Friday, October 15, 2021

မှန်မှန်ကန်ကန် ဖြစ်ဖို့လိုတယ်


     ဒီနေ့ခေတ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ မတည်ငြိမ်မှုတွေ အမြန်းဆုံးချုပ်ငြိမ်းဖို့က NLD ထောက်ခံသူနည်းလေး မြန်လေပါပဲ။ NLD ဟာမြန်မာပြည်ကို ဘာကောင်းကျိုးမှမပေးဘူး ဆိုတာ ပြည်သူအများစု ယုံကြည်လာဖို့လိုတယ်။ 

     သူတို့ကသတင်းမှားနဲ့ ပြည်သူကိုမှိုင်းတိုက်တာ တဖက်ကမ်းခတ်တော်ပေမဲ့ ကျနော်တို့ဘက်က သူတို့လုပ်တလိုလိုက်လုပ်လို့ မရဘူး။ ကျနော်တို့ဘက်က အလိမ်မတော်ဘူး အလိမ်ပေါ်ရင်ပြည်သူက တပ်မတော်ကိုပို အယုံအကြည်မရှိဖြစ်မယ်။ သူတို့ဘက်ကပို အားကောင်းလာလိမ့်မယ်။ ၃၃ နှစ်စာသူတို့ရဲ့ မှားကွက်ဟာကွက် နဲ့ အမှားဆိုတာထက်ပိုတဲ့ တိုင်းပြည်အပေါ် NLD ရဲ့ သစ္စာဖောက်မှုတွေကို ထောက်ပြပြီးတိုက်စရာတွေ အပုံကြီးရှိပါတယ်။

     တပ်မတော်အစိုးရခေတ် NLD ဟာ မြောက်ကိုရီးယားပြီးရင် ဒုတိယအကြီးဆုံး စီးပွားရေးပိတ်ဆို့ မှုကြီးလုပ်ခဲ့တယ်၊ စီးပွားရေးပိတ်ဆို့မှုကြောင့် ဆေးဝါးပြတ်ပြီး အသက်ဆုံးရှုံးခဲ့ရသူတွေရှိတယ်၊ ဦးသိန်းစိန်ခေတ်မှာ တိုင်းရင်းသားတွေကို NCA အလျှင်စလို လက်မှတ်မထိုးဖို့ NLD တိုက်တွန်းခဲ့တယ်၊ သူတို့အစိုးရဖြစ်လာတော့ ကိုဖီအာနန်ကော်မရှင် ခေါ်ခဲ့တယ်၊ ICJ မှာတရာခံဖြစ်အောင် လုပ်ခဲ့တယ်၊ နိုင်ငံခြားသား ခလေးမွေးစားခွင်လို ဥပဒေလုပ်ခဲ့တယ်၊ နိုင်ငံခြားသား ၉၃ ယောက်ကို အကြံပေးခန့်ခဲ့တယ်၊ ဦးသိန်စိန်အစိုးရရဲ့ ဆောက်လက်စ လုပ်ငန်းတွေကို ရပ်ခဲ့တယ်။ ပြည်သူကိုနစ်နာအောင် လုပ်ခဲ့တဲ့အကြောင်းတွေ NLD ကို တိုက်စရာအချက်တွေ အများကြီးရှိတာ ထောက်ပြပြီး တိုက်သင့်တယ်။

     ခြံအမှတ် ၅၄ ကိစ္စလို ရွှေတွေတွေ့တယ်ဆိုတဲ့ မသေချာတဲ့အပေါးစား သတင်းတွေမဖြန့်သင့်ဘူး။ ဒီနေ့ခေတ်မှာ ဖုန်ကိုင်ပြီးလူတိုင်း မီဒီယာလုပ်လို့ရတယ်။ ဝါဒဖြန့်ချီရေးကို မျိုးချစ်ပုဂ္ဂိုလ်တိုင်းဝင်လုပ်ရမယ် ဒါပေမဲ့ သူများအထင်သေးစရာ သူများရီစရာ ဖြစ်အောင်တော့ မလုပ်သင့်ဘူး။

     ဘဦး (၁၃.၁၀.၂၀၂၁)