သိစေရန်...
(၉အောက်တိုဘာ၂၀၂၁)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ မနက်(၀၉၀၀)အချိန်လာရောက်ပေးပါ ဟု အသိ"ရဲဝန်ထမ်း"တစ်ဦးကဖုန်းဆက်ခေါ်ယုံဖြင့်
(၁၅မတ်၂၀၂၁)ရက်နေ့က မကွေးတိုင်း အောင်လံမြို့ နေ ဒေါ်ယဉ်ယဉ်ဦး မိသားစု နေထိုင်ပိုင်ဆိုင်သည့်နေအိမ်အား NLD အစွန်းရောက်အကြမ်းဖက် အင်အား(၁၀၀)ခန့်မှ ဝင်ရောက်ဖျက်စီးပြီး နေအိမ်နှင့် ခြံတွင်းရှိ "အဝီစိ"ရေတွင်းအပါအဝင် အဆောက်အဦအားလုံးကို "မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။
ထိုသို့ လူအင်အားမြောက်များစွာဖြင့် ဖျက်စီးမှု ပြစ်မှုမကျူးလွန်ခင် နေအိမ်ပိုင်ရှင် ဒေါ်ယဉ်ယဉ်ဦးမိသားစုအား သတ်ဖြတ်ရန်ကြံစီစဉ်ကာယကံရှင်များမှာ ရှောင်တိမ်း၍ လွတ်မြောက်ခဲ့သော်လည်း ၎င်းတို့၏ ပိုင်ဆိုင်မှုနေအိမ်မှာမူ ပြာပုံအတိဖြစ်ခဲ့ရသည်။
ဖေါ်ပြပါ ဖြစ်စဉ်နှင့်ပါတ်သက်၍ နစ်နာသူ ကာယကံရှင်မှ နေအိမ်ဖျက်စီးခံရမှုအား ဖြစ်စဉ်ဖြစ်ချိန်တွင် အောင်လံမြို့ရဲစခန်းသို သတင်းပို့တိုင်ကြားခဲ့ပါသော်လည်း တာဝန်ရှိ မည်သိ အဖွဲ့အစည်းမှ လာရောက်ကူညီကယ်တင်စောင့်ရှောက်မှုမှမပြုပေးကြကြောင်း နစ်နာသူ ဒေါ်ယဉ်ယဉ်ဦးမှ ပြောကြားပါသည်။
ယနေ့ (၉အောက်တိုဘာ၂၀၂၁)ယခု အချိန်တွင် မကွေးတိုင်း အောင်လံမြို့နယ်ရှိအဆိုပါဖြစ်ရပ်မှန်အား မကွေးတိုင်း အောင်လံမြို့နယ် မြို့နယ်တာဝန်ရှိသူများ ခရိုင်မြို့နယ် ရဲတပ်ဖွဲ့များမှ နစ်နာသူ၏ ဖြစ်စဉ်အမှန်ကို လုံးဝ ကွဲလွဲ ဆန့်ကျင်သွေဖယ်ကာ "နစအ"ကောင်စီထံ တင်ပြနေခြင်း၊နစ်နာသော ပြည်သူကို မလျှော်ဩဇာသုံးခြိမ်းခြောက်ခြင်း၊ဖိအားပေးခြင်း၊များအပြင် နစ်နာသူမိသားစု စိတ်ဓါတ်ပိုင်းဆိုင်ရာ အနာတရဖြစ်ပျက်စီးအောင် အောင်လံမြို့မရဲစခန်းသို့ တရားဝင်စာဖြင့် ဖိတ်ခေါ်ခြင်း မဟုတ်ဘဲ လက်ကိုင်ဖုန်းဖြင့် ရဲစခန်းသို့ လာခဲ့ပေးရန်ခေါ်ဆိုပြီး အချိန်လွန်ကာ အစာငတ် ခံခိုင်းခြင်းများကို အောင်လံရဲတပ်ဖွဲ့စခန်းမှ ပြုလုပ်နေကြောင်း နစ်နာသူ ကာယကံရှင်မှ ပြောကြား၍သိရှိရပါသည်။
နစ်နာသူ ကာယကံရှင်မှ အောင်လံမြို့ တာဝန်ရှိသူအားလုံး၏ ဥပေက္ခာပြုမှု၊အောင်လံမြို့တာဝန်ရှိ ခေါင်းကြီးပိုင်းများအားလုံးမှာလည်း NLDအကြမ်းဖက်အဖွဲ့အစည်းကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အားပေးထောက်ခံနေကြသည်ဖြစ်၍ အမှုမှန်များ ကွယ်ပျောက်ဆုံးရှုံးနေသိအတွက် အမျိုးသားရေးပုဂ္ဂိုလ်တစ်ဦး၏ ဖေးမကူညီမှုဖြင့် ဖေါ်ပြပါဖြစ်စဉ် အကုန်အစင်နှင့်တစ်ကွ အောင်လံမြို့ ရဲစခန်းတာဝန်ကျရဲအရာရှိ၏ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုမူမှုအလုံးစုံအား ယနေ့ နစအကောင်စီဥက္ကဌ နှင့် တစ်ကွ ပြည်ထဲရေးဝန်ကြီး အဘစိုးထွဋ် နှင့် "နစအ"ကောင်စီအဖွဲ့များထံ တိုက်ရိုက်တင်ပြပေးခဲ့ပါသည်။
လုပ်ပိုင်ခွင့်အာဏာ ကိုအလွဲသုံးစားပြုလုပ်နေသည့် အောင်လံမြို့ရဲစခန်းမှ ရဲအုပ်သောင်ညွန့်ဆိုသူအား ၎င်း၏အထက်ရဲအရာရှိအချို့မှ အမှုပေါ့လျှော့အောင် မရိုးမသား ကာဗာပေးပြီး"နစအ"ကောင်စီပုံရိပ်ထိခိုက်အောင် ဖြစ်ရပ်ဖြစ်စဉ်အမှန်ကို ထိန်ချန်ဖုံးကွယ်ပြီး အဆိုပါ ရဲအုပ်သောင်းညွန့် ဆိုသူ လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားပြု၊ပြည်သူကို ညှင်းပမ်းနှိပ်စက်မှု၊NLDအကြမ်းဖက်မှုများ ပြစ်မှု ပျောက်ပျက်အောင် ဝိုင်းဝန်းဆောင်ရွက်နေကြသည်ဖြစ်ကြောင်း နစ်နာသူ ကာယကံရှင် ဒေါ်ယဉ်ယဉ်ကြူ မှတ်ပုံတင်အမှတ် ( ၈/အလန(နိုင်)၁၁၆၉၅၁)၊စက်ရုံအောင်မင်္ဂလာ B1၊အောင်လံမြို့နေသူမှ ရင်ဖွင့်ပြောကြားလာပါသည်။
ရွှေသုန္ဒရီ