Monday, October 11, 2021

#ဒေါသကင်းသောနိုင်ငံရေး!(၂)


#မိမိနှင့်ဆက်စပ်ရာလူ့အသိုက်အဝန်းကြီး သာယာအေး
ချမ်းဖို့အတွက် လူတစ်ယောက်မှာ မရှိမဖြစ်လိုအပ်သည့်
အရာမှာ "#စိတ်ကောင်းစိတ်မြတ်"သာလျှင်ဖြစ်​ပါတယ်။
#စိတ်ကောင်းစိတ်မြတ်ရှိသူတစ်ယောက်အနေဖြင့်မူ
         -ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ
         -အာဏာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
        -ပညာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ
        -အသားအရောင်ဖြူသည်ဖြစ်စေ မည်းသည်ဖြစ်စေ
               မည်သည့်အခြေအနေတွင်မဆို သူတစ်ပါးအား
သေးသိမ်းညှိုးနွမ်း ဘေးဒုက္ခရောက်အောင် လုပ်လိမ့်မည်
မဟုတ်ပေ။ 
#စိတ်ကောင်းစိတ်မြတ်၏ အခြားလိုရင်း သဘောမှာ
      "#မိမိဒုက္ခကိုအခြားသူအပေါ် အကျိုးသက်ရောက်
        စေခြင်းမဟုတ်ဘဲ အခြားသူများ၏ ဒုက္ခကို မိမိက
       ကူထမ်းပေးလိုရင်း"သာ ဖြစ်ပါတယ်။
            ထိုသဘောတွင် နိုင်ငံရေး၊ဘာသာရေး၊လူမျိုးရေး
အသားအရောင် ကွဲပြားမှုများက မလွှမ်းမိုးနိုင်ဘဲ လူသား
ဆန်မှုစိတ်နှလုံးတန်ဖိုးကသာ အခရာဖြစ်ကြောင်းသတိပြု
ရမည်။

#အတွင်းစိတ်သဘောမဟုတ်သည့် နိုင်ငံရေးသမားတို့၏
"နှုတ်အမူအရာ" အားဖြင့် ထားရှိသော ရည်ရွယ်ချက်မှာ
            -တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လို
            ရင်း
            -ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်
             ပေးလိုရင်း သာဖြစ်သည်။ အခြားမရှိပေ။
           #အာဏာငန်းတက်ခြင်းမဟုတ်ပေ။အာဏာရူးလို
            ရင်းမဟုတ်ပေ။
#ထိုရည်ရွယ်ချက်သဘောအရထောက်ရှု့ပါမူ နိုင်ငံရေး
သမား ဆိုသူများကို "#စိတ်ကောင်းစိတ်မြတ်"ရှိသူများ
ဟု သတ်မှတ်ရမည့်အခြေအနေဖြစ်သည်။
       သို့တိုင် ယနေ့မျက်မှောက်ကာလ အခင်းအကျင်းများ
အရ အောင်မြင်သော နိုင်ငံရေးသမားဆိုသူအများစုက
အပြစ်မဲ့ပြည်သူများ အကြောင်းမဲ့အသတ်ခံရ၊သေကြေ
ပျက်စီးရအောင် လှုံ့ဆော်ခိုင်းစေ ကြံစည်ကြိုးပမ်း အား
ထုတ်ဆောင်ရွက် နေကြသည်ဖြစ်ရာ 
       "#နိုင်ငံရေးသမားတို့၏ စိတ်ကောင်းစိတ်မြတ်"
         သ ဘော
        #တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုရင်း၊
        #ပြည်သူများကိုအေးချမ်းပြည့်စုံစေလိုရင်း
         သဘော  တို့မှာ အစစ် အမှန်မဟုတ်ကြောင်းသာ
ဆိုရမလို ဖြစ်​​နေပြန်​တော့တယ်။

                                         (10-10-2021)(15:32)hr
💛💚❤💙💜🧡💛💚❤💙💜🧡💛💚❤💙
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
                (၃) ---ဆက်ရန်
အလင်းပြတိုက်