Friday, October 15, 2021

ရေဦးမြို့နယ်အတွင်း အကြမ်းဖက်သူပုန် PDF များက အမျိုးသမီး (၂)ဦးထံမှ ရွှေထည်လက်ဝတ်ရတနာများလုယူပြီး အဓမ္မ မုဒိမ်းကျင့် သတ်ဖြတ်


ရေဦး၊   အောက်တိုဘာ ၁၃-၂၀၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ရှိ ဝက်ဖြူကျေးရွာမှ မချိုချိုဝင်းနှင့် မဌေးလင်းညီအစ်မ (၂)ဦးအား ရေဦးမြို့ အကြမ်းဖက်သမားသူပုန် PDF များက လက်ဝတ်ရတနာရွှေထည်များကို လုယက်ယူငင်သည့်အပြင် ထိုအမျိုးသမီး (၂)ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကာ ရွာပြင်အရောက်တွင် အဓမ္မမုဒိမ်းပြုကျင့်ပြီး သတ်ဖြတ်ထားခဲ့ကြကြောင်းသိရသည်။

အဓမ္မမုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူအမျိုးသမီး (၂)ဦးသည် အနေအေးကြသူများဖြစ်ကြောင်း၊ မကြာခင်ရက်ပိုင်းကလည်း ၄င်းတို့၏အစ်ကိုဖြစ်သူ အုပ်ချုပ်ရေးမှူးမှာလည်း အကြမ်းဖက်သမားသူပုန်များက သတ်ဖြတ်ခဲ့ကြကြောင်းသိရသည်။

PDF များ၏လုပ်ရပ်သည် အကြမ်းဖက်သူပုန်ထရုံမက မုဒိမ်းကျင့်သည့် ဓားပြများလည်းဖြစ်သည့် လူဆိုးအပြင် လူယုတ်မာများပင်ဖြစ်လာနေကြသည်။

ရာဇာမင်းနိုင်
Credit