"အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင်မြန်မာနိုင်ငံအပေါ် နိုင်ငံရေးဦးတည်ချက်နှင့် ဖိအားပေးသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လိုသူများ၏ လုပ်ဆောင်မှုများကို ရှောင်ရှားနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း''
ယနေ့ မြန်မာဖက်မှ တုန့်ပြန်တဲ့ အာဆီယံ အထူးကိုယ်စားလှယ်အတွက် တုန့်ပြန်ချက်ပါ ။
2-10-2021 နေ့မှာ အထူးကိုယ်စားလှယ်ဟာ 11-10-2021 မှ 14-10-2021 အထိ မြန်မာပြည်မှာ နေထိုင်ရင်း သူဘာတွေ လုပ်ချင်ပါတယ် ဆိုတဲ့ အချက်အလက်တွေကို တောင်းဆိုခဲ့ပါတယ် ။
7-10-2021 မှာ မြန်မာက လိုက်လျှောနိုင်တဲ့ အချက်တွေကို ကန့်သတ်ချက်နဲ့ လိုက်လျှောမယ်လို့ အကြောင်းပြန်လိုက်ပါတယ် ။
8-10-2021 မှာ သူတောင်းဆိုထားတဲ့ မူလအချက်တွေအားလုံးကို လိုက်လျှောပေးဖို့ နောက်ထက် ထပ်မံတောင်းပါတယ် ။
9-10-2021 မှာ အနည်းငယ်သော ပြင်ဆင်ချက်အချို့နဲ့ အကြောင်းပြန်ခဲ့ပါတယ် ။
11-10-2021 မှာ မူလတောင်းဆိုချက်အတိုင်း ခွင့်ပြုဖို့ ထပ်မံတောင်ဆိုပါတယ် ။
11-10-2021 မှာပဲ မြန်မာက လိုက်ရောနိုင်တာ လိုက်ရောပြီး ဖြစ်လို့ ထပ်မံ မလိုက်လျှောနိုင်ကြောင်း အကြောင်းပြန်ပါတယ် ။
12-10-2021 မှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဖို့လိုအပ်ကြောင်း ထပ်မံတောင်းဆိုတယ် ။
မြန်မာကလည်း ထပ်မံမလိုက်လျှောနိုင်ကြောင်း အကြောင်းပြန်ခဲ့တယ် ။
နိဒါန်းပါ ထုတ်ပြန်ချက်ကို 14-10-2021 မှာ နောက်ဆုံးထုတ်ပြန်ချက်ပဲ ဖြစ်ပါတယ် ။
သံခင်း တမန်ခင်း စကားလုံးတွေ ရဲ့ အနှစ်သာရက အခုရေးပြထားတဲ့ အဓိပ္ပါယ်တွေပဲ ဖြစ်ပါတယ် ။ နားလည်သူတွေ သိကြမှာ ဖြစ်ပေမယ့် သာမန်အရပ်သားတွေ အားမရဘူးလို့ ထင်မြင်စေတဲ့ သံတမန်စကားကို ကျနော် ထင်မြင်ချက်နဲ့ အရပ်သားသုံး စကားအဖြစ် ဘာသာပြန်လိုက်ရခြင်း ဖြစ်ပါတယ် ။
ပြောချင်တာက အာဆီယံလို အဆင့်မျိုးက မြန်မာကို သွေးတိုးစမ်းပြီး မသင့်တော်တဲ့ တောင်းဆိုချက်တွေကို ဇွတ်အတင်းဓမ္မတောင်းဆိုနေတာ တွေ့ရပါမယ် ။
မြန်မာဖက်က တကြိမ်သာ အနည်းငယ် လိုက်လျှောပြီး ကျန်တဲ့ အကြိမ်ပေါင်းများစွာသော တောင်းဆိုမှုတွေကို မလိုက်လျှောနိုင်ကြောင်း အကြောင်းပြန်ခဲ့ပါတယ် ။
တချိန်က ဘုံကျွန်အစိုးရ လက်ထက်မှာ ပြည်ပပြောသမျှ ကျွန်တပည့်ပမာ ကျိုးနွံနာခံခဲ့တာတွေနဲ့ ယခု တုန့်ပြန်ချက်က ပြောင်းပြန်ဖြစ်သွားရပါပြီ ။
နိုင်ငံရေးနဲ့ အကျွမ်းဝင်မှု မရှိသော သာမန်ပြည်သူများ အနေနဲ့ အာဆီယံ နဲ့ မြန်မာ ပြဿနာတက်နေပြီ ဆိုကာ စိုးရိမ်နေကြပါတယ် ။
စိုးရိမ်ဖွယ်ရာ တစိမှ မရှိပါကြောင်း နဲ့ ကမ္ဘာ့ပါဝါ အကြီးဆုံး ကုလသမဂ္ဂတောင် ပြည်တွင်းရေးကို ဝင်စွက်ဖက်လို့ မရတာကြောင့် ဒေသဆိုင်ရာ အဖွဲ့အစည်းတခုက ဝင်စွက်ဖို့ဆိုတာ အိပ်မက်ပမာပါပဲ ။
NUG အတွက် အာဆီယံ နဲ့ အနောက်အုပ်စုတို့ရဲ့ လေသံဟာ ခွေးတကောင်အတွက် လေလည်သံပမာ မျှော်လင့်စောင့်စားနေရပေမယ့် အိမ်စောင့်အစိုးရအတွက်
ကတော့ဖြင့် ဆင်စီးလာသူ ခွေးဟောင်ခံရတဲ့ အနေအထားမျှသာပါပဲ ။
ကိုရွှေမျိုးဝင်း