Monday, October 11, 2021

ပြည်သူတွေ ပညာတတ်မှာ ကြောက်နေတဲ့ NLD ရဲ့ စေတနာ အမှန်


     2014 ဖေဖော်ဝါရီလမှာ ဦးသိန်းစိန်အစိုးရက ပညာတောင်သင်ဆု  အစီအစဉ် ကြေညာခဲ့ပါတယ် ။ 

၁ ။ အသက် ၁၆ မှ ၂၀ အတွင်း

၂ ။ ၁၀ တန်းရမှတ်ပေါင်း ၅၀၀ နဲ့အထက်

၃ ။ အိမ်ထောင်မရှိသူ 

၄ ။ ပညာသင်ပြီးပါက ဝန်ထမ်းအဖြစ် ပညာသင်ကာလ၏ သက်တမ်း ၂ ဆ ထမ်းဆောင်ရမည်

၅ ။ ဖောက်ဖျက်ပါက ဒဏ်ကြေး ၃ ဆ ပေးဆောင်ရမည် ။ 

၆ ။ ပညာသင်ဆု တဆုအတွက် တနှစ်လျှင် US$ 80000 အကုန်ကျခံပေးမည် ။ 

   ဆိုပြီး ပညာရေးကို အားပေးခဲ့ပါတယ် ။ ပညာသင်ဆု ရသူ ၁၁၇ ဦး စေလွှတ်သင်ကြားစေခဲ့ပါတယ် ။

  ထိုနောက် အစိုးရအပြောင်းအလဲမှာ ပညာသင်ဆု အတွက် ဝင်ရောက်ဖြေဆိုကြရာ ကျောင်းသား ၄၀၀ ကျော် ရွေးချယ်ခံခဲ့ရပါတယ် ။

   NLD အစိုးရဟာ ရွေးချယ်ထားတဲ့ ကျောင်းသားများအား ဆက်သွယ်ခြင်းမရှိ သတင်းထုတ်ပြန်ခြင်း မရှိခဲ့လို့ ကျောင်းသားများက အကူညီသောကြောင့် အမတ် ဦးဘိုဘိုဦးက 2016 ဒီဇင်ဘာလ မှာ လွှတ်တော်မှ မေးမြန်းခဲ့ရပါတယ် ။

    ဒု-ဝန်ကြီး ဦးဝင်းမော်ထွေးက လာဖြေသွားပါတယ် ။ ၂၀၁၆ -၁၇ ပညာသင်ဆုအတွက် OFFRE LETTER ရရှိထားသူ မဟာတန်း ၄၃ ဦး နဲ့ ပါရဂူတန်း ၂ ၂ ဦး အတွက် ဆက်လက်စေလွှတ်မှာဖြစ်ကြောင်းနဲ့ လက်ရှိဝန်ထမ်းများပါ စေလွှတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဖြေသွားခဲ့ပါတယ် ။ 

    သို့သော် NLD ဝန်ကြီးဌာနများရဲ့ ထုံးစံအတိုင်း ၂၀၁၇ အောက်တိုဘာလ မှာ လွှတ်တော်သို့ ဒု-ဝန်ကြီး ရောက်လာပြီး ပညာသင်ဆုအတွက် နိုင်ငံတော်ဘဏ္ဍာများစွာ သုံးစွဲရမည် ဖြစ်၍ လက်ရှိသင်ကြားနေသူ ၇၉ ဦး အတွက်သာ သုံးစွဲတော့မည်ဖြစ်ကြောင်း ၊ နောင်ကိုလည်း ဝန်းထမ်းများကိုသာ ဦးစားပေး စေလွှတ်တော့မှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်သွားပါတယ် ။ 

     ပညာသင်ဆု မျှော်လင့်ချက်ဖြင့် သင်တန်းများတက်ရောက်ကြ ၊ ဖတ်စာအုပ်များ ကြိုတင်ဝယ်ယူ လေ့လာကြ ၊ ကမ်းလှန်းလာသော အလုပ်အကိုင်အခွင့်အလန်းများအား လက်မခံခဲ့ကြသော ၄၀၀ ကျော် ထူးချွန်ကျောင်းသားများရဲ့ အခွင့်အရေး အိပ်မက် နိဌိတန်ခဲ့ရ နစ်နာခဲ့ကြရပါတယ် ။ 

     ပညာသင်ဆုကိုပင် နိုင်ငံတော်သမ္မတပညာသင်ဆု ဟူသော အမည်မှ နိုင်ငံတော်ပညာသင်ဆု ဟု ပြောင်းလဲ ခဲ့တာ တွေ့ရပါတယ် ။ 

   ထူးဆန်းတာရှိပါသေးတယ် ။ ပညာသင်ဆု ပြန်လာရင် ဝန်ထမ်းလုပ်ပေးရန်မလို ဆိုပြီး ပြင်လိုက်တာပါပဲ ။ ညွှန်မှူးဦးလေးကိုဝင်းက ပြင်လိုက်တာ သူမသိသလို ပြောပြီး အသက်ငယ်တဲ့သူတွေကို ရာထူးကြီးတွေ မပေးချင်လို့ စည်းကမ်းပြင်လိုက်ရတာလို့ လည်း ပြောပြန်ပါတယ် ။ 

    ငွေမရှိလို့ အစီအစဉ် ဖျက်လိုက်တာလား ဆိုတော့လည်း မဟုတ်ဘူးဗျ ။ ဒီစာရင်းကြည့်လေ 

၂၀၁၆ -၁၇ 

လျှာထားငွေ  149   ဘီလီယံ
သုံးငွေ             49   ဘီလီယံ

၂၀၁၇-၁၈

လျှာထားငွေ    116 ဘီလီယံ
သုံးငွေ               48 ဘီလီယံ

   ကဲ အဲဒါကြည့်ရင် ပညာရေးကဏ္ဍအပေါ် NLD ဘယ်လိုသဘောထားတယ်ဆိုတာ ပေါ်လွင်လှပါတယ် ။ 

    ထူးချွန်ကျောင်းသားလေးတွေအတွက် ရခဲလှတဲ့ အခွင့်အရေး ၊ နိုင်ငံတော်အတွက် ပညာတတ်တွေ နှစ်စဉ် ရာနဲ့ချီပြီး ရရှိပိုင်ဆိုင်လာမယ့် အစီအမံကို ဦးသိန်းစိန်က အစပျိုး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပေမယ့် တိုင်းပြည် ဖွံ့ဖြိုးပြီး တိုးတက်လာမှာကို စိုးရွံ့နေတဲ့ NLD အစိုးရက ပိတ်ပင်တားဆီးခဲ့တာ လုပ်ဇာတ်မဟုတ်ပါဘူး ။ 

   နောင်လာမည့်  ထူးချွန်ကျောင်းသား ရာထောင် များစွာရဲ့ အခွင့်အရေးကို ဖျက်ဆီးပစ်တဲ့ NLD အစိုးရရဲ့ ပညာရေး ကဏ္ဍအပေါ် ချင့်ချိန်ကြည့်ရင်း တိုင်းပြည်အပေါ်ထားနေတဲ့ NLD အစိုးရရဲ့ ယုတ်ညံ့တဲ့ အစီအမံနဲ့ စိတ်စေတနာဆိုးများကို မြင်အောင် ကြည့်တတ်ကြပါစေ ။

××××××××××××××××××

            မိတ်ဆွေတယောက် ပြန်တင်ထားတဲ့ ကျနော့် ပို့စ် အဟောင်းလေးပါ ။ 

       NLD ပါတီရဲ့ ရည်ရွယ်ချက်က ကျနော်တို့တိုင်းပြည်ကို အဖက်ဖက်က ဖျက်ဆီးဖို့ လုပ်ဆောင်ခြင်းရဲ့ ငြင်းမရတဲ့ မှတ်တမ်းဖြစ်ပါတယ် ။ 

           ပြည်သူတွေကို ငါတို့က တိုင်းပြည်ဖျက်မှာကွလို့ တော့ ဘယ်ပြောမလဲဗျာ ။ လုပ်ရပ်တွေကြည့်ပြီး သုံးသပ်ကြည့်မှ သိနိုင်တာကိုးဗျ ။ 

      ဒီကနေ့ ဖြစ်နေတာတွေ ကြည့်လိုက်ပါ ။ ပြည်သူတွေ အဆင်မပြေအောင် ဘယ်သူတွေ လုပ်နေတာလဲ ထင်ထင်ရှားရှား မြင်တွေ့နေရပါပြီ ။ 

- ပုံမှန်ခရီး မသွားရဲအောင် သူတို့အားသာတဲ့နေရာတွေမှာ သွားလာရင် သတ်ဖြတ် ဗုံးခွဲနေကြတာ PDF 

- ပုံမှန်စျေးနဲ့ ရောင်းချတဲ့ ကုန်သည်ကို စျေးတင်မရောင်းလို့ ခြိမ်းခြောက်နေတာ လူယုတ်မာ PDF

- လူထူဆက်သွယ်ရေး အတွက်ထားတဲ့ တာဝါတိုင်တွေ ဖျက်ဆီးနေတာ PDF

- ကာကွယ်ဆေးထိုးလို့ ရန်လုပ်နေတာ အယုတ်မာဆုံး လူသား PDF

- လောင်စာဆီ စျေးချရောင်းလို့ ခြိမ်းခြောက်တာ လူမဆန်တဲ့ PDF

- မဟုတ်မမှန် လုပ်ကြံသတင်းတွေ နဲ့ သံဃာခြင်း ဂိုဏ်းခွဲနေတာ NLD အားပေး လူပြန်တော် လူယုတ်မာ စိုးမြင့် (ရွှေပြည်သာ အကုသိုလ်)

- ဆရာတော်ကြီးငယ်အပေါင်းကို စော်ကားပြစ်တင်နေကြတာ အယုတ်တမာ PDF အနွယ်တွေ 

- အခုဆို ဘုရားဖူးကားတွေကို တိုက်ခိုက်ဖို့ ယုတ်မာကောက်ကျစ်တဲ့ လမ်းညွှန်နေတာ 21 ရာစုရဲ့ အယုတ်မာဆုံးမိန်းမ ပန်ဆယ်လို ကြည့်လိုက် PDF တို့ရဲ့ ခေါင်းကိုင် 

        ဒါတွေအားလုံးဟာ စုကြည်ဆိုတဲ့ ပြည်ဖျက်မကြီးကို မှီတည်ပြီး ပေါ်ထွက်လာရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ် ။ 

          ယခုအချိန်ထိ တပ်မတော်ဖက် ရပ်ရမလိုလို ၊ PDF ကို စာနာသလိုလို ဖြစ်နေတဲ့ အူကြောင်ကြားတွေ အများကြီး ရှိနေပါသေးတယ် ။

      NLD ရဲ့ စနစ်ကျသော ပြည်ဖျက်လုပ်ငန်းများအား ဖော်ထုတ်ရင်း ပြည်သူအပေါင်းအား တပ်မတော်ဖက်မှ မားမားရပ်တည်ရဲဖို့ ဆောင်ရွက်ကြရပါမယ် ။ 

       ကိုရွှေမျိုးဝင်း

(ယနေ့ရောက်ရှိလာပြီ ဖြစ်တဲ့ SU 30 )