Sunday, October 3, 2021

မှိုင်းလျော့သော 🍁


ဒေါ်စုကြည်ရဲ့ နိုင်ငံရေးစန်းကြီးကတော့ မှိုင်းကုန်တဲ့ မီးပုံးပျံကြီးလို တအိအိ ထိုးဆင်းနေတယ်ခင်ဗျ။ ဒေါ်စုကြည် လာဘ်စားမှုကို ဖြိုးမင်းသိန်းကလည်း ဖော်ကောင်လုပ်လိုက်ရော ကျွန်တော်တို့အခေါ် နီပိန်း၊ ဗိုလ်ချုပ်ဇော်မင်းထွန်းအခေါ် နီပိတ် အကြမ်းဖက်တွေ အတော်ပွဲပျက်သွားတယ်။ ဖြိုးမင်းသိန်းက သူ့သဘောနဲ့သူ ထွက်ဆိုရင်တောင် မဟားတရားကြီး နားလည် စာနာ သိက္ခာဆည်ကြပြီးတဲ့နောက် နောက်ဆုံးထွက် နီပိတ်တို့ရဲ့ ဝါဒဖြန့် ဗားရှင်းက ဘာလဲဆိုတော့ကာ ... 

"စစ်တပ်က သွေးခွဲနေတာကို မယုံကြပါနဲ့ တဲ့။ သူတို့ရဲ့ တော်လှန်ရေးက ဦးဝင်းမြင့်နဲ့ ဒေါ်စုကြည် ပြန်လွတ်ရုံမဟုတ်သလို နီပိတ်ပါတီ အာဏာပြန်ရဖို့လည်း မဟုတ်ပါဘူး တဲ့။ စစ်အာဏာရှင်ကို အမြစ်ပြတ် တော်လှန်ဖို့ပါ" တဲ့။ 

အဲဒီတော့ နွေဦးတော်လှန်ရေးအစက Motto ချပေးခဲ့တဲ့ မျိုးရန်နောင်သိမ်းရဲ့ "စု‌၊ ရွေး၊ လွှတ် ကနေ လမ်းချော်မ‌သွားစေနဲ့" ဆိုတာကြီးက မြောင်းထဲ ရောက်သွားပြီလား။ ကျလည်း ကျလောက်ပါတဲ့ နီပိတ်တွေ။ အစကတည်းက ဂျန်ဇက်တွေမှာ အဲဒီလို ခံယူချက်ရှိတယ်။ ဒေါ်စုကြည် ပြန် လွတ်/မလွတ် စိတ်မဝင်စားဘူး။ အာဏာရှင်ကို တော်လှန်ဖို့က အဓိက ဆိုတာမျိုးပေါ့။ တော်လှန်ရေးတစ်ခုမှာ ပြတ်သားတဲ့ ခေါင်းဆောင်မှုနဲ့ မူဝါဒမရှိရင် နည်းနည်းလောက် ဖိအားပေးတာနဲ့ အခုလို ပြိုကွဲတာပဲ။ 

ဒီလိုတွေဖြစ်တော့ စက်တင်ဘာ (၃၀) ရက်စွဲနဲ့ DW သတင်းဌာနက "Myanmar: What can we expect from Aung San Suu Kyi Trial?" ဆိုတဲ့ သတင်းဆောင်းပါးကို သွားသတိရတယ်။ အဲဒီမှာလည်း ဒေါ်စုကြည်အနေနဲ့ သူ့ရဲ့ လာဘ်စားမှုတွေသာ ပေါ်ပေါက်ခဲ့ရင် ‌အဲဒီတစ်မှုနဲ့တင် ထောင်ဒဏ် (၁၅) နှစ်လောက် ကျနိုင်ပါသတဲ့။ အဲဒီမှာ သူ့လူတွေ လေသံပြောင်းတာပါပဲ။ 

ဒေါ်စုကြည်ကသာ ပါတီရံပုံငွေတွေကိစ္စ၊ ဥပဒေကြောင်း အရှုပ်အထွေးတွေ မရှင်းနိုင်တိုင်း "ပြည်သူရှိသရွေ့ ပါတီရှိမယ်" ဆိုပြီး နိုင်ငံရေး ကစားတာပါ။ သူအားကိုးနေတဲ့ ထောက်ခံသူတွေကဖြင့် သူပြန်လွတ်ဖို့ရော၊ သူ့လူတွေ အာဏာရဖို့ပါ စိတ်မှမဝင်စားတော့တာ။ 

ဒီနေရာကျ DW ရဲ့ သုံးသပ်ချက်က မှန်တယ်။ ဒေါ်စုကြည်က လာဘ်စားမှုနဲ့ စွဲချက်တင်ခံနေရတယ်။ ဂျန်ဇက်တွေ၊ Civil Disobedience Movement သမားတွေ၊ NUG တွေက သူတို့လမ်း သူတို့ သွားနေကြတယ်။ ဒေါ်စုကြည်ရဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကနေ လုံးဝခွဲထွက်ပြီး NUG သမ္မတဆိုသူက "defensive people's war" ထ ကြေညာတယ်။ ဒေါ်စုကြည်က ဘာမှ မှတ်ချက်မပေးလိုပါဘူး တဲ့။ 

ဒီတော့ တော်လှန်ရေးပြယုဂ်တစ်ခုအနေနဲ့ကတော့ ဒေါ်စုကြည်ဟာ ယခင်အတိုင်း အရေးပါနေဆဲပါ။ သို့သော် နိုင်ငံရေးဇာတ်ကောင်တစ်ယောက် သူမရဲ့ အရေးပါမှုကတော့ နေ့စဉ်နဲ့အမျှ မှေးမှိန်နေပါသတဲ့။ 

"As a symbolic figure of resistance, she is as important as ever but as a political actor, her significance continues to diminish everyday." 

တကယ်လည်း နီပိတ်တွေရဲ့ အာရုံထဲမှာ ဒေါ်စုကြည်က မှေးမှိန်လာနေတာပါပဲ။ အစကတည်းက ဒေါ်စုကြည်ကို ထောက်ခံတယ်ဆိုတာကလည်း အရည်အချင်းရှိလို့မှမဟုတ်တာ။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု သက်သက်ဆိုတော့ကာ ကိုးကွယ်လောက်စရာမဟုတ်ရင် ကျောခိုင်းကြမှာပါပဲ။ DW ကလည်း ပြောပါတယ်။ ဒီတရားခွင်ဟာ ဒေါ်စုကြည်ကို နိုင်ငံရေးက ဖယ်ထုတ်လိုတဲ့ ရည်ရွယ်ချက် ဖြစ်နိုင်ပါတယ်တဲ့။ 

အဲဒီ ရည်ရွယ်ချက်သာဆိုရင် အတော် အောင်မြင်ပါတယ်။ အခု ဖြိုးမင်းသိန်း၊ နောက်ထပ် မောင်ဝိတ်၊ ပြီးရင် ဘယ်လို အဂတိမှုတွေ ဆွဲထုတ်နိုင်သေးလဲ။ အမှုတွေများလေ၊ နီပိတ်တွေ အားလျော့လေပါပဲ။ ဒေါ်စုကြည်ဟာ အပြစ်ကင်းတဲ့လူမဟုတ်ဘဲ ပြန်လွတ်ဖို့လည်း ဘာမှမတတ်နိုင်ကြောင်း လက်ခံလာကြလိမ့်မယ်။ 

အဲဒီတော့ မေးစရာက - 
NLD အာဏာရဖို့ မဟုတ်ဘူးဆိုရင် ပြည်သူ့အစိုးရ ပြန်လာမှ အလုပ်တက်မယ် တို့၊ ဖွားစုလာမှ ကျောင်းတက်မယ် တို့တွေက ငပေါတွေလား။ ဘဝတွေ၊ အနာဂတ်တွေကို ဘယ်လိုများ ချနင်းရက်ခဲ့တာလဲ။ ဘယ်လိုစိတ်ဓာတ်နဲ့ ဖိအားပေးရက်ခဲ့တာလဲ။ 

ဒီတော့ ကျွန်တော် အဓိက ပြောချင်တာက - 

- ဒေါ်စုကြည်ရဲ့ အဂတိမှုတွေကနေ သူ့ရဲ့ နိုင်ငံရေး အလားအလာကို မြင်သာနေပါပြီ။ 

- မူဝါဒမရှိ၊ လမ်းစဉ်မရှိ၊ ခေါင်းဆောင်မရှိ၊ တွေ့ဆုံ ဆွေးနွေးလို့တောင်မရဘဲ အကြမ်းဖက်သက်သက် ဖြစ်သွားတဲ့အခါ ဒီတော်လှန်ရေး ဘယ်လိုမှ မအောင်မြင်ပါဘူး။ ကျဆုံးပါပြီ။ 

- နိုင်ငံမှာ ဖြစ်လာတဲ့ အကြပ်အတည်းမှန်သမျှ မီးထိုးပြီး ပိုဆိုးအောင် လုပ်နေတာတွေကိုတော့ အမြန်ဆုံး ဖြေရှင်းဖို့လိုပါလိမ့်မယ်။ Covid Outbreak နဲ့ အောက်ဆီဂျင်ပြဿနာလိုပဲ။ လူကြီးမင်းတို့ ဖြေရှင်းလိုက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ 

- နီပိတ်တွေ ဘာပဲလုပ်လုပ်၊ အချုပ်အခြာအာဏာထိ မထိခိုက်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ သိပ်ညံ့ပါတယ်။ သို့သော် သူတို့ သိပ်ညံ့လို့ လူကြီးမင်းတို့ လျှော့တွက်ရင် ခံရမှာပါ။ ခင်ဦး ဖြစ်စဉ်လိုမျိုးလေ။ ရင်နာဖို့ မကောင်းလွန်းဘူးလား။ 

အချုပ်အားဖြင့် ပြောလိုတာက NLD က နိုင်ငံရေး သေနေပါပြီ။ သို့သော် တပ်ချုပ်အနေနဲ့ ယုံကြည်မှု လွန်ကဲပြီးတော့ပဲဖြစ်ဖြစ် အာဆီယံကို ကျော်နိုင်ကြောင်းတော့ မပြောစေလိုပါဘူး။ အစိုးရရဲ့ စီမံခန့်ခွဲမှု ကောင်းရင် ကျွန်တော်တို့ အလိုအလျောက် ခံစားမိကြမှာပါ။ ဘာတစ်ခုမှ အဆင်မပြေဘူး လို့ ခံစားနေကြရတဲ့အခိုက် ရည်မှန်းချက် လာကြီးပြတော့ ဒေါ်စုကြည်ဆန်တာပေါ့။ 

ယုတ်မာရိုင်းစိုင်းသလောက် ညံ့ဖျင်းတဲ့ လူတန်းစားတွေကို တန်ရာနေခိုင်းတာလေး တစ်ခုတော့ တကယ် ကျေးဇူးတင်မိပါတယ်။ 

သန့်နေစိုး (3. Oct. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is the analysis of the news article on DW, "Myanmar: What can we expect from Aung San Suu Kyi trial?" (30. 09. 2021). Original texts are extracted from article and nothing violates the community standards of Facebook.

For further details, please check the following,
https://amp.dw.com/en/myanmar-what-can-we-expect-from-aung-san-suu-kyi-trial/a-59364647