ဆရာဝန်ရောက်လာမယ်ဆိုလို့ရွာနဲ့ဝေးတဲ့လှေဆိပ်ကကြိုနေကြတယ်
ခြေလျှင်လျှောက်ပြီးလာကြိုကြတာတွေ့တော့သနားမိသလို..အားလည်းနာမိတယ်
ကျေးလက်ဆိုရာမှာရေပတ်လည်ဝိုင်းတဲ့ကျွန်းပေါ်ကကျေးလက်ဖြစ်ပါတယ်
ချောင်းတွေကတိမ်ကောကုန်လို့ဒီရေပြည့်အောင်စောင့်ပြီးမှရေလမ်းခရီးကိုသွားလို့ရပါတယ်
ခက်ခဲတဲ့လမ်းပန်းဆက်သွယ်ရေးတွေ.ရယ်.လျှပ်စစ်ဆိုတာမမြင်ဘူးရလေတော့
အလုပ်အကိုင်ရှားပါးပြီးဆင်းရဲကုန်ကြတယ်
တခါကပန်းတင်းဆိုတာအရမ်းနာမည်ကြီးပြီးပညာတတ်တွေသဌေးတွေနေခဲ့တဲ့ကျွန်းတကျွန်းပါ
ကမ္ဘာပြားတဲ့အပြောင်းအလဲမှာပန်းတင်းဟာဟိုအဝေးမှာကျန်ရစ်ခဲလေတယ်
စိတ်မပျက်ကြနဲ့သားတို့သမီးတို့ရယ်
ပညာတတ်တွေဖြစ်အောင်ကြိုးစားကြပါ
ဆင်းရဲတဲ့ဘဝများရဲ့တခုတည်းသောထွက်ပေါက်ဟာပညာတတ်မြောက်ခြင်းဖြစ်တယ်
ကိုယ်ဒေသကဆရာဝန်တွေ.ကျောင်းဆရာတွေအများကြီးထွက်လာတဲ့တနေ့မှာ
သားတို့သမီးတို့ရဲ့ဘဝထွက်ပေါက်တွေအများကြီးပေါ်လာမှာပါ...
ဆောင်းအစလေအေးတချို့တို့သည်ပူနွေးစနေရောင်ခြည်အောက်တွင်ဖြေးညှင်းစွာကျနော်တို့
အပေါ်တိုက်ခတ်သည်ကိုခံစားရသည်
လေအဝှေ့တွင်လာကြိုသောခလေးမတွေ၏ဆံစတို့သည်လှုပ်ခပ်ကုန်သည်
ပျော်သောအပြုံးအောက်ကညှိုးနေသောမျက်ဝန်းကိုရှာတွေ့သည်
ဘဝဆိုတာမကျေနပ်သောစိတ်များကအားသစ်ကိုမွေးပေးသည်
ထိုအားသစ်တို့ကဘဝတွေကိုပြောင်းလဲအောင်စေ့ဆော်သည်
တနေ့မှာသားတို့သမီးတို့ဖြစ်ချင်တဲ့ဘဝတွေဖြစ်လာမှာသေချာပါတယ်
Credit