အာ့နဲ့များ မြန်မာပြည်ကိုလာပါ
မြန်မာပြည်ကို လာပါ အော်ကြတုံး။
ဟိုမှာ ဩဂုတ်လ ၃၁ရက်နေ့ဆုတ်ရမဲ့ရက်
မရောက်သေးဘူး တာလီဘန် တွေက
ပြည်နယ်မြို့တွေကို
တစ်မြို့ပြီး တစ်မြို့ တက်သိမ်းနေပြီ။
တာလီဘန် နောက်မှာ တရုတ် နဲ့ရုရှားရှိတယ်။
ကိုယ်တိုင်မတိုက်ဖူးနော် လက်နက်ပဲ
နောက်ကနေ အသာလေးထုတ်ပေးတာ။
ကိုယ်တိုင် ဝင်တိုက်တဲ့ အမေရိကန်
အရှက်လည်း ရ
နိုင်ငံရေးသိက္ခာလည်း ကျ။ အမေရိကန်
စစ်သားတွေလည်းအကျအဆုံးများ။
ဒါကြောင့် အမေကန် သမ္မတက
စစ်ရေးအရ တိုက်ရိုက် ဘယ်နေရာကိုမှ
မပါဝင်တော့ဘူးလို့ အရှက်ပြေလေး
ပြောသွားရတာ။
အဲ့တာ အာဖဂန် တစ်နိုင်ငံပဲ ရှိသေးတယ်။
ဒီဘက်ခေတ်မှာ အင်အားကြီးတိုင်
နိုင်ငံခြင်း
ဗိုလၠ္လို့ မေရတာ့ဘူးဆိုတာ အာဖဂႏၠ
ပညာပေးလိုက်တာပဲ။
ဗီယက်နမ် စစ်ပွဲပြီးရင် သမ္မတထရမ်
လက်ထက်မှာ ဆီးရီးယားစစ်ပွဲမနိုင်ပဲ
ဆုတ်ရတယ်။
အခု ဘိုက်ဒင် လက်ထက်မှာ အာဖဂန်က
ဆုတ်ရတယ်။
သူများနိုင်ငံဝင်တိုက်ပြီး မနိုင်လို့ ဆုတ်ရတဲ့
အခါ အင်မတန် ရှက်စရာလည်း
ကောင်းသလို အသက်စွန့်လိုက်ရတဲ့
အမေရိကန် စစ်သားတွေလည်း တန်ဖိုးမဲ့သွားတယ်။
အခု တော့ တာလီဘန်တွေ တစ်မြို့ပြီးတစ်မြို့
သိမ်းနေပြီ။
ကျုပ်အထင်တော့ ဗီယက်နမ်စစ်ပွဲမှာ
မြို့တော်ဆိုင်းဂုံကို မြောက်ဗီယက်နမ်တွေ ဝင်သိမ်းသလိုပဲ
အာဖဂန် စစ်ပွဲက အဆုံးသတ်သွားမယ်ထင်ပါတယ်။
လက်ရှိအနေအထားကတော့ ပြေးနိုင်မှ
လွတ်မဲ့အနေအထားပဲ။
Kyaw Swar