Tuesday, October 12, 2021

အစားထိုးမရတဲ့ဆုံးရှုံးမှု့


ဒေါ်စုသာမဲမခိုးခဲ့ဘူးဆိုရင်ပေါ့..လူများစွာလည်းသေဦးမှာမဟုတ်ဘူး...

ဘယ်အနုပညာရှင်မှလည်း တောထဲရွှေ့နေစရာမလိုဘူး....

ဘယ်အဖေမှလည်းသားတစ်ကွဲ..မယားတကွဲနေရမှာမဟုတ်ဘူး....

ဘယ်အမေမှလည်း..ဒုတိယ..တတိယပဋာစာရီတွေဖြစ်မယ်မထင်ဘူး....

ဈေးထိပ်ကကောင်လေးလည်းအားရပါးရပြုံးရင်းရေစည်လှည်းပျော်ပျော်ကြီးတွန်းနေဦးမှာ....

ပိုက်ဆံစုပြီးဖုန်းဝယ်မယ့်သူကလည်းအခုလောက်ဆို ဝယ်နိုင်ရောပေါ့....

သီချင်းဆို ဝါသနာပါတဲ့ မျက်လုံးကြည်ကြည်တောက်တောက်နဲ့ကောင်မလေးကလဲ..အကနည်းပြဆက်လုပ်လိုက်၊သီချင်းတွေဖေ့ဘုတ်ပေါ်တင်လိုက်နဲ့ပျော်နေမှာ....

သုံးလသားကလေးလေးလည်းသူ့အဖေလက်ပေါ်အိပ်ခွင့်ရဦးမှာ....

ရှင်ပြုမယ့်ကလေးလည်း အခုချိန်ကတုံးလေးနဲ့နေမှာ...

ဖိတ်စာဝေနေတဲ့သတို့သားလည်းခန်းဝင်ပစ္စည်းတွေနေရာချနေရောပေါ့....

ပိုင်တံခွန်ပုံတွေလည်း ကမ္ဘာပတ်နေရောပေါ့....

ဆေးကျောင်းသားလေးလည်းစာတွေကြိုးစားနေလောက်ပြီ...

ဆရာဝန်လေးလည်းခွဲခန်းထဲမှာအသက်တွေကယ်နေမှာ....

သူနာပြုလေးလည်းတစ်လတစ်ခါ ဘိုးဘွားရိပ်သာမှာ အဘိုးအဘွားတွေကိုလက်သည်းခြေသည်းသွားညှပ်ပေးနေဦးမှာ....

ကျောင်းဆရာမလည်းမွမ်းမံသင်တန်းတွေတက်၊သင်ထောက်ကူတွေစုနဲ့ဘယ်အားပါ့မလဲ....

ရေမွန်ကြီးလည်းသီချင်းတွေဆက်ဆိုနေဦးမှာ...

 
လူတစ်စုအာဏာရူးတဲ့အတွက်ပေးဆပ်လိုက်ရတဲ့အဖိုးတန်အသက်တွေကဘယ်လောက်တောင်မှများပါသလဲ?
 
ပေးလိုက်ရတာ​ များလေ အရှုံးခံဖို့မတန်လေပါဘဲ....

အခု ဒေါ်စုမဲခိုးခဲ့ပါတယ်။

Credit