Tuesday, October 12, 2021

ဘောမနှင့် နီပိတ် 🍁


(Printed ပေါ်တင်ဖို့မရည်ရွယ်တဲ့စာပါ 😒)

အာဏာမထိန်းမီ -

ဘောမ - မဲခိုးနေပြီလေ။ စာတွေပဲထုတ်နေတော့မှာလား။ အာဏာမထိန်းဘူးလား။ ဘတ်ပု .. ဘလာ ဘလာ ဘလာ 
နီပိတ် - သိမ်းချင် အမှိုက်လာသိမ်း 

ဘောမတွေကြည့်မရတဲ့ နီပိတ်အစိုးရ ပြုတ်ကျသွား

အာဏာထိန်းပြီးနောက် - 
အစောပိုင်းကာလ။ ဘောမများရော နီပိတ်များပါ ငုတ်တုတ်မေ့နေကြ။ နောက် နီပိတ်များ နိုးလာ။ စီဒီအမ်မ် လုပ်ခိုင်း။ စွရှက်ခွဲ၊ ဝန်ထမ်းတွေကို ငိုယိုတောင်းပန်။ အလုပ်မဆင်းကြပါနဲ့။ ပြည်သူက တင်ကျွေးမှာပါ ပြော ...

ဆန္ဒတွေပြ။ Theme တွေပျောက်။ ကော့စ်ပလေးပွဲ ဖြစ်လာ။ ပျော်ကြရွှင်ကြ။ 
ဇာတ်မနာတော့ ဇိုးတွေကိုမြှောက်ပေး၊ ရေကားကို ခဲနဲ့ထုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြ။ နေပြည်တော်က ကောင်မလေး အာဇာနည်ဖြစ်။ 
ဘောမတွေ ဘာမှမပြောသေးဘဲ ကြည့်နေ။ 

နီပိတ်တွေ စီဒီအမ်လုပ်ကြ၊ အလုပ်တွေပြုတ်ကြ၊ တောခိုကြ။ အရပ်သားချင်း အုပ်ကြီးတွေကို အပျော့နှိုက်ကြ။ 
ဘောမတွေက တပ်ချုပ်ကို ဆဲ။ 

နီပိတ်တွေ အလုပ်ပြုတ်ရာက ငတ်ကြ၊ အချင်းချင်း အလှူခံကြ၊ လိမ်ကြ၊ ညာကြ၊ ဖြတ်စားကြ။
ဘောမတွေက တပ်ချုပ်ကို ဆဲ။ 

နီပိတ်တွေ တော်လှန်ရေးလုပ်ရင်း အချင်းချင်း လစ်ဗင်းတူဂဲသား လုပ်ကြ၊ နောက်ဖေးလမ်းကြားက ကြယ်ပြောင်တွေပါ ထွက်လာ။ ဂုဏ်ပြုကြ။
ဘောမတွေက တပ်ချုပ်ကို ဆဲ။ 

ပီဒီအက်ဖ် ဖွဲ့ရင် စစ်ထဲဝင်ပါမယ်ဆိုတဲ့ လော်ဘီတွေ အုံနဲ့ကျင်းနဲ့ အမေရိကားထိပြေးကြ။ 
ဘောမတွေက တပ်ချုပ်ကို ဆဲ။ 

နီပိတ်တွေ တောခိုကြ။ ခွေးသေ ဝက်သေ သေကြ။ စာရင်းပျောက် အင်းပျောက်။ မိုးကာကြီးနဲ့ သိမ်း မြေမြှုပ်၊ မီးပုံရှို့။ ကော်ပိုက်နဲ့ဒုံးလုပ်ရာက အကုန်ပြုတ်။ ဘယ်သူမှလည်း စွဖက်မလုပ်။ လိုင်းပေါ်မှာ ငါတို့နိုင်မှာပြော။ 
ဘောမတွေက သေကုန်တဲ့အုပ်ကြီးစာရင်းကြည့်ပြီး တပ်ချုပ်ကို ဆဲ။ 

ကိုဗစ်တွေဖြစ်လာ။ အောက်ဆီဂျင် အခက်အခဲ ဖြစ်အောင်လုပ်။ အစိုးရကို ပြည်သူက စိတ်ပျက်မှ အမှတ်ဝင်ယူဖို့ကြံ၊ ပိုးဖြန့်သပိတ်လုပ်။ နီပိတ်တွေက ငါတို့နိုင်မှာပြော။ 
နစကဝန်ကြီးက အောက်ဆီဂျင်နဲ့ ကိုဗစ် ဆေးပစ္စည်းတွေ လှိမ့်သွင်း၊ စစ်တပ်က အောက်ဆီဂျင်တွေ သယ်ပို့ပေး။ 
သင်္ချိုင်းမှာ မီးသင်္ဂြိုဟ်စက် တိုးဆောက်တာကို TV မှာ ပြမှုနဲ့ ဘောမတွေက အစိုးရကို ဆဲ။

နီပိတ်တွေ အလုပ်လက်မဲ့ဖြစ်။ တစ်ပြည်လုံး တန်းတူကြပ်တည်းသွား။ နီပိတ်တွေက ပီဒီအက်ဖ်တွေကို အငတ်ခံပြီး ထောက်ပံ့။ ငါတို့နိုင်မှာလို့ ပြော။ 
စီးပွားရေးတွေ ကျဆင်းကုန်တဲ့အတွက် ဘယ်သူ့ကိုမှ လှူစရာမလိုတဲ့ ဘောမတွေက တပ်ချုပ်ကို ဆဲ။ 

စာအုပ်တစ်မျိုးတည်းကို ဒါဇင်နဲ့ချီ ဝယ်ပြီးတင်တဲ့ ဆာဆာက အာဏာကို အွန်လိုင်းကနေ လွှဲပေးဖို့ ပေါတောတောနဲ့ပြော။ နီပိတ်တွေ အောင်ပွဲခံ။ ငါတို့နိုင်မှာလို့ ပြော။ 
ဘောမတွေက တပ်ချုပ်ကို ဆဲ။ 

အရည်မရ အဖတ်မရ နွေဦးထီ ဆိုပြီး ထ လုပ်။ ပြီးတော့ ဇာတ်သိမ်းသွား။ ထီပေါက်လည်း မယူဘူး။ နုဂျီကို လှူမှာ - လို့ နီပိတ်တွေကြွေးကြော်။ ငါတို့နိုင်မှာ လို့ ပြော။ 
ဘောမတွေက တပ်ချုပ်ကို ဆဲ။ 

ကုလသမဂ္ဂမှာ နေရာလု။ ကျော်မိုးထွန်း မိုက်ပိတ်ခံရ။ မိုက်ကလေးတောင် ဟိုဘက်လှည့်ထား။ နီပိတ်တွေက ငါတို့နိုင်မှာ လို့ ပြော။ 
ဘောမတွေက တပ်ချုပ်ကို ဆဲ။ 

သံတမန်ရေး တင်းမာလာ။ အဖက်လုပ်ခံရလို့ နီပိတ်တွေပျော်ကြ။ ငါတို့နိုင်မှာ လို့ ပြော။ 
ဦးဝဏ္ဏမောင်လွင်ထက် အတွေ့အကြုံရှိပြီး ဦးကိုကိုလှိုင်ထက် ပိုတော်တဲ့ ဘောမ များက နစက ကို ဝေဖန်လေကန်ကြ။ 
တပ်ချုပ်ကို ဆဲ။ 

အနှစ်ချုပ်တော့ ...
ကိုယ်တွေ ကိုယ်စား တောတိုး စစ်တိုက်ပေးမယ့် တပ်မတော်ကြီးလည်းရှိ၊ ကိုယ်တွေအတွက် ခေါင်းခံ ဖြေရှင်းပေးပြီး အဆဲပါ ခံပေးမယ့် အစိုးရလည်းရှိ။ ဘယ်သူ့မှ လှူစရာမလိုသလို ဘာ အကုသိုလ်မှလည်း မဖြစ်မနေ လုပ်စရာမလိုတဲ့ ဘောမတွေက ထစ်ခနဲရှိ ဆဲ။ 

တောထဲမှာ ခွေးသေဝက်သေ သေပြီး အုတ်ဂူတောင် မကျန်တဲ့ နီပိတ်တွေက ထောင်ထဲရောက်နေတဲ့ သူတို့အစိုးရ ပြန်လာမှာ - လို့ ယုံကြည် မျှော်လင့်ပြီး ဒေါသနဲ့ တောင့်ခံနေကြချိန်မှာ ...
ကိုယ်မကြိုက်တဲ့အစိုးရကို ဖြုတ်ချပေးပြီး စွပြဿနာပေါင်းစုံတက်နေတဲ့ နစက ကို ဘောမတွေက ... ဆဲ ...

ပါတီတွေကို ဆဲ... 😅

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဘယ်လိုပဲ အသိဉာဏ်နိမ့်တယ်ဆိုဆို နီပိတ်တွေရဲ့ Stamina ကိုတော့ အသိအမှတ်ပြုရမှာပဲ 😉

သန့်နေစိုး 😉
*
*
*

Related Posts: