Monday, October 11, 2021

#ဒေါသကင်းသောနိုင်ငံရေး!(၁)


#နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တဲ့အရေးပဲ။
#ကျွန်ုပ်တို့နိုင်ငံသားအားလုံးနဲ့သက်ဆိုင်ပါတယ်။
#လူတိုင်းနိုင်ငံသားတိုင်းဟာ နိုင်ငံ့အရေးမှာတစ်နည်းတစ်
ဖုံတော့ ပါဝင်ပတ်သက်နေကြတယ်။

#ကျွန်ုပ်တို့ကြံစည်ပြုမူလုပ်ကိုင်သမျှဟာ နိုင်ငံရဲ့ဆိုးခြင်း
ကောင်းခြင်းအခြေအနေတွေကို ဖြစ်ပေါ်စေတာပါပဲ။
#ဒီအခြေအနေတွေကို ကျွန်ုပ်တို့ကိုယ်တိုင် ပြန်ခံစားကြရ
ပြန်တယ်။
#လူတိုင်းကတော့ အကောင်းတွေကိုသာ ကြုံတွေ့ခံစား
လိုကြမှာပဲ။ သို့ပေမယ့် အပြစ်ကင်းကင်း တွေးခေါ်ကြံဆ
လုပ်ကိုင်ကြဖို့ကိုတော့ လိုအပ်ချက်တစ်ရပ်အနေနဲ့ 
ဘယ်သူမှ အလေးမထားကြပါဘူး။
#အကျိုးရလဒ်အနေနဲ့ ကျွန်ုပ်တို့အားလုံး ဒုက္ခတောမှာ
အတောမသတ် မျောနေကြရပြီ။ဒါခုလက်တွေ့ဘဝတွေ
မဟုတ်ပါလား။

#နိုင်ငံမှာဖြစ်ပျက်နေသမျှ နိုင်ငံရေးအခြေအနေဆိုးတွေ
ဟာ ကျွန်ုပ်တို့ကိုယ်စီမှာ အထိုက်အလျောက် တာဝန်ရှိ
တာတော့အမှန်ပါပဲ။
#ဒီတာဝန်ရှိမှုအတွက်အခြေခံလူတန်းစားလက်လုပ်လက်
စား ရုန်းကန်နေရတဲ့ ပြည်သူအများစုကို အပြစ်ပုံချလို့
လည်းမရပြန်ဘူး။ သူတို့မှာ အသိအမြင်တိုးတက်ဖွံ့ဖြိုး
စေဖို့အချိန်မပေးနိုင်ကြတဲ့ ဘဝတွေများပါတယ်။ခက်နေ
တာက သူတို့ရဲ့ အဲ့လိုအသိအမြင် နည်းပါးမှု ၊ရိုးသားမှု
ရိုးအမှု တွေကပဲနိုင်ငံရေးသမား ဆိုသူများရဲ့အသုံးချခံ
ခုတုံးနင်းကြမ်းဘဝရောက်စေပြီး အခြေအနေ ပိုဆိုးစေ
တာပါ။

#နိုင်ငံရေးသမားဆိုတာကတော့ နိုင်ငံ့အရေးကို 
အာဏာရယူကိုင်စွဲလုပ်ကိုင်နိုင်ရေး လမ်းကြောင်းကနေ
သီးသန့်အားထုတ်လုပ်ကိုင်သူတွေလို့ဆိုရမယ်။
#တိုင်းပြည်တစ်ပြည်ရဲ့ ဆိုးခြင်းကောင်းခြင်း အခြေအနေ
တွေအားလုံးဟာအဓိကအားဖြင့် နိုင်ငံရေးသမားဆိုသူများ
မှာ လုံးလုံးလျားလျား တာဝန်ရှိပါတယ်။
#သူတို့ရဲ့အာဏာလောဘ၊နိုင်ငံရေးစေတနာ၊သိပ္ပံနည်းကျ
စနစ်တကျနိုင်ငံရေးသိမြင်မှု၊ ပင်ကိုယ်ဗီဇ ကိုယ်ရည်ကိုယ်
သွေး၊ #လူသားဆန်မှုစိတ်ကာလာအရောင် ရေချိန်နိမ့်မြင့်
ဟာ တိုင်းပြည်တစ်ပြည်ရဲ့ ဆိုးခြင်းကောင်းခြင်း အခြေ
အနေတွေကို ဖန်တီးဖြစ်ပေါ်စေပါတယ်။

                                            (10-10-2021)(10:00)hr
💛💚❤💙💜💛💚❤💙💜💛💚❤💙💜💛
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
                     (၂)---ဆက်ရန်
အလင်းပြတိုက်

Related Posts:

  • #ဖြစ်စဉ်က ဒီလိုပါတဲ့ 👇အနီ အနီချင်း လုပ်ကြတာ။ဆရာမ ဒေါ်လှလှသန်းက CDMလုပ်တယ်။စလုပ်တုံးကတော့ CDM တွေကိုNUG က ထောက်ပံ့မယ် ဘာညာ ပေါ့။တကယ်လုပ်တော့ ဘယ် NUG ကမှဝန်ထမ်းတွေကို မထောက်ပံ့ ပါဘူး။မထောက်ပံ့လို့ပဲ ဘဝပျက် တဲ့ CDM ဝန်ထမ်းတွေ အများကြီး။ဆရာမ ဒေါ်လှလှသ… Read More
  • #ငါးမင်းဆွေLive(၅.၁၁.၂၀၂၁)```နိုင်ငံရေးပါတီများမှ လူကြီးမင်းများ    အစာငတ်ခံ ဆန္ဒထုတ်ဖော်ကြပါ´´´Credit … Read More
  • #ထန်တလန်ကိစ္စPDFတွေလုပ်တာပေါ်ပြီ! #Thazin_00 … Read More
  • #ကျနော်တရားမျှတမှုလိုချင်ပါတယ်ယခုလိုခေတ်ပျက်ကြီးထဲမှာမိမိအသက်ကိုပဓာနမထားဘဲကျောင်းတက်နေသော Non CDM ဆရာ/ဆရာမများသည် သူတို့၏အရည်အချင်းများနှင့်သူတို့၏ဘဝသက်တမ်းကို ငွေရှာသည့်အလုပ်တွင် မသုံးဘဲ မိမိတိုင်းပြည်၏ အနာဂတ်ကိုစီမံခန့်ခွဲမည့် အနာဂတ်ကလေးလူငယ် များအားပြု… Read More
  • သို့/ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတရားဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသားလုပ်ဆောင်ပေးဖို့လေးစားစွာတင်ပြတောင်းဆိုအပ်ပါတယ်။ဘက်လိုက်နေတဲ့ကမ္ဘာကြီးကို ထိုက်သင့်သည်ထက်ကျော်လွန်၍ အရေးမစိုက်သင့်တော့ပါ။ခွဲခြားဆက်ဆံမှုတွေကို အထင်… Read More