Sunday, October 10, 2021

အချိန်ကျပြီ


တပ်ချုပ်ကြီး အလွန်အကွက်စေ့လွန်းပြီး သွေးအေးတည်ငြိမ်စွာ နိုင်ငံကို ဦးဆောင်နေတယ်ဆိုတာပါ ---

 နိုင်ငံအရေးဆောင်ရွက်တဲ့အခါ တစ်ချို့သော စိတ်ရှည်သည်းခံရမှုကို ထည့်တွက်ရပါတယ်။ နိုင်ငံတော်အာဏာထိမ်းကာစကပြည်သူတွေက တပ်မတော်ထောက်ခံပွဲတွေကျင်းပပြီး NLD ဆိုတာ အမြီးကုပ်နေကြရတာပါ။ NLD အင်္ကျီ၊ နဖူးစည်း၊ သီချင်းခွေတွေကိုတောင် အိမ်မှာမထားရဲလောက်အောင် ငြိမ်ကုပ်သွားတာပါ။ ဒီအနေအထားမှာ နေပြည်တော်စည်ပင်ဧည့်ရိပ်သာက NLD အမတ်တွေ၊ ဝန်ကြီးတွေကို ထောင်ထဲထည့်ထားလိုက်ရင် ငြိမ်သွားမယ်လို့ အတွေးတိမ်မိပါတယ်။

တကယ်တော့ ဘာအပြစ်မှမပြနိုင်ဘဲ သူတို့ကိုထောင်ထဲ ထည့်လို့မရပါဘူး။ ပြောရရင် အချိန်မကျသေးဘူးလို့ သုံးသပ်ရမှာပါ။ အဲ့ဒီအမတ်တွေ ဝန်ကြီးတွေ ပြန်လွှတ်လာပြီးနောက်မှာတော့ လူထုဆန္ဒဖော်ထုပ်ပွဲတွေဖြစ်လာတယ်၊ ကိုယ်စားပြုလွှတ်တော် (CRPH)ပေါ်လာတယ်၊ စဉ်ပြိုင်အစိုးရ (NUG) ဆိုတာပေါ်လာတယ်။ နောက်ဆုံးတော့ (PDF) ဆိုတဲ့ NLD သူပုန်တွေပေါ်လာပြီး ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးကြတော့တာပါဘဲ ----

တပ်ချုပ်ကြီးအနေနဲ့ NLD အပေါ်မှာ များစွာစိတ်ရှည်ရပါတယ်။ ဦးစွာ အာဆီယံရဲ့ထောက်ခံမှုယူရပါတယ်။ နိုင်ငံတကာရဲ့မျက်နှာစာမှာ မြန်မာနိုင်ငံကျရှုံးမသွားဖို့ သူကြိုးပမ်းရပါတယ်။တကယ်လဲ NLD ဆိုတာ အကြမ်းဖက်အဖွဲ့အစည်းပါလို့ ကမ္ဘာကလက်ခံလာမှ ရုရှားနိုင်ငံက အကူအညီတွေ အလုံးအရင်းနဲ့ရလာခဲ့တာပါ။ ရုရှားကို အားကိုးရတဲ့ အကြောင်းရင်းကတော့ တရုပ်ရဲ့မရိုးသားမှုကြောင့်လို့ ရိုးရိုးလေး ကောက်ချက်စွဲရမှာပါ။ တရုပ်က ဦးသိန်းစိန် လိုသမ္မတမျိုး နောက်တစ်ယောက်ကို မလိုလားပါဘူး။ ဦးသိန်းစိန်က မြစ်စုံစာချုပ်အပြင် အခြားစီးပွားရေးဆိုင်ရာ ကဏ္ဍတွေမှာ တရုပ်ကိုပီပီပြင်ပြင်ကိုင်တွယ်ခဲ့ပါတယ်။ ဒေါ်စုကြည်လက်ထက်မှာတော့ တရုပ်စီးပွါးရေးလုပ်ငန်းတွေ နယ်ချဲ့လာပုံက စစ်ကိုင်းတိုင်းအတွင်းက ဇလုံတောင်ပါမချန် အနှစ် (၅၀) စာချုပ်နဲ့အပိုင်သိမ်းထားခွင့်ရခဲ့ပါတယ်။တစ်ခြားစီးပွားရေးနယ်ချဲ့ခံရမှုတွေလဲ ရှိခဲ့ပါသေးတယ်။ ဒါကြောင့် တရုပ်က ကိုယ်ကျိုးအတ္တကြည့်ပြီးဥာဏ်အမျှော်အမြင်နည်း တဲ့ ဒေါ်စုလိုလူမျိုးကိုဘဲလိုလားတဲ့အတွက် (၂၀၂၀) ရွေးကောက်ပွဲမှာသုံးတဲ့ မဲလက်မှတ်ကိစ္စနဲ့ အခြားမဲကိစ္စတွေမှာ NLD ဘက်ကရပ်တည်ပြီး မသမာမှုကိုကူညီပေးခဲ့တာ သက်သေတွေရှိပါတယ်။

အခုတော့ NLD အမတ်တွေရော၊ ဝန်ကြီးတွေရော၊ ပါတီဝင်တွေရော ဥပဒေအပြင်ဘက်ရောက်ကုန်ပါပြီ အာဏာထိမ်းကာစကသာ ပြန်မလွှတ်ခဲ့ရင် နောက်ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီတစ်ချို့ဆီကို လူဖြန့်ခွဲပြီး နိုင်ငံရေးကိုခွေးတိုးပေါက်ကတိုးဝင်ပြီး CIAနဲ့ OIC ခြေရှုပ်ကြအုံးမှာပါ။ မြန်မာနိုင်ငံရေးမှာ ဒီလိုအဖွဲ့အစည်းကလူတွေ ပါမလာသင့်တော့ပါဘူး။ ဒါကြောင့် အကုန်လုံး ဥပဒေအပြင်ဘက်ရောက်အောင်စောင့်ပြီး တစ်ပါတီလုံးကို ကစ်ထည့်လိုက်တာပါ။ 

အခုဆိုရင် PDF ရှင်းလင်းရေးက အတော်ခရီးရောက်နေပြီး အောင်မြင်လာခဲ့သလို ရုရှားနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေကလဲ မြန်မာ့လယ်ယာထုပ်ကုန်ကို ဆန်စပါးကစလို့ ချဉ်ပေါင်ရွက်အထိစျေးကောင်းပေးဝယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ဆန်စပါးဆိုရင် ကြမ်းခင်းစျေးတောင်သတ်မှတ်နိုင်ခဲ့ပါပြီ မကြာခင် ပဲ၊နှမ်း၊ပြောင်း၊ဝါ၊ လက်ဖက်ကစလို့ ကြမ်းခင်းစျေးသတ်မှတ်နိုင်တော့မှာပါ။ ရေမြေသဘာဝအရဝေးလံတဲ့အတွက် တရုပ်လိုကုန်ကြမ်းကိုစျေးပေါပေါနဲ့သယ်ယူမှာမဟုတ်ဘဲ ကုန်ချောထွက်ဖို့စက်ရုံတွေအရင်တည်ဆောက်မှာဖြစ်ပါတယ်။အဲ့ဒီအချိန်ကျရင် ထိုင်းနိုင်ငံကို အလုပ်သွားလုပ်နေတဲ့ မြန်မာတိုင်းရင်းသားတွေလဲ အလုပ်အကိုင်အခွင့်အလမ်းပွင့်လန်းတော့မှာမို့ အဆက်ပြေပြေပြန်လာလို့ရပါပြီ။ ဒါ့အပြင် စက်သုံးဆီနဲ့ လိုအပ်နေတဲ့ ဒေါ်လာကိုလဲ ကူညီဖို့အဆင်သင့်ဖြစ်နေပြီး အမိမြန်မာပြည်ဟာ အရှိန်နဲ့တိုးတက်ဖို့ #အချိန်ကျပြီ  လို့
ဝမ်းမြှောက်ဂုဏ်ယူစွာ အသိပေးတင်ပြလိုက်
ရပါတယ်။

သတင်း တမာန်


Related Posts:

  • ဒီလူဟာ ရုရှားနိုင်ငံရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေသူပါ။ရုရှားက ယူကရိန်းကနေ နေတိုးအဖွဲ့ထဲဝင်တာကို မတားဘူးဆိုရင် နောင်အနာဂတ်မှာ လူအများစုက ဒါကိုနားလည်လက်ခံပေးမှာ မဟုတ်ဘူး။ယူကရိန်းဟာ NATO နဲ့ပူးပေါင်းလိုက်ရင်၊ ရုရှားနိုင်ငံနဲ့၎င်း၏ပြည်သူများကို ခြိမ်းခြောက်မှုဖြစ်လာမှာပါပဲ။&nbs… Read More
  • ကယားသူပုန်တွေကိုတပ်မတော်က ဘာကြောင့်မြေပြင် ၊ ဝေဟင် ပူးပေါင်းပြီးအပီအပြင် ဗျင်းနေရသလဲဆိုတော့...ကယားသူပုန်တွေဘက်မှာကရင်ဘက်ကနေ ကူးလာတဲ့ပြည်ပကြေးစားကောင်တွေ ပါနေလို့ပါဘဲ👌ပြည်ပကြေးစားတွေ ပါလာရင်တော့ဘယ်သူပုန်ကိုဘဲဖြစ်ဖြစ် တပ်မတော်အနေနဲ့စာရွက်ပေါ်မှာဘဲ သက်ညှာပြပြီးတကယ်မြေပြင်မှာတော့ပို့ဆို့ပက်ဆက် ဗျင်းကြတယ်ဆိုတာဟိုယခင်ကတဲ့က… Read More
  • လျှပ်စစ်မီးဘယ်တော့မှန်မလဲခုတလော အမေးခံရဆုံး မေးခွန်းဖြစ်ပါတယ် ။ကျွန်တော် ဘီဂျင်းကိုပညာတော်သင် သွားတော့တောင်ပေါ်ဘုရားဖူးသွားရင်း ဘီဂျင်းမြို့ပြင်မှာ မီးခိုးတလူလူထွက်နေတဲ့ တောင်ထွတ်ကြီးတွေကို ဘုရာကုန်းပေါ်က လှမ်းမြင်ရတယ် ။စကားပြန်ကို ဒါကြီးတွေက ဘာ… Read More
  • ဒီမော့ဆို pdf B-o 12 - 5- 9 -3 A.C.D.E တပ်ရင်း၄ ခု လစ်သွားပြီအသေဆုံးက Bo 5 နဲ့ 9 .... သေတဲ့ အထဲမှာမိန်းခလေး PDF တွေ ပါတယ်ဖမ်းမိထားတဲ့ အထဲမှာ မိန်းခလေးတွေ နဲ့ချာတိတ်အရွယ်တွေ အများကြီး*ချပေးတဲ့ လူကလည်း မိုက်တယ်ရန်သူ ဝင်ပေါက် ထွက်ပေါက် အင်အား ကိုမြေပုံညွှန်း အတိကျ ဆိုတော့*မြေပြင်အင်အားကို… Read More
  • ရည်မှန်းချက် ရည်ရွယ်ချက် နဲ့ ရလာဒ်          နိုင်ငံတော်ရဲ့ ခေါင်းဆောင်တွေဟာ မိမိမူဝါဒအတွက် ရည်မှန်းချက် နဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားလေ့ရှိပါတယ် ။ ဝင်ရောက်စွက်ဖက်ခွင့် မရှိတဲ့ ပြည်သူတွေကတော့ ရလာဒ်ကိုပဲ ကြည့်ပြီး ဝေဖန်သုံးသပ်… Read More