Monday, December 6, 2021

"မြန်မာနိုင်ငံအစိုးရအနေဖြင့် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ပြော"


မြန်မာနိုင်ငံအနေဖြင့် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိကြောင်း လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။

“မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်ပါတယ်။ သူတို့မှာ အာဆီယံအစည်းအဝေးတွေကို တက်ရောက်ဖို့ အခွင့်အရေးရှိရပါမယ်” ဟု တရုတ်နိုင်ငံကထောက်ပံ့ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းစီမံချက်တစ်ခု၏ ဖွင့်ပွဲအခမ်းအနားတွင် ဟွန်ဆန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ဖိတ်ကြားချက်အရ မနက်ဖန် ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ရန်စီစဉ်ထားပြီး ဟွန်ဆန်အနေဖြင့်လည်း မြန်မာနိုင်ငံသို့ မကြာမီလာရောက်လည်ပတ်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။
#mhtnews