Wednesday, December 8, 2021

စိတ်မကောင်းစရာပါ


အောက်မှာပါတဲ့ ပုံက ရေစကြိုက ပြည်သူစစ်လို့ဆိုတဲ့ ဦးမာတကို အိမ်နားမှာ သေနတ်နဲ့ ဝိုင်းပစ်လို့ အပြင်းအထန်ဒဏ်ရာရတာကို အရေးပေါ်ကုသမှုလုပ်ပြီး
မုံရွာကို ဖြူစင်မေတ္တာပရဟိတအဖွဲ့က လူနာတင်ယာဥ်နဲ့ ပို့ခဲ့ပါတယ်။ဒါကို လမ်းမှာ သေနတ်ဖောက်တားပြီး မလှုပ်နိုင်တဲ့သူကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာ စိတ်မကောင်းပါဘူး။R. O. Eတို့ လူသားချင်းစာနာမှုတို့ အပြောမခံခဲ့ရတဲ့
တောသူတောင်သားတွေအတွက် စိတ်မကောင်းပါဘူး။
ဟုတ်တယ် စိတ်မကောင်းပါဘူး

တန့်ဆည် မုံရွာ တစ်ကြောက ဒလန်ဆိုပြီး အသတ်ခံ
မီးရိူ့ခံခဲ့ရတာတွေလည်းစိတ်မကောင်းပါဘူး

ဆွမ်းစားနေတဲ့ သံဃာကို ဒလန်လို့စွပ်ဆွဲပြီး ဆွမ်းစားနေစဉ်မှာပဲ
သေနပ်နဲ့ပစ်သတ်ခံရတော့ သင်္ကန်းနဲ့ စားပွဲဘေးမှာခွေခွေလေး ဆွမ်းလုပ် တန်းလန်းနဲ့ပျံလွန်တော်မူခဲ့ရတုန်းကလည်း စိတ်မကောင်းပါဘူး

ပါတီမတူလို့ ရန်သူဆိုပြီး ညီအစ်မနှစ်ယောက်ကိုဖမ်းခေါ် ဇရပ်ပေါ်တစ်ညလုံး မုဒိန်းကျင့် သတ်ဖြတ်ပြီး ကိုယ်တုံးလုံး မြေကြီးပေါ် ပစ်ချခဲ့တုန်းကလည်းစိတ်မကောင်းပါဘူး

ဆရာမလေး သူနာပြုလေး ထွေအုပ်စာရေး အုပ်ချူပ်ရေးဝန်ထမ်းတွေလစာသွားထုတ်တော့ ကားရောလူရော မီးရှိူ့သတ်ခဲ့တုန်းကလည်းစိတ်မကောင်းခဲ့ပါဘူး။​သွေးစ္စာသီချင်းမရလို့အရှင်လတ်လတ် လျှာဖြတ် မီးရှိ့ သတ်တာပေါ့

ပါတီမတူ တဲ့လူတွေမှန်သမျှ nldမထောက်ခံသူအကုန်လုံး
ဒလန်ဆိုပြီး တစ်နိုင်ငံလုံးမှာ လိုက်သတ်နေတာလည်းစိတ်မကောင်းပါဘူး

တိုင်းပြည်အနာဂတ် ကလေးငယ်တွေ စာသင်ကျောင်းတက်နေတာကို ဗုံးလိုက်ခွဲနေတာတွေလည်းစိတ်မကောင်းသလို

စာသင်တဲ့ဆရာဆရာမတွေပါ သေနတ်နဲ့လိုက်ပစ်သတ်နေတာလည်း စိတ်မကောင်းပါဘူး

.အဲ့ဒီစိတ်မကောင်းစရာအလုပ်တွေကို

တော်လှန်ရေးသမားဆိုတဲ့လူတွေ
လုပ် ခဲ့ တာ ပါ
အနီအားပေး ဘက်မတူရင် ဒလန်ဆိုပြီး သတ်တဲ့လူတွေလုပ်ခဲ့တာပေါ့ 
အဲဒီတုန်းက အသဲတွေပေးပြီး ခုမှဝမ်းနည်းပြမနေပါနဲ့ဗျာ

😏ဘာတဲ့ လူပီသပါ တဲ့လား😏
ခင်ဗျားတို့က ဒီလိုဖြစ်စဥ်မျိုးတွေမှာ ဝင်ပြီးပြောရင် လူသားချင်းစာနာရင်၊လူပီသရင် ဒလန်စွပ်စွဲခံရမှာစိုးလို့ လစ်လျူရှု့တာဆိုရင်လည်း ဆိုခဲ့တဲ့သစ္စာတရား၊ခင်ဗျားတို့ နားလည်တဲ့ အမှန်တရားအတွက် စိတ်မကောင်းပါဘူး။ငြိမ်းစုစီ ဥပဒေ၊အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေ၊အကြမ်းဖက်သမားတွေနဲ့ဆက်စပ်သူတွေကို နိုင်ငံတကာ ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်ဆိုတာ အလုံးစုံကို သိမြင်တော်မူသလို...ကိုယ်တိုင်ဒီလိုကိစ္စရပ်ပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းဘူးသလို ခုမှချက်ခြင်းထပြီး စဆရကလုပ် လူသားသိပ်ဆန် မြို့မေတ္တာခံနေတဲ့
ခင်ဗျားကိုလည်း စိတ်မကောင်းဘူး ပြောပါရစေ။
Fight a terrorist like a terrorist. အကြမ်းဖက်သမားကို အကြမ်းဖက်သမားလို
တိုက်နိုင်ပါစေ။အကြမ်းဖက်သမားတွေ ကျရှုံးပါစေ။အကြမ်းဖက်သမားတွေကို
အကြမ်းဖက်သမားလို တာဝန်ရှိသူတွေ ကိုင်တွယ်ခွင့်ရဖို့ စောင့်ဆိုင်းနေရတာ၊မလုပ်ရဲ မကိုင်ရဲဖြစ်နေရတာတွေအတွက် စိတ်မကောင်းပါဘူး။မြန်မာပြည်ကြီး
အေးချမ်းသာယာဖို့ အသက်ပေးနေရတဲ့ တာဝန်ရှိသူတွေထက် ကိုယ့်စီးပွား
ကိုယ်ရှာစားပြီး အလုပ်အကိုင်အနေအထိုင်ကြပ်တဲ့အခါ လူပီသ လူသားချင်းစာနာပြတတ်တဲ့သူတွေက တိုင်းပြည်ကို ပိုချစ်၊ဓမ္မသမားကြီးတွေမှန်း သိလိုက်ရတာ ပိုစိတ်မကောင်းပါဘူးဗျာ။

Credit