာမဲ့တပ်ကို
ဂန့်ဂေါ လမ်းဆုံမှာ
အင်အား(၂၀၀)နဲ့
ပိတ်ဆို့တယ်။

ဂန့်ဂေါဖက်ကအလာ
ဘော်ပြင်း မရောက်မှီ
သုံးမိုင်အလို

တောင်ကြားလမ်းမှာ
အင်အား(၁၀၀)နဲ့
စောင့်တယ်။

အာဋ္ဌာဝက ခေါင်းဆောင်တွေလား?
ကျောက်ဖြူတောင်စခန်းမှာ
CDM မလေးတွေနဲ့
ယာမ ရှုရင်း
မိတ်လိုက် မပျက်ဖူး။

လုပ်လိုက်သေးတယ်။
စစ်ရေးတင်းမာသဖြင့်
ယောဒေသ လမ်းကြောင်းအား
ပိတ်ဆို့ထား လိုက်ကြောင်း တဲ့…
ကြော်ညာလိုက်သေးတယ်။

မသိရင်ဘဲ
အာဖကန်က စစ်ဘုရင်တွေ လိုလို…

ကယ်ဆယ်ရေး
တပ်မတော်စစ်ကြောင်းဟာ
29.9.2021 နေ့မနက်စောစော မှ
နှမ်းခါးရွာ ထိပ်ကို
ရောက်ရှိလာပါတယ်။

ဆင်ဖမ်းမယ် ကျားဖမ်းမယ်
ကြွေးကြော်နေတဲ့
pdf အင်အား(၁၀၀)ဟာ
ရှေ့ဆုံးက ပွိုင့်စစ်သည်ရဲ့
ဦးထုတ် အစွန်းလေးကို
မြင်ယုံနဲ့
ထပြေးပါတော့တယ်။

ရှေ့ဆုံးက
ကောင်က ပြေးတော့
နောက်က pdfတွေ
အကုန်လိုက်ပြေးတယ်။…

ဆိုင်ကယ်တွေနဲ့ ဖုန်တလုံးလုံး
ထအောင်ပြေးနေတဲ့
pdfတွေကို
တပ်မတော်က ကွန်မန်ဒို
စိန်ပြောင်းနဲ့ တစ်ချက်လှမ်း
ပစ်ပါတယ်။

စစ်ရည်ဝနေတဲ့ စိန်ပြောင်းသမားဟာ
လက်ဖြောင့် တယ်။
မှန်းချက်တော်တယ်။
ချက်ကောင်းကို
ထိတယ်။

pdf (၇)ယောက်နဲ့
ဆိုင်ကယ် (၃)စီး
သေနတ်(၇)လက်
မှောက် ကျန်ခဲ့တယ်။

အောင်မာ…
ဒီသတင်းကိုဘဲ
သူတို့က လံကြုတ်ပီး
တင်လိုက်သေး။
''စစ်ကောင်စီရဲ့
ရှေ့ပြေးဆိုင်ကယ်အဖွဲ့(၇)ဦး
ကျဆုံး'' ဆိုဘဲ။

တပ်မတော်မော်တော်ဆိုင်ကယ်တပ်ဖွဲ့
ဘယ်တုံးက ဖွဲ့လိုက်ပါလိမ့်။

ဆိုင်ကယ် ပျက်လို့…
ဆိုင်ကယ်ပေါ် တက်လိုက်ဖို့
အချိန်မမှီလို့…
နောက်ကျတဲ့ခြေထောက်
သစ္စာဖေါက် ဆိုပီး ထားရစ်ခဲ့ပြီး
ပြေးကြလို့…

နှမ်းခါး တောင်ပေါ်မှာ
pdf (၁၀)ယောက်ကို
ဆိုင်ကယ်(၂)စီး၊
လက်နက်တွေနဲ့အတူ
အရှင်ဖမ်း မိပါတယ်။

အဖမ်းခံရတဲ့
pdfတွေ သတ္တိကောင်းလိုက်တာ…

အသက်သုံးဆယ်လောက်ရှိတဲ့
pdfက.…
အသက်နှစ်ဆယ်ကျော်လောက်
စစ်သားလေးကို
ဦးဦး စစ်သားကြီးရယ်
သားကို မသတ်ပါနဲ့နော်…တဲ့။

ရှစ်ခိုးနေလိုက်တာ…
အကြိမ်ကြိမ်ပါဘဲ။

ကလေးဖက် က
pdf ခံစစ်ကြောင်း ကတော့…
ပွိုင့်စစ်သည်ရဲ့
ဦးထုတ် အဖျား ကို
မြင်ယုံနဲ့ 
တပ်ပျက်ကာ ထွက်ပြေးကာ
ပလုံ သွားပါတယ်။

ဂန့်ဂေါ ဖက်က တက်လာတဲ့
တပ်မတော်စစ်ကြောင်း ကလည်း
30.9.2021ရက်နေ့
ဂန့်ဂေါလမ်းဆုံ မှာ
မိုင်းတွေနဲ့အတူ
စောင့်နေတဲ့
pdf(၂၀၀)ကျော်နဲ့
တိုက်ပွဲဖြစ်ပါတယ်။

ဒီအဖွဲ့လည်း ထိုနည်းလည်းကောင်းပါဘဲ။
ဆိုင်ကယ်တွေနဲ့အတူတူ
pdf အလောင်း(၃၀)ကျော်
ကျန်ရစ်ခဲ့တယ်။

pdf စခန်း(၅)ခု ကို
လက်နက်တွေ
ရေသန့်ဗူးတွေ
ယာမ ဆေးပြားတွေ
ကွန်ဒုံးတွေနဲ့ အတူ
သိမ်းဆည်း ရမိခဲ့ပါတယ်။

နှမ်းခါး ဖက်က
ချီတက်လာတဲ့ စစ်ကြောင်းဟာ…
တောင်ခရမ်း
မြောက်ခရမ်းရွာတွေကို
ဖြတ်ကျော်ပြီး
ချီတက်လာပါတယ်။

မြောက်ခရမ်းဆိုတာက
ကျနော်တို့ရဲ့ Heroကြီး
ဘူးလက် ထီးနန်းစိုက်ရာ
ဒေသပါ။

Hero ကြီးလား?
ရရာလက်နက်စွဲကိုင်ပြီး
သူ့နယ်မြေသူ ကာကွယ်နေလျက်ပါ။

တစ်ကယ့်တန်ဖိုးရှိ
ပြည်သူ့ အမတ် စစ်စစ်ပါဗျာ။
အဘဘူးလက် ရယ်
Royl ရယ်
ကွန်မန်ဒို စစ်ကြောင်းရယ်…
လက်တွဲမိပြီပေါ့။

မြောက်ခရမ်းရွာ ကနေ
ဆက်လက်ချီတက်လာတဲ့
စစ်ကြောင်းဟာ
30.9.2021ရက်နေ့မှာ
တိုက်ပွဲ ဖြစ်ပါတယ်။

ဘော်ပြင်းရွာ မရောက်ခင်
နှစ်မိုင်အလို
ဝါးရှင်း လမ်းဆုံမှာပါ။

ထုံးစံအတိုင်း
ပစ်ပြေးပါဘဲ။

ဒါပေမဲ့…
အဲ့ဒီ စစ်ကြောင်းရဲ့
လက်သံပြောင်ချက်က
ဒေသခံ တွေ
သြချရလောက်တယ်။

pdf အလောင်း (၁၁)လောင်း
လက်နက် (၇)လက်
မိုင်းများနဲ့
အတူတူ
ဆိုင်ကယ်(၁၇)စီးကို
သိမ်းဆည်း
ရမိပါတယ်။

စစ်သား တွေက
ဒီဆိုင်ကယ်တွေကို
အပိုင်စီးတယ် မထင်နဲ့
နေရာမှာတင်
မီးရှို့ပစ်လိုက်တယ်။

အဲ့ဒီနေ့ညနေမှာ ဘဲ…
ဘော်ပြင်းရွာကို
ရောက်ရှိပြီး
ဒဏ်ရာပြင်းထန်စွာရရှိနေတဲ့
မရွှေစင်ဦး
ဒေါ်ပန်းအိ
ဦးကျော်ရင်တို့ ကို
တွေ့ရှိကယ်ဆယ် နိုင်ခဲ့ပါတယ်။

စစ်ကြောင်းမှာပါတဲ့
ဆေးမှုး ဆေးတပ်သားနဲ့
ကုသပြီး အခြေအနေကို
ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

1.10.2021 နေ့မှာတော့…
စစ်ကြောင်းက
ထုတ်နုတ်တစ်ဖွဲ့ဟာ
ဘော်ပြင်းရွာ အနီးတစ်ဝိုက်
နယ်မြေလုံခြုံရေးကို
စတင်ဆောင်ရွက်ပါတယ်။

ထိတွေမှု့နှစ်ကြိမ်ဖြစ်ပီး
pdf (၆)လောင်းကို
လက်နက်(၇)လက်နဲ့
ဖမ်းဆီးရမိပါတယ်။

စစ်ကြောင်းဟာ
ဘော်ပြင်းရွာကို
ဝင်လာတဲ့ မြင်ကွင်းကို
စာဖတ်သူတွေအားလုံး
မြင်တွေ့စေချင်ပါတယ်။

တရွာလုံး
ခလေးလူကြီးမကျန်
ငိုကျတယ်။
ဝမ်းနဲဝမ်းသာ
ဖြစ်ရတယ်။

ခလေးတွေဆိုရင်…
စစ်သား လေးတွေရဲ့
ပုခုန်းကို ချိတ်တက်လို့…

အမေအိုကြီးတွေက
မျက်ရည်တစမ်းစမ်းနဲ့
ဦးလေးကြီးတွေက
လက်တွေကမ်းလို့…

ယောဒေသရဲ့ပုလဲလုံးလေး
ပြန်လည်တောက်ပြောင်လို့
ယောပျိုဖြူ လည်တိုင်
ကျော့ကျော့မှာ
လှလှပပ
ဝင့်ကြွားစွာ ဆင်မြန်းခွင့်
ပြန်ရပါတော့မယ်။

ဒီစစ်သားတွေကို
တစ်သက်လုံး ရွာထဲမှာ
စရိတ်ငြိမ်းထားပြီး
ကြွေးထားပါရစေ…တဲ့။

ပြည်ပအားကိုး
ပုဆိန်ရိုးတွေ ကသာ
အနှစ်သုံးဆယ်ကျော်
မရေမရာမှိုင်းတွေမိပြီး
နီပိတ် ဘဝနဲ့
စစ်သားကို
မုန်းနေကြတာပါ။

မငြိမ်းချမ်းတဲ့
ဒေသ မှာ
စစ်သားဆိုတာ
ရေ လို လ လို
အေးမြတဲ့
အားကိုး စရာတစ်ခု
ဖြစ်ပါတယ်။

အံ့သြစရာကောင်းတာက…
pdf တွေ ဖင်မှီးတန်းအောင်
ထွက်ပြေးတဲ့
စစ်ကြောင်းဟာ(၂၂)ယောက်ဘဲ
ရှိတဲ့ တပ်စုလေးတစ်စုသာ
ဖြစ်တယ်။

စစ်အင်အားဟာ
''လဝ'' ဆိုပေမဲ့
တနယ်လုံးရွာစဉ်အထပ်ထပ်
ဖြတ်လာတဲ့
ဒီအင်အားကို
လိမ်ညာလို့ မရပါဘူး။

ဂန့်ဂေါ pdf က
ကြော်ညာလိုက်သေးတယ်။
နှမ်းခါးတိုက်ပွဲမှာ…
စစ်ကောင်စီတပ်သား
(၂၀) ကျဆုံးသတဲ့…

ဒါဆိုရင်
(၂)ယောက် ဘဲကျန်တော့တာပေါ့နော်။
ဘာလို့ pdf တွေက 
ထွက်ပြေးနေရသလဲ?

အခုတော့…
DVBနဲ့ ပေါင်းပြီး
ပြည်သူတွေကို
လုယက်သတ်ဖြတ်
အနိုင်ကျင့်နေတဲ့…
အာဋ္ဌာဝက အဖွဲ့ဟာ
ကြမ္မာငင်နေပါပြီ။

သွေးပျက်နေကြပြီ။

သူတို့ထဲက
ထွက်ပြေးနေတဲ့သူတွေကို
အချင်းချင်း လိုက်သတ်နေကြပြီ။

ဒီနေ့
2.10.2021 ရက်နေ့မှာ
စခန်းက ထွက်ပြေးလာတဲ့
ကန်ရွာသား
(၁၉)နှစ်အရွယ် pdf နှစ်ယောက်ကို
ပြန်လာသတ်သွားတယ်။
တစ်ယောက်
ဦးတင်ဝ ရဲ့သားပါ။

ဂန့်ဂေါ က တက်လာမယ့်
ကုန်ကားတွေကို
pdf က ခြိမ်းခြောက်ပီး
တားမြစ်ထားတာ
တစ်ပတ်ရှိပါပြီ။

ဒီနေ့မှာတော့…
စစ်ကြောင်း နဲ့အတူတူ
ကုန်ကား ယဉ်တန်းကြီးလည်း
ပျော်ရွှင်စွာ
လိုက်ပါသွားလေရဲ့…

ယောနယ်pdf ကတော့
လိုင်းပေါ်မှာ ဒေါပွနေကြလေရဲ့…
(ငိုသံ ပါပါ ကြီးနဲ့ပေါ့လေ)

ဒီဖြစ်စဉ်တွေကြားထဲမှာ
ဘော်ပြင်းရွာက
အသတ်ခံရတဲ့
အပြစ်မဲ့ လက်နက်မဲ့
ရွာသား (၁၂)ဦး အထိ ရှိပါတယ်။

ဒီဖြစ်ရပ်တွေအပေါ်မှာ
pdf ထဲဝင်သွားတဲ့
ဒါရိုက်တာ ကိုပေါက်
မရှက်ဖူးလား?

ဘော်ပြင်းရွာသူရွာသားတွေ
အပြုံးချိုချိုနဲ့
ဧည့်ခံသမျှကို
တဝတပြဲစားသွားတဲ့
ကိုပေါက်နဲ့ သက်မွန်မြင့်တို့
လိပ်ပြာလုံပါရဲ့လား။

လူသတ်လုယက်
လိမ်ညာသတင်းတင်တာကို
ယုံနေတဲ့
နီပိတ်တွေ အမြင်မှန်
မရကြသေးဘူးလား?
ဒီလို pdf တွေကို
ထောက်ခံမိနေတာ
အိပ်ပျော်စားဝင်ပါရဲ့လား?

ဒီနေ့ မှာဘဲ…
ဒဏ်ရာရ ရှိတဲ့ မရွှေစင်ဦးအပါအဝင်
ရွာသားတွေဟာ
ကလေးမြို့က ကုတင်(၁၀၀)
တပ်မတော်ဆေးရုံကို
ချောမောစွာ ရောက်ရှိသွားပါပြီ။

သေနတ်သုံးချက်မှန်ထားတဲ့
ဦးကျော်ရင် က
ကားပေါ်တက်ခါနီးမှာ
စကားလေးတွေ
ပြောသွားတယ်။

သူဒီလို အသက်ရှင်ရတာဟာ
ဘုရား ကျေးဇူး စစ်သားကျေးဇူး
ကြောင့်ပါဘဲတဲ့…

နှစ်စဉ်နှစ်တိုင်း
အလောင်းတော် ကဿဖ ကိုလာတဲ့
ဘုရားဖူးတွေ ရဲ့
ပစ္စည်းလေးတွေကို
ကုသိုလ်ဖြစ် အလကား
လိုက်ထမ်းပို့ပေးခဲ့လို့…

နောက်တစ်ခု ကတော့
တပ်မတော်ကြီးကို
သစ္စာမပျက် ချစ်ခင်လေးစားခဲ့လို့ပါ
တဲ့…

ဟုတ်ပါတယ်။
သူပြောတာ
မှန်မှာပါ။

''ဒီအရေးခင်းမှာ
ငါသည်သော်လည်ကောင်း
ငါ၏ရန်သူသည်သော်လည်ကောင်း
သာသနာကို အမှန်တစ်ကယ်စောင့်ရှောက်သူသာလျှင်
အနိုင်ရရှိပါစေ''…

ဒီသတင်း ဒီဇာတ်လမ်းကို
မညာတတ်တဲ့
ယောသားတွေက
ဝန်ခံပါလိမ့်မယ်။

ခဲပစ်တဲ့သူ ကို ဆုံးမနေတဲ့
တပ်မတွေ
ပြည်မထဲကို ပြန်ဝင်လာနေကြပါပြီ။

စစ်ကိုင်းတိုင်းသာမက
ပြည်နယ်အားလုံး
သာယာလှပလာပါလိမ့်မယ်။

ယောပျိုဖြူရဲ့
ပုလဲလုံးလေးဟာ
လည်တိုင်ကျော့ကျော့မှာ
ထာဝရရွှင်လန်း
တောက်ပနိုင်ပါစေ…လို့။

မိုးအောင်တင်(Royal)

https://m.facebook.com/story.php?story_fbid=149834157353772&id=100069815649418

https://m.facebook.com/story.php?story_fbid=150527257284462&id=100069815649418

https://m.facebook.com/story.php?story_fbid=150617803942074&id=100069815649418

https://m.facebook.com/story.php?story_fbid=151202297216958&id=100069815649418

https://www.facebook.com/100070067089848/posts/147154884296747/
copy ယူ ပီး ပြန်တင်ပေးကြပါ။