စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
စုစည်းရောက်ရှိသွားတဲ့ PDFတပ်
တွေဟာ အခုဆိုရင် ထွက်ပေါက်တွေ
ပိတ်ဆို့ထားခံနေရပြီးဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ အစပ်တွေမှာ
လုံခြုံရေးတင်းကြပ်ထားပြီး ကယား
နဲ့ချင်းဘက်ကပြေးလာတဲ့ PDFတွေ
လည်း မကွေးတိုင်းနဲ့အစပ် ဂန့်ဂေါ၊
ကလေး၊ပုလဲ စတဲ့ဘက်မှာ အထိုင်ချ
နေကြရတယ်လို့ သတင်းရရှိပါတယ်။
တပ်မတော်ဘက်က မိုးကုန်လို့ဆောင်းဝင်လာတဲ့ ပွင့်လင်းရာသီမှာ အနော်ရထာစစ်ဆင်ရေးလို့အမည်ရတဲ့ နယ်မြေရှင်းလင်းရေး
PDF အမြစ်ဖြတ်ရေးလုပ်ဖို့စီစဥ်ပြီးပါပြီ။ တပ်အပြာင်းအရွှေ့တွေလုပ်ထားပြီး၊ စစ်ဆင်ရေးနယ်မြေတွေလဲ
သတ်မှတ်ထားပြီးဖြစ်ပါတယ်။
ဘယ်တပ်ကတိုက်မယ်၊ ဘယ်တပ်ကဝန်းရံမယ်၊ ဘယ်တပ်ကပိတ်ဆို့မယ် ဆိုတာကို နယ်မြေအနေအထားအရ စစ်ဗျူဟာခင်းပြီးပြီဘဲဖြစ်ပါတယ်။
လက်နက်ကြီးနဲ့ ယန္တယားတပ်တွေ
တင့်ကားတွေလဲ အဆင်သင့်ပြင်ထားပါတယ်။
PDFဘက်ကတော့
KIA နဲ့အဆက်အသွယ်ဖြတ်ခံရပြီး စစ်ကိုင်းတိုင်းအတွင်း ပိတ်ဆို့ခံလိုက်ရတယ်ဆိုတာ သဘောပေါက်တာ မကြာသေးပါဘူး။ သိသိချင်း ဖောက်ထွက်ဖို့ကြိုးစားကြပေမယ့် ဒီနေ့အထိတော့ အပိတ်ဆို့ခံနေရဆဲဖြစ်ပါတယ်။
အနော်ရထာမင်းကြီးဟာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ပုဂံပြည်မှာ ထွန်းလင်းတောက်ပစေခဲ့ပြီး ယနေ့အထိ မြန်မာပြည်မှာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားပြန့်ပွါးစေခဲ့တဲ့ သာသနာပြုမင်းကြီးမို့ ၎င်းရဲ့နာမည်နဲ့ ပြုလုပ်မယ့် စစ်ဆင်ရေးကြီးဟာလဲမြန်မာပြည်မှာ ဘာသာသာသနာထွန်းကားပြီး အေးချမ်းသာယာတော့မယ့် စစ်ဆင်ရေးကြီးမို့ ထောက်ခံကြိိုဆိုလိုက်ရပါတယ်။
#သတင်းတမာန်
#ရဲခေါင်