Sunday, October 3, 2021

နီပိတ်တွေနဲ့ အစိမ်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အချက် ရှိတယ်။


နီပိတ်ကကျတော့ သွေးကွဲမှာစိုးတယ် ဆိုတဲ့ တစ်ချက်တည်းနဲ့ ဖြိုးမင်းသိန်းကို နားလည်လောက်စရာအချက်တွေ ရှာကြတယ်။ အစိမ်းတွေလှောင်တာ မခံဘူး။ အမှန်တရားကိုတောင် သွေးခွဲတဲ့အရာ လို့ မြင်ကြတယ်။ 

အစိမ်းကကျတော့ ဘယ်အရာကိုမှ အလွတ်မပေးစတမ်း ဒေါသထွက်ပြတယ်။ မကျေနပ်ပြတယ်။ ဒေါ်လာဈေးတက်ရင် တက်ပြန်ပြီ။ ရွှေဈေး စက်သုံးဆီဈေး အရာအားလုံးအတွက် အစိုးရကို အပြစ်တင်ကြတယ်။ 

ဒေါ်လာဈေး၊ ရွှေဈေးတွေဟာ သာမန်နဲ့မတူဘဲ တမင် ဈေးကစားနေတယ်ဆိုတာ တက်တဲ့နှုန်းကိုကြည့်ရင် သိတယ်။ ဒါပေမဲ့ အဆင်မပြေမှုများစွာအတွက် အစိမ်းတွေက အစိုးရကို အပြစ်တင်တယ်။ မလုပ်တတ်ရင် ဆင်းသွား - ဆိုတာတွေထိ ရေးကြတယ်။ ထင်ရာ သုံးသပ်ချက်တွေလည်း အစုံပါပဲ။ ပြုံးဖြစ်ပါတယ်။

အဲဒါ နီပိတ် (သို့မဟုတ်) နီပိတ်နောက်ကလူတွေ လိုချင်တဲ့အရာပဲ။ 
"အစိုးရအပေါ် ယုံကြည်မှု ကျဆင်းတာ" 
အစိမ်းတွေကလည်း နီပိတ်တွေလိုချင်တဲ့အတိုင်း ဖြစ်လာကြတာပါပဲ။ 

ကျွန်တော်ကတော့ အာဏာထိန်းမှုအလွန် အစိုးရအဖွဲ့ဆိုတာ သမားရိုးကျ ဖိအားရော၊ အဖျက်အားကိုပါ တစ်ပြိုင်နက် ရင်ဆိုင်ရမယ် လို့ အစကတည်းက နားလည်လက်ခံပြီးသားမို့ နီပိတ်တွေ သဘောကျတော့ လိုက်ဆဲမနေနိုင်ပါဘူး။ နားလည်ပေးမှာပါ။ လူကြီးမင်းတို့ ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်ပြီးသားပါ။ 

အသိဉာဏ်မြင့်တဲ့လူတွေဆိုတာ ယုံကြည်မှုရဲ့ တန်ဖိုးကို သိတယ်။ ယုံပါတယ် - ဆိုတဲ့ စကားရဲ့ လေးနက်မှုကိုသိတယ်။ 
အသိဉာဏ်နိမ့်ပါးသူတွေသာ ယုံကြည်မှုကို အလွဲသုံးစားလုပ် သစ္စာဖောက်တတ်ကြတာပါ။

သို့သော် မဖြစ်မနေ ဝန်ခံရမှာကတော့ ..
ပြည်ပစွက်ဖက်မှုနဲ့ လုံခြုံရေးကို စောစောကတည်းက ပြတ်ပြတ်သားသား ကိုင်တွယ်ရမယ့်အစား လျှော့တွက်ခဲ့တယ်ဆိုတာပဲ။ အဲဒီ လျှော့တွက်မှုရဲ့ အကျိုးဆက်က အခုထိ စိတ်မကောင်းစရာတွေ ဆက်ဖြစ်နေကြတော့တာပါ။ သတင်းစာရှင်းလင်းပွဲကို နားထောင်ရသလောက် တပ်မတော်လည်း အတော်တော့ တင်းနေပုံရတာပါပဲ။ စကားလုံးတွေကိုကြည့်ရင် သိသာတယ်။ 

လော်ဘီတွေကို လျှော့တွက်ခဲ့ကြပေမဲ့ အခုတော့ ဘုတ်ဘုတ်ဘတ်ဘတ် သက်ရောက်မှုတွေကို နားလည်ကြပြီပေါ့။ 

 အဆိုးထဲက အကောင်းတစ်ခုကတော့ ကျွန်တော်တို့ရဲ့ အဖြစ်မှန်တွေ နိုင်ငံတကာ မီဒီယာပေါ် ရောက်လာတာပါပဲ။ 

မှားနေတာကို မှားမှန်းသိရင် ဆက်မမှားပါနဲ့တော့။ အခုကစ ပြင်မှပေါ့။

ရှစ်လတောင် ကြာပြီမဟုတ်လား... 🙂
*
*
*
#သန့်နေစိုး
Credit