Thursday, October 7, 2021

ကျနော်လဲ NLD ကို ကြိုက်ပြီး စစ်တပ်ကို မုန်းတီးခဲ့ဖူးတယ်။


ကိုယ့်ထမင်းထုပ်ကိုယ်ယူ ရေတစ်ပေါက် အလကားမသောက်ခဲ့ရပါပဲ
အခမဲ့ လုပ်ပေးရတဲ့
လုပ်အားပေးအခေါ်ခံခဲ့ရဖူးတယ်။

မိဘမိသားစုပိုင် လယ်မြေ ၈ ဧက အသိမ်းခံခဲ့ရတယ်။
အခုထိ ပြန်မတောင်းပါဖူး။
ပြန်တောင်းလဲ ဟိုသွား ဒီသွား လူတကာကိုအောက်ကြို့ပြီး အဖေခေါ်ရလောက်သည်အထိဖြစ်နေလေတော့ စိတ်ရှုပ် ဇာတ်ရှုပ်လို့ပြန်တောင်းဖို့စိတ်ကိုမကူးတော့ဖူး။

ရွှေဝါရောင် ဆာဖရွန် ရဗေါ်လူးရှင်းမှာ စစ်တပ်ကို ပိုလိုမုန်းတီးခဲ့ဖူးတယ်။

စစ်တပ်ကိုမုန်းတီးခဲ့သူမို့၂၀၀၈ ခြေဥကိုဖတ်တောင်မကြည့်ခဲ့ပဲ
Vote No လုပ်ခဲ့ဖူးတယ်။

ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်ပျက် အကိုင်ပျက် ရဲ အစစ်အဆေးခံ၍
အလုပ်မပြုတ်ရုံတမယ်
အလုပ်ကိုလျစ်လျူရှု့ပြီး
စစ်အစိုးရကိုအန်တုနေသည့်
NLD ကိုထောက်ခံ ရပ်တည်ခဲ့ဖူးတယ်။

အဲ့ဒီအချိန်တုန်းက NLD ရဲ့စိတ်နေစိတ်ထား နိုင်ငံနဲ့ လူထုအပေါ်ထားရှိတဲ့ သဘောထား
အရည်အချင်း လက်တွေ့လုပ်ဆောင်မှု့
မူဝါဒနဲ့ ပေါ်လစီတွေ ဘာမှ မသိရသေးတဲ့အချိန်ကိုး။

အခုတော့လား? တစ်သက်စာသာမက တစ်သံသရာလုံးစာအတွက်ပါ ချီးထက်ကိုရွံသွားခဲ့ပြီ။

အခုအချိန်မှာ ဆင်း/တက်သွားခဲ့တဲ့ အစိုးရတွေဟာ
မတူညီတဲ့ စနစ်နဲ့ အုပ်ချုပ်မှု့ပုံစံတွေကွဲပြားမှု့ကြောင့်
စစ် အစိုးရ အုပ်ချုပ်ခဲ့တဲ့ စနစ်နဲ့ ပုံစံတွေ မူဝါဒကို နားလည်လက်ခံလာနိုင်ခဲ့တယ်။

စစ်အစိုးရဟာ ဒီမိုကရေစီအစိုးရမဟုတ်လို့ အာဏာရှင်ဆန်စွာအုပ်ချုပ်ခဲ့တာကိုလဲ နားလည်လာသလို ဒီမိုကရေစီ အစိုးရဟာ ဒီမိုကရေစီ မဆန်ပါပဲ တစ်ပါတီ စနစ်နဲ့ ထင်သလိုလုပ် အုပ်ချုပ်နေတာကိုလဲ နားလည်သိမြင်လာခဲ့တယ်။

ဒီအချိန်မှာ အစိုးရတွေကို ချစ်ခြင်းမုန်းခြင်း ကြိုက်ခြင်း မကြိုက်ခြင်းဆိုတာတွေဆိုတာထက် ဘယ်အစိုးရတွေဟာ ဘယ် စနစ်ကိုသုံးပြီး နိုင်ငံနဲ့ ပြည်သူ လူထု အတွက် ဘယ်လိုတွေအကျိုးရှိအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သလဲဆိုတဲ့ ရလဒ်အမြင်နဲ့ပဲ တိုင်းတာတော့တယ်။

လူတိုင်းနီးပါး NLD ကိုချစ်ခဲ့သလို စစ်တပ်ကိုမုန်းတီးခဲ့ဖူးပါလိမ့်မယ်။

ဒီလိုပါပဲ အခုအချိန်မှာ NLD ကိုမုန်းတီးပြီး စစ်တပ်ကိုပြန်ချစ်တတ်လာသူတွေလဲ များစွာရှိနေပါလိမ့်မယ်။

သမိုင်းတစ်ကွေ့မှာ လူထုတွေ
ဒီလိုပြောင်းလဲဖြစ်တည်လာခြင်းဟာ အုပ်ချုပ်ခဲ့သူတွေက ပြည်သူတွေကိုပေးခဲ့တဲ့ နိုင်ငံရေး သင်္ခန်းစာတွေရဲ့ ရလာဒ်တွေကြောင့်ပါပဲ။

NLD ကိုချစ်ပြီး
စစ်တပ်ကိုမုန်းသည် ဖြစ်စေ ~
NLD ကိုမုန်းပြီး စစ်တပ်ကိုပဲချစ်လာသည် ဖြစ်စေ ။

သူရေးသူလုပ်ခဲ့တဲ့သမိုင်းနဲ့လုပ်ရပ်တွေကိုတော့ ချစ်စိတ် မုန်းစိတ်တွေဖယ်ပြီး စိတ်ရှင်းရှင်းနဲ့ အမြင်မှန် အကြည့်မှန် လုပ်ပေးကြပါမှ ပကတိအမှန်တရားနဲ့အရှိတရားတွေကို ရလာနိုင်ပါလိမ့်မယ်။

အတိတ်က စစ်အုပ်ချုပ်ရေးသမိုင်းတွေရဲ့တိုးတက်ပြောင်းလဲခဲ့မှု့နဲ့
အခု ဒီမိုကရေစီကာလအုပ်ချုပ်ရေးသမိုင်းတွေရဲ့
တိုးတက်ပြောင်းလဲမှု့တွေကို ထင်သာမြင်သာ ရှိလာအောင် မြေပြင်လက်တွေ့ ရလာဒ်နဲ့ စာရင်းဇယား ရလဒ်တွေ
တိုက်ဆိုင်ကြည့်ကြဖို့လဲ လိုပါ လိမ့်မယ်။

လူသားတိုင်းဟာ
သမိုင်းမှာ မကောင်းခြင်းတွေရှိနေသလို ကောင်းခြင်းတွေလဲရှိနေတယ်။

လူ့သဘာဝအရ ကောင်းခြင်းနဲ့ မကောင်းခြင်းတွေ အတူတွဲလျှက်ရှိနေကြပေမယ့် မကောင်းခြင်းကိုပဲ ဟိုက်လိုက်လုပ် ဖေါင်းထုပြီး ကောင်းခြင်းတွေကိုကျ မချီးကြူးပဲ မြုပ်နှံထားတာတွေဟာ အတိတ်ကိုကျေးဇူးကန်းသလို အနာဂတ်ကိုလည်း သစ္စာဖေါက်ရာ ကျပါတယ်။

ပြီးတော့ လူငယ်တွေအပေါ်ကိုလည်း တာဝန်မကျေ အဆိပ်ခတ် ကာ ၊ အပင်းသွင်း မှိုင်းတိုက် ပေးသလို သက်ရောက်သွားစေပါတယ်။

နိုင်ငံနဲ့ပြည်သူလူထုကို လူသား စိတ်နဲ့ အမှန်တကယ် ချစ်မြတ်နိုးသူများဟာ အပြောနဲ့ လက်တွေ့လုပ်ဆောင်မှု့တွေ တထပ်တည်းကျကာ ဖြောင့်မတ်မှန်ကန်နေဖို့လိုပါတယ်။

ခေါင်းဆောင် ကိုယ်တိုင်က ဗိုလ်ကျနေတယ်။
မတရားဖူး ၊ မမျှတဖူး ၊ သမာသမတ်မကျဖူး ၊
ထင်ရာလုပ်နေတယ် ။
ဒီမိုကရေစီ လမ်းစဉ် မကျဖူး သူ့နဲ့ သူ့၏အသိုင်းအဝိုင်းအတွက်သာလျှင်
လူသားဆန်တဲ့ စိတ်ရှိပြီး ကျန်တဲ့ ပြည်သူတွေ အတွက် လူသားဆန်သောစိတ် မရှိဖူးဆိုရင် ဒါဟာ မျှတမှု မရှိ ခြင်းနှင့် သမာသမတ် မကျတဲ့ ဒီမိုကရေစီသာဖြစ်သွားပါလိမ့်မယ်။
တနည်းအားဖြင့် အာဏာရှင် ဒီမိုကရေစီသာဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် စစ်အာဏာရှင်အုပ်ချုပ်ရေး စနစ်နဲ့ ဒီမိုကရေစီ စနစ်အုပ်ချုပ်ရေးတွေမှာ နိုင်ငံနဲ့ ပြည်သူလူထု အတွက်တိုးတက် ဖြစ်ပေါ်ခဲ့တဲ့
ပကတိ အရှိတရားတွေကို လူကြီး လူလတ် လူငယ်
တွေအားလုံး သိမြင်နိုင်ဖို့အတွက် အောက်ပါPost ကို ကူးယူ ဖေါ်ပြပေးလိုက်ရပါတယ်။

နိုင်ငံသားတိုင်းဟာ တက်လာခဲ့တဲ့အစိုးရတိုင်းကို
ချစ်ခြင်း မုန်းခြင်းတွေ နဲ့ မကြည့်ပဲ နိုင်ငံနဲ့ပြည်သူလူထုအတွက် အမှန်တကယ်ဖြစ်ပေါ်လာခဲ့တဲ့ တိုးတက်မှု့ ရလဒ်အပိုင်းတွေနဲ့ ချိန်ထိုးကြည့်နိုင်တတ်မှသာလျှင် ကျနော်တို့နိုင်ငံကြီး အကောင်းဘက်ကို ပြောင်းလဲလာနိုင်မှာပါ။

ဒီလို မဟုတ်လို့ကတော့ ဒီတစ်သက်မှာ ဒီထက်ပိုဆိုး သထက် ပို၍ ဆိုးလာပါလိမ့်မယ်။

ချစ်ခြင်း မုန်းချင်းစိတ်တွေထက်
ဖြစ်သင့်၏ မဖြစ်သင့်၏ စိတ်တွေနဲ့သာ အစိုးသစ်တွေကို ရွေးချယ်ကြပါလို့အကြုံပြု့အပ်ပါတယ်။

ဘရွှေရေးတဲ့ သူ့သမိုင်း
===============

ဦးသန်းရွှေ အုပ်ချုပ်သွားတဲ့ ကာလမှာ တိုင်းပြည် ဖွံ့ဖြိုးဖို့ သူဘာတွေ လုပ်သွားသလဲ ဆိုတဲ့ သမိုင်းက ငုတ်သယောင် ဖြစ်နေပါတယ် ။ ဘယ်လို ရက်စက်တာ ဘယ်လိုခိုးတာ ဆိုတဲ့ ဝါဒဖြန့်မှုတွေကို ပြည်တွင်း ပြည်ပကနေ အားကောင်းမောင်းသန် လှုံ့ဆော်နေကြတာကိုး ။

ကဲ အခုခေတ် ကလေးတွေ လေ့လာနိုင်ဖို့ ပြန်လည် တင်ပြပေးပါ့မယ် ။ အင်္ဂလိပ်ခေတ်ကနေ ဦးနု ဦးနေဝင်း ခေတ်အထိ အခြေခံအဆောက်အဦးတွေ နဲ့ ဦးသန်းရွှေခေတ် တိုးပွားလာတဲ့ အရေအတွက် ယှဉ်ကြည့်ပါ ။

ကြိုတင်ပြောထားချင်ပါသေးတယ် ။ သယံဇာတ ရောင်းစားတာ တို့ ကွာလ်တီမကောင်းဘူးတို့ ဆိုတဲ့ အောက်လုံးတွေ အတွက်ပါ ။ အခုအစိုးရလည်း သံယံဇာတ ရောင်းစားနေဆဲပါ ။ ကွာလ်တီလည်း ထူးမခြားနားဆိုတာ ကြိုပြောပါရစေ ။

ရထားလမ်း
---------------
မဆလ စစ်အစိုးရ တိုးတက်မှု

1796•35 3203•05 1266•70
(ရထားလမ်းမိုင်)

2793•86 4288•90 1459•04
(သံလမ်းမိုင်)

487 815 328
(ဘူတာရုံ)

578 738 191
(ရထားလမ်းတံတား အကြီး)

5103 9438 4395
(ရထားလမ်းတံတား အသေး)

လေကြောင်း
-----------------

66 69 3
(လေယာဉ်ကွင်း)

0 11 11
(ပြေးလမ်းအရှည် ပေ တသောင်းအထက်)

21 26 5
(ပြေးလမ်းအရှည် ပေငါးထောင် အထက်)

45 32 (အဆင့်မြှင့်ပေး)
(ပြေးလမ်းအရှည် ပေငါးထောင်အောက်)

ရေကြောင်း
---------------

13 29 16
(ပြည်တွင်းသုံး ဆိပ်ခံ)

86 108 24
(ပြည်ပသုံး ဆိပ်ခံ)

အဝေးပြေးကားလမ်းမ
------------------------------

13635 19313 / 7 5678 / 7

တံတားများ
----------------

198 414 206
(ပေ ၁၈၀ အထက်)

0 25 25
(၂၀၀၈ အထိ တည်ဆောက်ဆဲ)

3305 6155 2850
(ပေ ၁၈၀ အောက်)

တမတော် အင်ဂျီနီယာဌာနမှ ပေ ၁၈၀ အောက် တံတား ၁၁ စင်း သီးသန့် တည်ဆောက်ထားသည် ။

အဲဒီစာရင်းတွေက ၁၉၈၈ မှ ၂၀၀၈ အတွင်း တည်ဆောက်ခဲ့ကြတာပါ ။ ကျန်တဲ့ ကဏ္ဍများကို လေ့လာကြည့်မယ် ဆိုရင်

- စိုက်ပျိုးမြေအသစ် 1•8 သန်း ဖော်ထုတ်

- ဆည်တမံ 213 ခု

- မြစ်ရေတင် 376 ခု

- စက်မှုဇုံ 18 ခု

- ရုပ်သံထပ်ဆင့်လွှင့်ရုံ 162 ခု

- တက္ကသိုလ် / ကောလိပ် 37 ကျောင်း

- နည်းပညာတက္ကသိုလ် 2 ကျောင်း

- စက်မှု လက်မှု သိပ္ပံ 10 ကျောင်း

ဆေးရုံ တို့ တိုင်းရင်းဆေးရုံတို့ အရေအတွက် ၂၀၀ ဝန်းကျင် တည်ဆောက်ခဲ့ ပါတယ် ။ ဦးသိန်းစိန်လက်ထက် စာရင်းများနဲ့ ရောထွေးနေလို့ အတိအကျ မရေးနိုင်ပါဘူး ။

လျှပ်စစ်ကဏ္ဍ
------------------

အမည် မဂ္ဂါဝပ် ခုနှစ်

ဘီလူးချောင်း ၂ 168 1974

ကင်းတား 56 1985

(မဆလ ခေတ်က လျှပ်စစ်အကုန်ပဲ)

ဆည်တော်ကြီး 25 1989

ဘီးလူးချောင်း ၁ 28 1992

ဇော်ဂျီ ၁ 18
🇲🇲🇲🇲🇲🇲🇲🇲🇲🇲
Thu Thu Aung
#crd. .