လူတစ်ယောက် ထောင်ထဲနေရတာကို ကျနော်လည်းမကြိုက်ပါဘူး လွှတ်တာကပြဿနာမဟုတ်ပေမဲ့ လွှတ်နည်းမှန်ဖို့တာ့လိုပါတယ်။ တပ်မတော်ကအဏာထိန်းတယ် ပြောပေမဲ့ နိုင်ငံတကာအမြင်မှာ ထိန်တာတွေသိမ်းတာတွ ကွဲကွဲပြားပြား မသိပါဘူး။
နောက်တစ်ခုက လက်ရှိတက်ချုပ်အပေါ် နိုင်ငံတကာ (အထူးသဖြင့် အနောက်နိုင်ငံတွေက) အာဏာရယူဖို့အတွက် လုံလောက်တဲ့သတ္တိ တပ်ချုပ်မှာမရှိဘူးလို့ ယူဆနေကြပါတယ်။ နိုင်ငံတကာဖိအားဆိုတာ အလျှော့ပေးလေပိုဖိလေပါပဲ ပြီးခဲ့တဲ့ အစိုးရ ၅နှစ်မှာ ဖြစ်သွားတာတွေကို ကြည့်ပြီးအတုယူလို့ရပါတယ်။
သနားလို့လွှတ်ပေးတာဖြစ်ကြောင်း နိုင်ငံတကာဖိအားကို ကြောက်လို့မဟုတ်ကြောင်း တပ်ချုပ်ကြီးအနေနဲ့ တင်တင်စီးစီး ပြောသင့်ပါတယ်။ တပ်မတော်အင်အားနည်းတဲ့ ၁၉၈၈ ကတောင် မကျေနပ်ရင်သံရုံးတွေ ပိတ်ပြန်ပါလို့ ဗိုလ်ချုပ်မှူးကြီးစေားမောင် ပြတ်ပြတ်သားသား ပြောခဲ့တယ်။
အခုတပ်မတော်အင်အား မနည်းတော့ဘူး တပ်မတော်မှာ ရုရှဆိုတဲ့မဟာမိတ် ရှိနေပြီ။ ရုရှဟာဘယ်လိုနိုင်ငံဆိုတာ ဆီရီးယားမှာပြခဲ့တယ်။ ဆီးရီးယားမှာအစိုးရကို ရုရှကစစ်အင်အားအလုံးအရင်းနဲ့ ကူခဲ့ပါတယ် ဒါပေမဲ့ ဆီးရီးယားသူပုန်ကို အမေရိကန်က ပြတ်ပြတ်သားသားမကူရဲဘူး။
အစိုးရအနေနဲ့ သံရုံးတွေကို ကျနော်တို့က အကြမ်းဖက်တာမဟုတ်ဘူး NUG ကအကြမ်းဖက်တာ ဆိုတာကို Email ပိုနေယုံနဲ့ မရပါဘူး။ လူတကာမြင်အောင် သံရုံးတွေရှေ့ အထူးသဖြင့် အမေရိကန်သံရုံးရှေ့မှာ ပိတ်ကားထောင် ပရိုဂျက်တာနဲ့ NUG နဲ့ PDF တို့ရဲ့ အကြမ်းဖက်မှု ဓာတ်ပုံတွေ ဗီဒီယိုတွေသွားပြပါ။
ကျူးဘာမှာ တော်လှန်ရေးခေါင်းဆောင် ချီဂွေဘားရားက အမေရိကန်သံရုံးရှေ့ ပိတ်ကားထောင်လိုက်တာ အမေရိကန်တွေ သံရုံးပိတ်ပြေးရတဲ့ အဖြစ်မျိုးရှိခဲ့တယ်။ န.စ.က အစိုးရအနေနဲ့ နိုင်းငံခြားတိုင်းပြည်တွေကို တန်ပြန်ဖိအားပေးချိန်တန်ပါပြီ။
ဘဦး (၁၉.၁၀.၂၀၂၁)