Thursday, October 7, 2021

လက်ရှိ ကိုဗစ်ကြောင့် တက္ကသိုလ်တွေ နားနေရတဲ့အချိန်မှာ ဘာသာစကားကို လေ့လာလိုသူတွေအနေနဲ့ ရုရှားဘာသာစကားကို ပိုပြီးလေ့လာသင့်တယ်လိုမြင်မိတယ်...


ဖြစ်ပေါ်နေတဲ့ 
နိုင်ငံရေးအခြေအနေတွေမှာ 
ရုရှားနိုင်ငံအနေနဲ့ ....မြန်မာနိုင်ငံကို
စစ်ရေးသီးသန့်ဆက်ဆံနေရပေမဲ့
နောင်တချိန်မှာ ကုန်သွယ်မှုလုပ်ငန်းတွေ
မြန်မြန်ဆန်ဆန် ဝင်ရောက်လာဖိုရှိနေတယ်...
အထူးသဖြင့် ဘဏ်လုပ်ငန်းတွေ၊ 
သဘာဝဓာတ်ငွေ့လုပ်ငန်းတွေနဲ့
နိုင်ငံတည်ငြိမ်သွားချိန်မှာ 
ဗီဇာကင်းလွတ်ခွင့်တွေနဲ့ အတူ
ခရီးသွားလုပ်ငန်းတွေ 
ပေါ်ပေါက်လာဖိုရှိနိုင်တယ်..

ဘယ်အရာဖြစ်ဖြစ်.....
စွန့်ဦးတီထွင်ပြီးလမ်းဖောက်နိုင်သူတွေက
နောင်တချိန် အသီးအပွင့်ရလာဒ်တွေကို
သူများတွေထက်ပိုပြီး ခံစားရလေ့ရှိတာမို
ဘာသာစကားကို စိတ်ဝင်စားသူတွေအနေနဲ့
ခုကစပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်လို
တိုက်တွန်းချင်မိတယ်...

#ဖိုးစီ