Wednesday, October 6, 2021

ဆောင်းအကြို 💥


အပူပိုင်းမှာနေသားကျနေတဲ့ကျွန်တော်လိုလူအတွက် ဉတုသုံးပါးကအကြိုက်ဆုံးဉတုတစ်ခုကိုရွေးပါဆိုရင် ဆောင်းကိုပဲလက်ညိုးထိုးရမယ်။
ရေချိုးမပျင်းတဲ့မွေးရာပါ‌ဗီဇကြောင့်လဲပါမယ်။
ဒါ့ကြောင့် ဆောင်းကိုချစ်တယ်။
တောင်ပေါ်ဒေသမှာ မြူတွေဝေဆာကောင်းဝေဆာနေမယ် ၊မြေပြန့်ဒေသက မန္တလေးမှာတော့ စိုင်းစရာမြူမရှိဘူး။
ဒါပေမဲ့ ဆောင်းရာသီရဲ့အနှစ်သာရကို ခံစားရတယ်။

အထူခြောက်လက်မလောက်ရှိတဲ့အနွေးထည်ကြီးနဲ့ ရိူးထုတ်ပြီးချမ်းပြဖို့မလိုတဲ့ဆောင်းက မန္တလေးဆောင်း။ဒါပေမဲ့ အနှစ်သာရကဘာလဲဆိုတာ တိုက်ရိုက်ခံစားရတယ်။တောင်ပေါ်ဒေသကလူတွေ ရေပူရေအေးနဲ့ ရေချိုးနေရချိန်မှာ မန္တလာသူ/သားတွေက ပုံမှန်ပဲ😌။
နွေ၊မိုး၊ဆောင်း ဉတုသုံးပါးမှာ အအေးဒဏ်ဆိုအမြဲခံရတဲ့ဒေသ၊ဒီလိုမှမဟုက် အပူဒဏ်ဆိုရင်လဲ ဉတုမရွေးခံရတဲ့ဒေသတွေထက် မန္တလေးကသာတယ်။
နွေရာသီမှာ နွေး‌ေထွးမူ့ကိုခံစားရတယ်၊မိုးရာသီမှာ စိုစွတ်ခြင်းကပေးတဲ့ အေးမြမူ့ရတယ်၊ဆောင်းရာသီမှာ အေးချမ်းမူ့ရတယ်။

ရာသီအလိုက်ဖြစ်တည်မူ့တွေကိုတိုက်ရိုက်ခံစားရတယ်။ထိတွေ့မူ့တစ်ခုလောက်နဲ့ ဉတုသုံးပါးကိုကျော်ဖြတ်ရတာထက် မန္တလာမြေကပေးတဲ့ရာသီအလိုက်ထိတွေ့မူ့ကို ကြိုက်တယ်။
ဒါပေမဲ့ ဘာပဲဖြစ်နေပါစေ ဆောင်းကိုချစ်တယ်....
ဉပမာ အေးချမ်းမူ့ကိုရဖို့ လက်ဖျားတွေကျဉ်ထုံပေးစရာမလိုတဲ့ မန္တလေးဆောင်းပေါ့.....

#Ax Min
5.10.2021