Friday, October 15, 2021

လူလိမ်ဟူသည်ကား....


သမ္မတပြုတ် ဦးဝင်းမြင့် ပြောဆိုတာတွေနဲ့  ပတ်သက်ပြီး ဝေဖန်နေကြတာတွေ ကြားသိကြမှာပါ ။ တကယ်တမ်းလေ့လာကြည့်ရင် NLD ခေါင်းကြီးပိုင်းတွေဟာ သီလ သမာဓိ ပညာ မပြောနဲ့ လူရိုသေလောက်တဲ့ ဥပတိရုပ်ရည်တွေက အစ ညံ့ဖျင်းလှပါတယ် ။ 

ရွှေ့စကား နောက်စကား မညီညွတ်မှု ၊ ကတိစကားတွေ ပျက်ယွင်းမှု ၊ ဗြောင်လိမ်ဗြောင်စား ပြောရဲကြရာတွေမှာ အုပ်စုတခုလုံး တက်ညီလက်ညီ ရှိလှတာလည်း သူတို့သမိုင်းက ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ် ။ 

ဦးဝင်းမြင့်ဟာ အင်မတန် ယုတ်ညံ့သူဖြစ်ကြောင်း မိဘအပေါ် ကျေးဇူးကန်းစကားပြောတာ ကြည့်ပြီး သိနိုင်ပါတယ် ။ ရာထူးနေရာအတွက် မိဘတွေဟာ သွေးသားသောင်းကျန်းလို့ သူ့ကိုမွေးထားတာ  ကျေးဇူးမရှိဖူး ဒေါ်စုကြည်သာ သူ့ကျေးဇူးရှင် ဆိုပြီး ပြောခဲ့တယ်ဆိုတဲ့ အကြောင်း သူပြန်မငြင်းနိုင်ခဲ့ပါဖူး ။ 

ဒီလို ကျွေးပေးခဲ့တဲ့ ဒေါ်စုကြည်ကိုသာ ရွေးပြီး ကျေးဇူးတင်တာပါ သူကျေးဇူးကန်းချင်ရင်လည်း ကန်းပြတာပါပဲ ။ 

ယနေ့ နစက အဖွဲ့ဝင် ဦးသိန်းညွှန့် နဲ့ သူဟာ ရဲမွန်အချုပ်မှာ ကာလကြာ အဖမ်းခံရစဥ်က ဦးသိန်းညွှန့် ဇနီး ပေးပို့ခဲ့တဲ့ ရိက္ခာနဲ့ ကပ်စားပြီး အသက်ဆက်ခဲ့ရတယ် ။ 

လွတ်လာတော့ ဦးသိန်းညွှန့်အိမ်ရှိ ၈' စလောင်းမှာ ဘောလုံးပွဲကြည့်တယ် ၊ ဦးသိန်းညွှန့်ကတော် ကြွေးတာကို ပါးဖြဲနားဖြဲ စားခဲ့တာ အကြိမ်ပေါင်း မရေတွက်နိုင်ဖူး ။ 

သူသမ္မတဖြစ်ပြီး ကြီးပွားချိန်မှာ ဦးသိန်းညွှန့်ကတော် ကျန်းမာရေးချို့တဲ့ပြီး အထူးကုဆေးရုံ အများအပြားတက်နေရတယ် ။ ကျေးဇူးကန်း သမ္မတပြုတ် ဆန်ပြုတ်တထုပ်မမေးဖူးဘူး ။ 

တပ်ချုပ်ကြီးက စစ်ဆေးရုံမှာ အခမဲ့ကုသပေးခဲ့တယ် ။ ကွယ်လွန်ချိန်မှာ သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ပန်းခွေ ၊ အဟာရခြင်း နဲ့ ကူငွေ ၅ သိန်း ပေးပို့ခဲ့ပေမယ့် ကျေးဇူးကန်း သမ္မတပြုတ်ကတော့ နှင်းဆီတပွင့် မပေးပို့ခဲ့ပါဘူး ။ 

သူ့ရဲ့ ကိုယ်ကျင့်တရားကို လေ့လာကြည့်အုံး ဝါးခယ်မ ဆိုပြီး တိုင်းလုံးကျော်နေတာ ခယ်မကို အချောင်ဝါးခဲ့လို့တဲ့ ။ 

စကားတည်ကြည်သလား ဆန်းစစ်ကြည့်အုံး ။ အာဏာမရခင် အမတ်ဘဝမှာ ပိုင်ဆိုင်မှုတွေ ကြေငြာဖို့ အဆိုတင်သွင်းတယ် ။ 

ဟော...သူလည်း သမ္မတဖြစ်ရော ပိုင်ဆိုင်မှုတွေ ကြေငြာရင် သူခိုး ဒမြ ကြောက်ရလို့ မကြေငြာတော့ဘူး တဲ့ ။ လမ်းဘေး ဖာဆွယ်လောက်တောင် အဆင့်အတန်းမရှိတဲ့ သမ္မတပြုတ်......

နောက်ရှိသေးတယ် အသိပညာမဲ့တဲ့ ပြောကြားမှုတွေ
 သုံးနှစ်အတွင်း တံတား လေးရာ ထိုးပြမယ်တို့ ၊ အာဆီယံမှာ ထိပ်ဆုံးရောက်ရမယ်တို့ ထွီ... ထိပ်ဆုံးတော့ ရောက်တယ် ပြည်သူ့ဘဏ္ဍာ ခိုးတဲ့နေရာသာ မကဘူး မဲခိုးတဲ့ နေရာမှာပါ ကမ္ဘာ့ထိပ်တန်း ။ 

ဘာတဲ့ ပိုင်ဆိုင်မှုဆိုလို့ အိမ်အပိုင်မရှိဖူးတဲ့လား ။ သမ္မတ လစာ မရခင် အမတ်ဘဝ နဲ့ သုံးနှစ် ၊ လွှတ်တော်ဥက္ကဌ နှစ် နှစ် ၊ သမ္မတ သုံးနှစ် လုပ်ခ လစာတွေ ရတာတောင် အိမ် မပိုင်ဖူးဆိုတော့ လင်မယားနှစ်ယောက်လုံး တောင်းသာစားပေတော့.... ။

သမ္မတအဖြစ်က နှုတ်ထွက်ခိုင်းတာ ဗိုလ်ချုပ်ကြီးအဆင့် နှစ်ယောက်တဲ့ ။ ဘယ်သူတွေလဲ ဆိုတော့ မသိဖူးတဲ့ ၊ လခွမ်း အဲဒီ အဆင့်က တပ်မတော်မှာ လက်တဖက်စာ မရှိဖူး ဒါတောင် မသိဖူးတဲ့ လုပ်စားနေတော့ သမ္မတ ချင့်ယုံပေါ့ ။ အမှန်က ရှေ့နေကျင့် ရှေ့နေကြံ နဲ့ ဖာဆန်တဲ့ စကားပါဗျာ ။ 

တရားဥပဒေ နဲ့ အညီ လုပ်သင့်တယ်တဲ့..အခုမှ ခွေးပါးစပ်က နတ်စကားထွက်နေပြန်ပြီ ။ 

အကြိမ်ပေါင်း ၃၀ ကျော် တောင်းဆိုနေတုန်းက ဘာပြောခဲ့ကြသလဲ ။ 

နောက်ဆုံးအကြိမ် လွှတ်တော်ခေါ်ဖို့ ဥပဒေနဲ့အညီ တောင်းဆိုတာတောင် ခြေ/ဥ ကို ယီးနဲ့ထိုးပြခဲ့တာ သမ္မတပြုတ် ဝင်းမြင့်ဦးဆောင်တဲ့ အစိုးရ မဟုတ်ဖူးလား ။

တကယ်တန်းကျတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာကိုက အနိမ့်ဆုံး အချိန် ရောက်ခဲ့လို့သာ ဒီလို လူယုတ်မာတွေ မတန်မရာ ရာထူးကြီးတွေ ရခဲ့ပြီး ကဝေမကြီး စိတ်တိုင်းကျ တိုင်းပြည်ဖျက်နိုင်ခဲ့ကြတာ ဗျ ။ 

ဒီတော့ လူလိမ်သမ္မတ ဘာတွေပြောနေပါစေ သူ့ပါးစပ်က ထွက်ဆိုသမျှဟာ အလိမ်အညာ စကားတွေပဲ ထွက်လာနေအုံးမှာပါ ပဲ ။ 

ဒီနေ့ လူအများအပြား စိတ်ဝင်စားပြီး ငြင်းခုန်နေကြရတဲ့ ကိစ္စကတော့ ၅၄ ခြံထဲက သတင်းအရ ရှာဖွေတွေ့ရှိတယ် ဆိုတဲ့ ရွှေနဲ့ ဒေါ်လာ သတင်းဟုတ်မဟုတ် ငြင်းခုန်နေကြတဲ့ ပြဿနာ ဖြစ်ပါတယ် ။ 

ကျနော်တို့လည်း ဟုတ်မဟုတ် တတ်နိုင်သလောက် မစို့မပို့ အဆက်အသွယ်လေးတွေ နဲ့ ချိတ်ဆက်မေးမြန်းကြည့်ရာမှာ နံနက်ပိုင်းမှာ ဟုတ်တယ် တွေ့တယ် ရွှေခန့်မှန်း တတန်ခွဲခန့် နဲ့ မရေတွက်ရသေးတဲ့ ဒေါ်လာတွေ တွေ့တယ်လို့ ကြားရပါတယ် ။ 

ညနေခင်းမှာ အတည်ပြုဖို့ ထပ်မံစုံစမ်းကြည့်တော့ မရေးသေးဖို့ ပြောကြားရင်း တိကျတဲ့ အချက်အလက် ထပ်မရတော့ပါဘူး ။ 

အကြောင်းတခုခု ရှိမယ်လို့ ယူဆမိပါတယ် ။ ရံဖန်ရံခါ သတင်းဆိုတာ ဗိုလ်ချုပ် ဇော်မင်းထွန်းလို အဆင့်မျိုးတောင်မှ ပြတ်သားစွာ မဖြေနိုင်ပဲ အချိန်တန်ရင် သိလာပါမယ်လို့ ထိမ်းသိမ်းဖြေကြားရတဲ့ ကိစ္စတွေ ရှိတတ်ပါတယ် ။ 

ဒီသတင်းကို တင်သူများလည်း ဝမ်းသာစိတ်နဲ့တင်ကြသူ မျိုးချစ်များသာ ဖြစ်ပါတယ် ။ အပြစ်ဆိုစရာ မရှိပါဘူး ။ အချင်းချင်း လှောင်ပြောင်ရန်မသင့်ပါဘူးလို့ တင်ပြချင်ပါတယ် ။

ကိုရွှေမျိုးဝင်း