Sunday, October 10, 2021

နေပြည်တော်မြို့သစ်ကြီးတည်ဆောက်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ


မြန်မာ့သမိုင်းတွင်
သရေခေတ္တရာခေတ်
ပုဂံခေတ်
မြင်စိုင်း
ပင်းယ
စစ်ကိုင်းခေတ်
အင်းဝခေတ်
ဟံသာဝတီခေတ်
တောင်ငူခေတ်
ညောင်ရမ်းခေတ်
ကုန်းဘောင်ခေတ်
ကိုလိုနီခေတ်
လွတ်လပ်ရေးခေတ်
ဖဆပလခေတ်
တော်လှန်ရေးကောင်စီခေတ်
မဆလခေတ်
စသည့် ခေတ်အသီးသီးတွင်
အုပ်စိုးခဲ့သော ဘုရင်များ
မင်းများ
အကြီးအကဲများသည်
မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော
သရခေတ်ေတရာ
ပုဂံ
စစ်ကိုင်း
အင်းဝ
တောင်ငူ
ဟံသာဝတီ ( ပဲခူး )
ရွှေဘို
အမရပူရ
မန္တလေး
ရန်ကုန်တို့တွင်
မင်းနေပြည်တော်မြို့ကြီး တည်ဆောက်၍
စိုးစံခဲ့ကြသည် ……………

ကုန်းဘောင်ခေတ်၌
ဦးအောင်ဇေယျ ( ခေါ် ) အလောင်းမင်းတရားသည်
" ရတနာသိင်္ဃမြို့ "
ဒီပဲယင်းမင်းက " စစ်ကိုင်းမြို့ "
မြေဒူးမင်းက " ရတနာပူရ အင်းဝမြို့ "
ဗဒုံမင်းက " အမရပူရမြို့ "
စစ်ကိုင်းဖလ်နန်းရှင်က " ရတနာပူရ ( ဒုတိယ ) မြို့
မင်းတုန်းမင်းက " ရတနာပုံမြို့ " ကို
တည်ဆောက်ခဲ့သည် ……………

ထိုသို့ တည်ဆောက်ရာတွင်
မြတ်စွာဘုရားထားရှိတော်မူခဲ့သော
ဗျာဒိတ်တော်အရ
" ဇဗ္ဗူဒိတ် နိမိတ်ထွန်း ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း
သြဘာနိမိတ်ထွန်း " ဟု ယုံကြည်၍
မြို့သစ်များကို တည်ဆောက်ခဲ့သလို
အခြားအကြောင်းအရင်းများဖြစ်သည့်
လုံခြုံရေးအရ
ကုန်စည်ကူးသန်းရောင်းဝယ်ရေးအရ
မြို့သစ် နေပြည်တော်သစ်များ တည်ဆောက်ခြင်း
ပြောင်းရွှေ့ခြင်းများကို ပြုလုပ်သည်ကို
သမိုင်းတွင် အထင်အရှား တွေ့မြင်ရပေသည် ……………

ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည်
ပျဉ်းမနားမြို့၌ " နေပြည်တော် " မြိ့သစ်ကို
၂၀၀၁ -- ခုနှစ်မှစ၍ တည်ဆောက်ခဲ့သည်
ထို့နောက် ၂၀၀၅ -- ခုနှစ်
နိုဝင်ဘာလ ၆ ရက်နေ့မှစ၍
အစိုးရဝန်ကြီးများ
ရန်ကုန်ရုံးစိုက်ရာမှ
နေပြည်တော်သို့ ပထမဆုံး ပြောင်းရွှေ့ခဲ့သည်
၂၀၀၅ -- ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင်
နေပြည်တော် | ပျဉ်းမနားတွင်
တော်ဝင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း
စတင် ပြေးဆွဲ၍
၂၀၀၆ -- ခုနှစ် မတ်လ ၁ ရက်နေ့တွင်
မြန်မာနိုင်ငံ၏မြို့တော် " နေပြည်တော် " ၏
မြို့တော်ဝန်အဖြစ် နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စည်ပင်သာယာရေးဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့်အား
ခန့်အပ်ခဲ့သည်
၂၀၀၆ -- ခုနှစ် မတ်လ ၂၇ ရက်တွင်
( ၆၁ ) ကြိမ်မြောက် " တပ်မတော် " နေ့ကို
ပထမဆုံးအကြိမ်အဖြစ် " နေပြည်တော် "
စစ်ရေးပြကွင်း၌ စတင်ကျင်းပခဲ့သည် ……………

ထိုနှစ် မတ်လ ၃၀ ရက်နေ့မှာပင်
ပျဉ်းမနားလယ်ဝေး
တပ်ကုန်း မြို့နယ်များပေါင်း၍
ပျဉ်းမနားခရိုင်ဖွဲ့စည်းပြီး
" နေပြည်တော် " ကို မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေးမြို့တော်အဖြစ် သတ်မှတ်ခဲ့သည်
၂၀၁၀ -- ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင်
ပြည်ထောင်စု မြန်မာနိုင်ငံ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက
အမိန့်ကြောငြာစာ အမှတ် ၃၄ / ၂၀၁၀ ဖြင့်
ပြည်ထောင်စုနယ်မြေဖြစ်သည့်
"'နေပြည်တော် " တွင် ခရိုင်နှင့်
မြို့နယ်များသတ်မှတ်၍ ယင်းသတ်မှတ်ချက်အရ
" နေပြည်တော် " ခရိုင် ပေါ်ပေါက်လာပြီး
၄င်းခရိုင်တွင်
( ၁ ) ဇေယျာသီရိမြို့နယ်
( ၂ ) ဇမ္ဗူသီရိမြို့နယ်
( ၃ ) ဒက္ခိဏသီရိမြို့နယ်
( ၄ ) ဥက္ကရသီရိမြို့နယ်
( ၅ ) ပုဗ္ဗသီရိမြို့နယ်
( ၆ ) ပျဉ်းမနားမြို့နယ်
( ၇ ) လယ်ဝေးမြို့နယ်
( ၈ ) တပ်ကုန်းမြို့နယ် ဟူ၍
မြို့နယ် ( ၈ ) ခုဖြင့် ဖွဲ့စည်းခဲ့သည် ……………

ယခုဆိုလျှင် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ
ကျေးဇူးကြောင့် " နေပြည်တော် " မြို့ကြီးသည်
လည်ပတ်စရာမြို့ကြီးအဖြစ်
အထင်အရှားရှိခဲ့ပြီ မဟုတ်လားခင်ဗျာ ………………

Credit
#စစ်စိမ်းမြေ
~~~~~~~~~