ဘုရားဖူးမထွက်ရဘူး တဲ့
ကထိန်မခင်းရဘူး တဲ့
မင်္ဂလာမဆောင်ရဘူး တဲ့
စာမသင်ရဘူး တဲ့
ဆေးမကုရဘူး တဲ့
စျေးမရောင်းရဘူး တဲ့
အလုပ်မဆင်းရဘူး တဲ့
ပျော်ပျော်ပါးပါး မနေရဘူး တဲ့
လက်နက်နဲ့ခြိမ်းခြောက်တာမကြိုက်လို့တော်နေလှန်နေပါတယ်ဆိုတဲ့
pdf တွေကပဲ ပြည်သူကို လက်နက်နဲ့ပြန်ခြိမ်းခြောက်နေတယ်။
အကြောက်တရားနဲ့မနေချင်လို့ တော်လှန်နေတဲ့ pdf တွေကပဲ
ပြည်သူကိုအကြောက်တရားတွေပြန်ပေးနေတယ်။
ငါတို့ လွတ်လွတ်လပ်လပ် ဘုရားဖူးထွက်ချင်တယ်
ငါတို့ ကလေးတွေကိုလွတ်လွတ်လပ်လပ် စာသင်ပေးချင်တယ်
ငါတို့ ရဲ့လူနာတွေကိုလွတ်လွတ်လပ်လပ်ဆေးကုပေးချင်တယ်
ငါတို့ ရဲ့စားဝတ်နေရေးအတွက်လွတ်လွတ်လပ်လပ်အလုပ်ဆင်းမယ်
ငါတို့ ပျော်ပျော်ပါးပါးနေချင်တယ်
ငါတို့ဟာ pdf တွေရဲ့ကျွန်မဟုတ်ဘူး
ငါတို့ ကိုမချုပ်ချယ်နဲ့
ငါတို့ကို မခြိမ်းခြောက်နဲ့
သက်ဦးဆံပိုင်ပဒေသရာဇ်တွေဟာ သူတို့ဘုရင်ကို
သစ္စာမခံတဲ့ အမြင်မတူ အယူဝါဒ မတူသူတွေကို ရန်လိုသဘော
ထားပြီး တစ်ဖက်ပိတ်အမြင်နဲ့ လိုက်သတ်နေကြတယ်။
pdf တွေဆိုတာ ၂၁ ရာစုပဒေသရာဇ်တွေ
pdf တွေဆိုတာ ရှေးရိုးစွဲခေတ်နောက်ကျနေတဲ့ကွန်ဆာဗေးတစ်တွေ
ငါတို့လိုချင်တာ ဒီမိုကရေစီ။ငါတို့လိုချင်တာ
တရားမျှပြီးလွတ်လပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု။ငါတို့လိုချင်
လစ်ဘရယ်ဝါဒ။
pdf တွေ မရှိမှ ငါတို့ဘုရားဖူးရမှာ
pdf တွေ မရှိမှ ငါတို့စာသင်ရမှာ
pdf တွေ မရှိမှ ငါတို့ဆေးရုံတတ်ရမှာ
pdf တွေ မရှိမှ ငါတို့အလုပ်ဆင်းရမှာ
pdf တွေ မရှိမှ ငါတို့လူ့အဖွဲ့အစည်းကလွတ်လပ်မှာ။
pdf တွေ မရှိမှ ငါတို့ဒီမိုကရေစီရမှာ
pdf တွေ မရှိမှ ငါတို့စီးပွားရေးလုပ်လို့ရမှာ
pdf တွေ မရှိမှ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကြီး
မြန်မြန်ကျင်းပလို့ရမှာ။
ရွာထဲကိုခွေးရူးဝင်ရင်တစ်ရွာလုံးမောင်းထုတ်ကြ
သလို pdfတွေကိုမောင်းထုတ်ကြ။
#kk