Wednesday, December 8, 2021

လူပါးမဝတဲ့ နိုင်ငံရေးပညာ


        ဒီနေ့ တပ်မတော်ကို ဆန့်ကျင်ပြီး PDF မိုက်ရူးရဲတွေ အသေခံပြီး ဆန့်ကျင်နေကြတာ ဘာဖြစ်လို့လဲ တွေးကြည့်ကြပါ ။

      ၈၈ နောက်ပိုင်း တပ်မတော်ရဲ့ တိုင်းပြည်အပေါ် ဆောင်ရွက်ပေးခဲ့တဲ့ တည်ဆောက်မှုတွေ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေဟာ အင်မတန် အားရကျေနပ်ဖွယ် ကောင်းလှပါတယ် ။ 

    ကဲ ဒီအချက်ကို တပ်မတော်ထောက်ခံနေပါတယ် ဆိုသော သူများကိုယ်တိုင် ဘာတွေကောင်းတာလည်းကွာ ဆိုရင် ခွေးအကြီး လှည်းနင်းထားသလို ကျကျနန ခြေခြေမြစ်မြစ် ပြန်ဖြေနိုင်သူရှားပါတယ် ။ 

       မုန်းတီးသူတွေဖက်ကတော့ ခရားရေလွတ် တတွတ်တွတ် နဲ့ ရေပက်မဝင်အောင် မဟုတ်မှန်တဲ့ ကောလဟာလ 95% နဲ့ ဖင်ပိတ်ငြင်းခုန် အပုပ်ချပြနိုင်ကြပါတယ် ။ 

     ဘာကွာသွားသလဲ ဆိုတော့ ဝါဒဖြန့် စစ်ဆင်ရေး နဲ့ ပြည်သူ့စိတ်ဓာတ်အား တထပ်တည်းကျစေသော (ဟုတ်ဟုတ် မဟုတ်ဟုတ်) အပြော အဆို အပြုအမူ ကွာသွားလို့ပါပဲ ။ 

      တပ်မတော်က ငါတို့သည် တိုင်းပြည်အတွက် လုပ်နေတာ ဘာမှရှင်းပြစရာ မလိုဘူးဆိုတဲ့ ၁၆ ရာစု အတွေးအခေါိ နဲ့ လုပ်ကိုင်ကြရင်း ပြည်သူနဲ့ ကင်းကွာကုန်တာ အဖြစ်မှန်ပဲ ။ 

         အခု လတ်တလော ဖြစ်စဥ်တွေ ကြည့်ပါ ။ တပ်မတော်က မိမိအားထောက်ခံသူတွေ ဘာဖြစ်ချင်တယ် ဆိုတဲ့ အတွေးမျိုး လုံးဝ မရှိကြပါဘူး ။ ဆိုလိုတာက တပ်မတော်ထောက်ခံသူတွေ ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဖက် ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင် လိမ္မာပါးနပ်စွာနဲ့ ကြိုတင်လမ်းခင်းခြင်း တဖက်လှည့် နဲ့ ရှင်းပြခြင်း အနုပညာကို သုံးရပါမယ် ။ 

     အခုတော့ လုပ်ချင်ရာ လုပ်တယ် (မှန်မယ်လို့ ယူဆပြီး) ၊ ကိုယ့်ဖက်က ပြည်သူကိုလည်း စောက်ဖက်မလုပ်ဖူး ။ ပြည်သူကလည်း ကိုယ့်အမြင်နဲ့ ကို ဝေဖန်ကြတာပေါ့ ။ 

       ဒီတော့မှ ဘောအလွန်မ တွေက အကြောင်းပြချက် မျိုးစုံ နဲ့ ပြန်ရှင်းကြပေါ့ ။ သာမန် ရှင်းပြတာ အကြောင်းမဟုတ်ပါဘူး စောက်ဆရာကြီးလေသံတွေ နဲ့ ပြည်သူတွေကို အထက်စီးကနေ ဒါလေးမှ မသိရကောင်းလားဆိုတဲ့ အပြောနဲ့ လူတွေကိုတော့ အထင်သေးတဲ့ အပေါက်တွေနဲ့ လာမလုပ်ကြပါနဲ့ ။ 

        တပ်မတော် နဲ့ အရပ်ဖက် ဆက်ဆံရေး ကောင်းမွန်လာစေဖို့ အတွက် ဆိုရင် အဲသလို ဆရာကြီးလေသံတွေ လျှော့ဖို့ လိုပါမယ် ။ 

      ဝေဖန်ခံနေရတဲ့ ကာယကံရှင် တပ်ချုပ်ကြီးကို ဖားယားပြီး မျက်စိနောက်လာပြီတို့ ၊ နားမလည်ပဲ မပြောနဲ့ တို့ ဆိုတဲ့ လေသံတွေဟာ တပ် ဖက် အရပ်ဖက် ဆက်ဆံရေး အတွက် ကြီးမားတဲ့ အဟန့်အတား ဆိုတာ သိဖို့ကောင်းနေပါပြီ ။

      ရှင်းရှင်းပြောရရင် တပ်မတော်က တည်ဆောက်ရေးတွေ ဘယ်လောက်ပဲ လုပ်ခဲ့ပါစေ ၊ သူ့ရဲ့ အပုံတရာပုံ တပုံတောင် လုပ်မပြနိုင်ပဲ တိုင်းပြည်ဘဏ္ဍာ စိတ်တိုင်းကျ ခိုးထားတဲ့ NLD သူခိုးတွေကို လူတွေ ယုံကြည်နေကြတာ ခင်ဗျားတို့ရဲ့ အဲသလို စောက်ဆရာကြီး အထာတွေကြောင့် ပါပဲ ။ 

          လုပ်ရပ်တခု မှားနေသလား ပြင်ပေါ့ဗျာ ဘာလို့ ရန်တွေ့နေကြတာလဲ စဥ်းစားမရဘူး ။ ခင်ဗျားတို့ စိတ်ထဲမှာ တပ်မတော်သည် အရာရာသိ အရာရာတတ်ပြီး ပြီးပြည့်စုံနေပြီလို့ ယူဆနေကြသလား.... ?

       ဒီကနေ့ထိ မပြီးပြတ်နိုင်သေးတဲ့ သတ်ဖြတ် အကြမ်းဖက်မှုတွေ ၊ ဘဏ်ပြဿနာတွေ ၊ ကုန်စျေးနှုံးကြီးမြှင့်မှုတွေက နစက ရဲ့ အရည်အသွေးမှန်ကို သက်သေပြနေကြပါတယ် ။ 

       အခုလို ပြည်သူတွေ ဝိုင်းပြောနေကြတာ ထပ်ခါထပ်ခါ လုပ်နေတဲ့ ပေါ်လစီအမှားတွေ မလုပ်မိစေဖို့ ပြောနေကြတာပါ ။ ငါတို့ မူဝါဒ ငါတို့ ပေါ်လစီ အကုန်မှန်တယ်ကွ ဆိုရင်လည်း အပေါ်က စာပုဒ် နောက်တခေါက်ပြန်ဖတ်ပါ ။ 

         ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းပါစေ ၊ လုပ်ဆောင်ချက်မှန်ပါစေ အရာရာကို ဖုံးဖိပြီး လ/ဝ ဆိုတဲ့ စကားလုံး နဲ့ ပြည်သူနားမလည်အောင် ကြိတ်လုပ်နေသရွေ့ ဘယ်တော့မှ ချစ်ခင်လေးစားလာမှာမဟုတ်ပါဘူး ။ 

       ဘာပဲ ပြောပြော သေချာတာကတော့ တပ်မတော်သည် ပြည်သူချစ်အောင် မလုပ်တတ်သေးဘူး ။ ပြည်သူ့စိတ်ကို မဖတ်တတ်သေးဘူး ။ အကြောင်းကြောင်းကြောင့် နိုင်ငံရေးလောကကို ဝင်ရောက်စွက်ဖက် လုပ်ကိုင်နေကြပေမယ့် တပ်မတော်ရဲ့ လုပ်ဆောင်မှုတွေဟာ လူပါးမဝ​သေးတဲ့ နိုင်ငံရေး ပညာအဆင့်ပဲ ရှိပါသေးတယ် ။ 

       ယခုဝေဖန်နေတဲ့ ပြစ်ဒဏ်လျှော့တဲ့ ကြေငြာချက်ကို ကြည့်လေ ။ နိုင်ငံတော်သံဃနာယက ဆရာတော်ကြီးများရဲ့ မေတ္တာရပ်ခံချက်အရ (သို့တည်းမဟုတ်) ၊ အယူခံလွှာအရ (သို့တည်းမဟုတ်) အသက်အရွယ် ကျန်းမာရေးအရ ဆိုပြီး အချိန်တခုရောက်မှ ဖြေလျော့ပေးရင် ဒီလောက် ဥပတိရုပ် ပျက်စရာအကြောင်းမရှိပါဘူး ။ 

        အဲလိုမဟုတ်ပဲ ကပျာကရာ ကတိုက်ကရိုက် အူယားဖားယား ဖြေလျှော့ပေးမှတော့ ဒေါ်စုကြည်ကို ချီးထက်ရွံတဲ့ ပြည်သူတွေ ဝိုင်းဆဲရုံကြတာ ကံကောင်းတယ် မှတ်ပါ ။ အဲသလောက်တောင် တွေးခေါ်မှု မရှိတဲ့ နိုင်ငံရေးပညာကြောင့် လူပါးမဝတဲ့ နိုင်ငံရေးပညာသည်အဆင့်လို့ သတ်မှတ်တယ်ဗျာ ။

       ဘောအလွန်မတွေ မင်းတတ်နေရင် အုပ်ချုပ်ကြည့်ပါလားလို့ မဖြစ်နိုင်တာတွေ လာမမန့်ပါနဲ့ တပ်ချုပ်ကြီးဆိုတဲ့ ရာထူးနဲ့ ထိုက်တန်သော အခြားပုဂ္ဂိုလ်ကြီးများကိုသာ အုပ်ချုပ်ခိုင်းကြည့်ပါ ဒီထက်ရလာဒ်ကောင်း​တွေ အမြန်ဆုံး ရလာပါလိမ့်မယ် ။ 

       ကိုရွှေမျိုးဝင်း