Monday, October 11, 2021

နျူကလီယာလက်နက် ထုတ်လုပ်ဖို့ အဓိကလိုအပ်တဲ့ ယူရေနီယမ် -၂၃၅(U-235)ဟာ သဘာဝကထွက်ရှိတဲ့ ယူရေနီယမ်သတ္တုရိုင်းထဲမှာ ၀.၇၂၀၅% ခန့်သာ ပါဝင်ပါတယ်။ ယူရေနီယံ -၂၃၈ က ၉၉.၂၇၃၉% နဲ့ ယူရေနီယမ် -၂၃၄ က ၀.၀၀၅၆% ပါဝင်နေပါတယ်။


နျူကလီယာဓာတ်ပေါင်းဖို အသုံးပြုဖို့ ကြွယ်ဝတဲ့ ယူရေနီယံ U-235ပမာဏ 20% လိုအပ်ပါတယ်။
နျူကလီယာလက်နက် ထုတ်လုပ်ဖို့ အတွက် ကြွယ်ဝတဲ့ Enriched U-235ပမာဏ 80%မှ90% လိုအပ်ပါတယ်။
             
အဆင့်မြင့်နည်းပညာသုံး နျူကလီယာဗုံး တွေနဲ့ 
ဖျက်အားပြင်းလွန်းတဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေ မှာတော့ ယူရေနီယမ်ကနေ ဆင့်ပွားထွက်ရှိလာတဲ့ (Pu-239) ပလူတိုနီယမ်-၂၃၉ ကို အသုံးပြုလာကြပါတယ်။ 
Pu-239 ဟာ သဘာဝတွင်းထွက်မဟုတ်ပါဘူး။
နျူကလီယာဓာတ်ပေါင်းဖိုတွေမှာ U - 238 မှ အဆင့်ဆင့်  synthesized ဓာတ်ပေါင်းစုမှု ဖြစ်ပြီးမှထွက်လာတာမို့ အလွန်အန္တရာယ်များတဲ့ ရေဒ်ီယိုသတ္တိကြွ အိုင်ဆိုတုပ် တမျိုး ဖြစ်ပါတယ်။
                  
မြောက်ကိုးရီးယားဟာဆိုရင် နျူကလီယာ ဓာတ်ပေါင်းဖို
တစ်ခုကို သုတေသနအတွက် အကြောင်းပြချက်နဲ့ တည်ဆောက်ထားခဲ့ပေမယ့် သူ့ရဲ့ ဓာတ်ပေါင်းဖိုကို
အချိန်ပြည့် လည်ပတ်ပြီး အလုပ်မလုပ်ခဲ့ပါဘူး။
ဒါကြောင့် မြောက်ကိုးရီးယားမှာ နျူကလီယာဓာတ်အား ပေး စက်ရုံ တစ်ရုံမှ မရှိဘူးလို့ ဆိုပါတယ်။ 

နျူကလီယာဓာတ်အားပေးစက်ရုံ တစ်ခု တည်ဆောက်ဖို့
ဆိုရင် နျူကလီယာ ဓာတ်ပေါင်းဖိုကြီး တစ်ခု မဖြစ်မနေ  လိုအပ်ပါတယ်။ နျူကလီယာဓာတ်ပေါင်းဖို လည်ပတ်ဖို့
အတွက် ရေအေး အဆက်မပြတ်ပေးနိုင်ဖို့ လိုအပ်ပါ တယ်။ ဒါကြောင့်လဲ နျူကလီယာဓာတ်ပေါင်းဖိုတွေကို
ရေများများ ရယူနိုင်တဲ့ မြစ်တွေ အနီးအနားမှာ နေရာယူ တည်ဆောက်ကြတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ
Rooppur နျူကလီယာဓာတ်အားပေးစက်ရုံကို Padma
မြစ်အနီးမှာ တည်ဆောက်ထားသလို မြောက်ကိုးရီးယား ရဲ့ နာမည်ကြီး ယုံဗြောင် ( Yongbyon) နျူကလီယာ ဓာတ်ပေါင်းဖိုကို Kuryong မြစ်ကမ်းဘေးမှာ တည် ဆောက်ထားတာ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားဟာ သူတို့ လိုအပ်တဲ့ နျူကလီယာ လက်နက်တွေ အတွက် ပလူတိုနီယံ-၂၃၉ (Pu-239) ကို
ယုံဗြောင် နျူ ဓာတ်ပေါင်းဖိုမှာ ထုတ်လုပ်တယ်လို့ နာမည်
ကြီးတဲ့ အတွက် အမေရိကန် ထောက်လှမ်းရေး ဂြိုဟ်တု
တွေက အမြဲတစေ စောင့်ကြည့်တာ ခံနေရပါတယ်။

မြောက်ကိုးရီးယားဟာ Nuclear facilities ၂၂ခု ကို
နိုင်ငံအနှံ့ ၁၈နေရာမှာ ဖြန့်ကြက် တည်ဆောက်ထားတာ ဖြစ်တာကြောင့် ယုံဗြောင်နျူဓာတ်ပေါင်းဖိုကို နိုင်ငံတကာ က အာရုံစိုက်နေချိန်မှာ တခြားသော နျူကလီယာ စင်တာ
တွေက နျူ လက်နက်အတွက် လိုအပ်တဲ့ Pu-239 ကို
လျှို့ဝှက် ထုတ်လုပ်နိုင်ခဲ့တာလို့ ယူဆရပါတယ်။ 

မြောက်ကိုးရီးယားနိုင်ငံ နျူလက်နက် ရရှိရေးအတွက် လက်ဦးဆရာက ဆိုဗီယက်ရုရှား ဖြစ်ပါတယ်။ ဆိုဗီယက် ယူနီယံပြိုကွဲပြီး နောက်ပိုင်းမှာ ဆိုဗီယက်ယူနီယံ ခွဲထွက်
နိုင်ငံတွေက နျူကလီယာလက်နက်အတွက် လိုအပ်တဲ့
အစိတ်အပိုင်းတွေ ယူရေနီယမ် ပလူတိုနီယံ အိုင်ဆိုတုပ်
တွေကို မှောင်ခို ရောင်းစားလာတာတွေ ရှိပါတယ်။ 

၂၀၀၄ခုနှစ် စက်တင်ဘာလထဲမှာ Kyrgyzstan နိုင်ငံ ထဲမှာ ရုရှားနိုင်ငံထဲက မှောင်ခို ခိုးထုတ်လာတဲ့ Pu-239 ပလူတိုနီယမ် အိုင်ဆိုတုပ်တွေ ဖမ်းမိခဲ့ဖူးပါတယ်။ ဒါ့ပြင်
၂၀၀၉ခုနှစ် ဧပြီလထဲမှာ ယူကရိန်း ထောက်လှမ်းရေး
(SBU) က Pu-239 ၃.၇ ကီလိုဂရမ် (ဒေါ်လာ၁၀သန်းဖိုး)
ဖမ်းဆီးရမိခဲ့ဖူးတာတွေ ရှိပါတယ်။ မှောင်ခို ဈေးကွက်မှာ 
Pu-239 ( ၆ကီလိုဂရမ် ) တန်ဘိုးက ဒေါ်လာ၃၁သန်းပဲ
ရှိပါသတဲ့။ 

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ဩဂုတ်လ ၆ရက်နေ့က
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန်တို့က တိုက်ခိုက်
ခဲ့တဲ့ နျူကလီယာဗုံးဟာ 64 kilograms of highly-enriched uranium ယူရေနီယံ ၆၄ကီလိုဂရမ် အသုံးပြု
ခဲ့တာ ဖြစ်ပြီး၊ နောက်သုံးရက်အကြာ ဩဂုတ်လ ၉ရက်
နေ့က နာဂါစကီးမြို့ကို တိုက်ခိုက်ခဲ့တဲ့ နျူကလီယာဗုံးကို
တော့ ပလူတိုနီယံ အိုင်ဆိုတုပ် 6.2 kilograms of plutonium-239 (>90% Pu-239) အသုံးပြုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ 

အမေရိကန်တို့ အဲဒီခေတ်က သုံးခဲ့တဲ့ နျူကလီယာဗုံး  တွေဟာ Nuclear fission နည်းပညာကို သုံးခဲ့တာ ဖြစ်ပြီး၊ ယခုခေတ် Nuclear Fusion နည်းပညာသုံး
ဟိုက်ဒရိုဂျင်ဗုံး, သာမိုနျူကလီယာဗုံးတွေကတော့
ဟီရိုရှီးမား, နာဂါဆကီမြို့တွေက လူ ၂သိန်းခန့်ကို 
သေကြေပျက်စီးစေခဲ့တဲ့ ပေါက်ကွဲမှု ပြင်းအားတွေထက်
အဆ ရာနဲ့ချီပြီး ပြင်းအားမြင့်တဲ့ ကမ္ဘာဖျက် လက်နက် ကြီးတွေ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

နာဂါဆကီမြို့ကြီး တစ်ခုလုံးကို သေကြေပျက်စီးစေခဲ့တဲ့ 
Fat Man နျူကလီယာ ဗုံးတစ်လုံးအတွက် လိုအပ်တဲ့ 
ပလူတိုနီယံ အိုင်ဆိုတုပ် ၆ကီလိုဂရမ် တန်ဘိုး ဒေါ်လာ ၃၁သန်း ဆိုတာဟာ နိုင်ငံတစ်နိုင်ငံ အတွက်ကတော့
မတတ်နိုင်စရာ မရှိပါဘူး။ ဒါကြောင့် မြောက်ကိုးရီးယား
ဟာ ယုံဗြောင်နျူဓာတ်ပေါင်းဖို အချိန်ပြည့် မောင်းနှင် လည်ပတ်တဲ့ အချိန် နည်းပါးလှတဲ့ ကြားက လက်နက် ထုတ်လုပ်ဖို့ Weapon Grade ပလူတိုနီယံ Pu -239 ကို လုံလုံလောက်လောက် ရယူထားနိုင်တာဟာ မှောင်ခို လမ်းကြောင်းက ဝယ်ယူခဲ့တာလို့ ယူဆရပါတယ်။

Weapon grade ပလူတိုနီယံ Pu -239 ကို လက်ဝယ် ပိုင်ဆိုင် ရယူနိုင်စွမ်း ရှိရုံနဲ့ နျူကလီယာလက်နက်တွေ
ထုတ်လုပ်နိုင်မှာတော့ မဟုတ်ပါဘူး။ မြောက်ကိုးရီးယား
ဟာ ရုရှား အထောက်အပံ့ ရယူခဲ့ရုံမျှမက လျှာမှာ မြက်ပေါက်သွားပါစေ အငတ်ခံပြီး ဒုက္ခဆင်းရဲတွေ ခံပြီး
မရ ရအောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျားကုတ်
ကျားခဲ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ ဆောင်းပါးရှင် @nprscience အယ်ဒီတာ
Geoff Brumfiel ကတော့ နျူကလီယာ လက်နက်
ပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ အဆင့် ၁၀ဆင့်ကို
အောက်ပါအတိုင်း ရေးသားထားပါတယ်။ 

Step 1: Choose your isotope
Step 2: Get some uranium
Step 3: Begin processing
Step 4: Steal some parts
Step 5: Enrich
Step 6: Get a design
Step 7: Manufacture
Step 8: Develop a delivery system
Step 9: Test
Step 10: Enjoy the sanctions of your labour

သူရေးထားတဲ့ Step 4, Step 10 တို့လိုပါဘဲ။

 နျူကလီယာပါဝါ နိုင်ငံတစ်နိုင်ငံ ဖြစ်ဖို့ ရုရှားလို နိုင်ငံကြီး
တစ်နိုင်ငံရဲ့ အကူအညီ လိုအပ်သလို မြောက်ကိုးရီးယား
လို Sanction အမျိုးမျိုးကို ခံနိုင်ရည်ရှိဖို့လဲ လိုအပ်ပါ လိမ့်မယ်။ မြောက်ကိုးရီးယားတို့လို နျုကလီယာ အတွက်
တရားမဝင် ခိုးကြောင်ခိုးဝှက် လုပ်နိုင်စွမ်း အကူအညီတွေ
လဲ လိုအပ်ပါလိမ့်မယ် လို့သာ.....။

Become a nuclear superpower... in ten steps

https://www.bbc.com/future/article/20120607-nuclear-weapons-in-ten-steps