Monday, October 4, 2021

ပရုတ်လုံံး


NUG နဲ့ PDF တို့ရဲ့တော်လှန်ရေး
ကြွေးကြော်သံဖြစ်တဲ့ငါတို့နိုင်မှာဆိုတာ
လက်ခံပါတယ်။

ဒါပေမယ့် တစ်ခုသိလို မေးလိုတာက
နိုင်ရင်ဘာဆက်လုပ်မှာလဲဆိုတာပါ။

PDF နိုင်ရင် မြန်မာ့တပ်မတော်မရှိတော့ဘူး။
ဒါဆိုရင်ဖြစ်လာမယ့်အကျိုးဆက်ကဘာဖြစ်မလဲ။

တာလီဘန်တွေလို တစ်စုတစ်စည်းတည်း
ရှိပါ့မလား။

အခုချိန်မှာ PDF ကို ဘယ်သူဦးဆောင်နေသလဲ။
ဘယ်သူကဆရာလဲ။

NUG က ကာကွယ်ရေးဝန်ကြီးဆိုတဲ့သူအနေနဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်
သြဇာညောင်းရဲ့လား။ သူကိုယ်တိုင်ရော
အထင်ကရအထွေထွေအတွင်းရေးမှုးကြီးရဲ့
အစောင့်ရှောက်ခံ ဖြစ်နေတာဆိုတော့ 
အဲ့ဒီသူ ရဲ့သဘောထားကို လွန်ဆန်
နိုင်ပါ့မလား။

PDF ကရော မြန်မာ့တပ်မတော်အဖြစ်အသွင်
ပြောင်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို
သြဇာညောင်းပါ့မလား။ ကိုင်တွယ်နိုင်ပါ့မလား။

တော်လှန်ရေးပြီးလို့ ဖက်ဒရယ်တပ်မတော်
တည်ထောင်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်
တွေက NUG နဲ့ NLD နောက်လိုက်မယ်ထင်နေ
သလား။

အတွေ့အကြုံအရ မြင်နေတာက 
တိုင်းပြည် အဖတ်ဆည်မရအောင်
အစိတ်စိတ်အမွှာမွှာသာ ဖြစ်သွားမှာပါ။ 

ကံမကောင်းရင် တရုတ်က တစ်ပိုင်း
အနောက်ကတစ်ပိုင်း အထိဖြစ်သွားမှာ 
မြင်နေရတယ်။

သေချာလေးလေးနက်နက်
အရှည်ကို မျှော်တွေးစေချင်ပါတယ်။

ရပ်သင့်တာရပ်ပြီး
နိုင်ငံရေးကိုနိုင်ငံရေးအတိုင်း
သွားစေချင်ပါတယ်။

ဇော်ဝေစိုးတို့ ဝင်းမြတ်အေးတို့အပါအဝင်
အခုဦးဆောင်နေတဲ့သူတွေ နိုင်ရင် အပေါ်မှာ
ပြောထားတာလေးတွေ ဘာဆက်လုပ်မလဲ
ရှင်းပြကြပါအုံး။

လက်တွေ့ကျကျ လက်ခံနိုင်တဲ့
အတိုင်းအတာအထိပေါ့။

ပြည်ပျက်မှ ငါတို့လုပ်တာမဟုတ်ဘူး
မပြောနဲ့။ ဇော်ဝေစိုးပြောတဲ့CDM က
သူခိုင်းတာမဟုတ်ဘူးလို့ပြောသလို
ရှောင်ထွက်မှာမြင်နေလို့။ 

ဒီပုံစံအတိုင်းသွား။
အဖြေက နှစ်ခုပဲရှိတယ်။

လုံးပါးပါးမှာနဲ့
အလုံးစုံပျက်စီးမှာ။

ပြတ်ပြတ်သားသားလုပ်သင့်တာ
လုပ်ကြပါ။ မပြတ်သားရင် ပရုတ်လုံးလို
လုံးပါးပါးလိမ့်မယ်။

တိုင်းပြည်နဲ့ ပြည်သူ့ဘဝကို
စဉ်းစားကြပါ။

ဝင်းနိုင်သောင်း
၂၇ ၀၉ ၂၀၂၁။