Monday, December 6, 2021

သားဆိုး နှင့် သမီးမိုက်ကြင်စိုးတို့ မောင်နှမပေါ့ဗျာ..😆😆


မြန်မာနိုင်ငံမှာ 
တရားခံဝင်းမြင့်
တရားခံအောင်ဆန်းစုကြည်
လို့ပြောချင်နေတာကြာပြီ
သူက သမ္မတ၊ ဟိုကအတိုင်ပင်ခံမို့
ကိုယ်ကသာမန် အရပ်သားဘဝနဲ့မို့
မပြောသင့်လို့ ပြောမရလို့ မပြောခဲ့ရဘူး....

အခုတော့ ပြောလို့ရပြီ... ကိုယ်ကသာမန်လူဆိုပေမယ့် မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲမည်သည့်ဥပဒေတစ်ရပ်ရပ်မျိုးကိုမျှ ကျူးလွန်ထားခဲ့ခြင်းမရှိတဲ့ နိုင်ငံသားကောင်း ပြည်သူဖြစ်သွားပြီ။နိုင်ငံသားအခွင့်အရေးအရ ကန့်သတ်ချက်တွေနှင့် မငြိစွန်းရင် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ရှိတဲ့အတွက် တိုင်းပြည်ရဲ့ဥပဒေတွေကိုချိုးဖောက်ခဲ့လို့ တရားစွဲအပြစ်ပေးခံရတဲ့ တရားခံတွေကို ဝေဖန်ရှုတ်ချလို့ရပြီဗျာ။

ဝင်းမြင့်နဲ့စုကြည်ကတော့ ပုံစံလို့အော်လိုက်ရင် ထောင်တွင်း စည်းကမ်းအရ ခေါင်းမထောင်ရတဲ့ အကျဥ်းသားဖြစ်သွားပြီ။

ဝတ်လုံတော်ရ ဥပဒေဘွဲ့ရခဲ့ပြီးမှ လူထုအားကိုးနဲ့ ဥပဒေကိုမထီမဲ့မြင်လုပ်ပြီး နိုင်ငံတော်ရဲ့အထွဋ်အထိပ်နေရာကနေပြီးမှ ထင်ရာစိုင်းနေခဲ့တဲ့ တရားခံဝင်းမြင့်.....(သမ္မတ​ဟောင်း)

နိုင်ငံတကာက အားကျလေးစားအသိအမှတ်ပြုထားရတဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေထဲက တစ်ခုအပါအဝင်မှာ ပညာသင်ခဲ့ရပြီးမှကို စာတတ်ပညာတတ်ပြီး စိတ်ဓာတ်က ယုတ်နိမ့်အောက်တန်းကျနေခဲ့တဲ့ တရားခံဒေါ်စုကြည်(အတိုင်ပင်ခံဟောင်း)

တရားခံဝင်းမြင့်က ဥပဒေဘက်တော်သားဖြစ်ခဲ့ပါလျက်နဲ့ ဥပဒေမျက်နှာကိုမထောက်ခဲ့သလို

တရားခံစုကြည်က တိုင်းပြည်နဲ့ အမျိုးကိုချစ်တဲ့ သခင် ဗိုလ်ချုပ်ရဲ့ သမီးဖြစ်ပါလျက်နဲ့ ဖအေမျက်နှာမထောက်ခဲ့ဘူးးးး

ခင်ဗျားတို့က သားဆိုးနဲ့သမီးမိုက်တွေလို့ပဲ
ယဥ်ယဥ်ကျေးကျေးနဲ့ အားပေးလိုက်တယ်ဗျာ။

ခင်ဗျားတို့ လုပ်ခဲ့တာတွေအတွက် ဒီလောက်ကအကင်းရှိသေးတယ်...ဘယ်အထိဆက်ပြီး ရောက်သွားမလဲ ဆက် ကြည့်နေတယ်ဗျာ...

ဘယ်သူတွေက ကြင်စိုး လဲဆိုတာ
နောက်တနှစ် ဒီအချိန်လောက် ဆိုရင် တစ်ကမ္ဘာလုံးကသိသာထင်ရှားသွားလောက်ဖို့ သေချာပါပြီ။

ဦးကြင်စိုး နှင့် ဒေါ်ကြင်စိုးလို့
အမည်ပြောင်းထားလိုက်လို့ ရပြီဗျာ။

ခင်ဗျားတို့ကို ကြိုးက စားတော့မယ်ဗျ။
ကြိုးက စားလို့ရဖို့ရာ အတွက်လည်း ခြေတစ်လှမ်းချပြီးသွားခဲ့ပါပြီ။
ခံနိုင်ရည်ရှိအောင်သာ ထောင်ထဲမှာ တရားကြို ထိုင်ထား ကြပေတော့ဗျာ။

အနီရောင်ကြိုက်တဲ့ ခင်ဗျားတို့အတွက်
အနီရောင် စာအိတ်တွေ ရလာကြမှ
သွေးပျက်ခြောက်ခြားနေကြရင်
လူကြားလို့မှ မကောင်းဘူးဗျနော်။

Credit

Related Posts:

  • ဘုရားအားလုံးက သိ​နေတဲ့သူများ         တခါတုန်းက ငယ်သူငယ်ချင်း နှစ်ယောက်ရှိပါတယ် ။ တယောက်က ခရစ်ယမ် ဘုန်းကြီးဖြစ်ရမယ် သာသနာပြုမယ် ၊ တယောက်က ဆရာဝန်ဖြစ်ရမယ် လူနာတွေကို ဝေဒနာသက်သာအောင် ကုသပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်ကိုယ်စီ နဲ့ပေါ့ ။&nbs… Read More
  • ဖက်ဆစ်ဗုံး ပမာ         ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီးမှာ မမြင်အပ် မသိအပ်တဲ့ အကြောင်းတွေ အများကြီး ရှိခဲ့ဖူးပါတယ် ။ ဥာဏ်မမှီနိုင်သော တနည်း လက်ရှိသိပ္ပံပညာအနေအထားအရ ဖြေရှင်းရန် မတတ်နိုင်သော ထူးခြားဖြစ်စဥ်များစွာ ရှိခဲ့ဖူး… Read More
  • ဗဒင် & မဂွမ်း Vs န စ ကဖြစ်စဥ် (၁)-----------         ဗဒင်ဆိုတဲ့ တေးရေးဆရာတ​ယောက် သူရေးထားတဲ့ သီချင်းလေးတွေကို အဲဒီခေတ်က နာမည်ကြီး အဆိုတော် ဂျေမောင်မောင် ၊ ဂျေညီညီ နဲ့ အခြားသူတွေဆီ သွားရောင်းတယ် ။       … Read More
  • ဒီလို အဆင့်အတန်း ဒီလို အသိဥာဏ်          ပေါက်ကရပြော ပေါက်ကရ ယုံကြည်တဲ့နေရာမှာ မြန်မာလူမျိုးတွေဟာ ကျောက်ခေတ်အဆင့်က တက်မလာသေးတာ တိုင်းပြည်ဖွံ့ဖြိုးဖို့ အတော်လုပ်ယူကြမယ့် အနေအထားပါပဲ ။         အလွန်တုံးသော လူ… Read More
  • ဝေဒနာ ပွဲစား        မနက်လင်းတာနဲ့ ကိုစိုးရောက်လာတယ် ။ ခေတ်ကာလအရ ပါဆယ်ဆွဲလာတဲ့ လက်ဖက်ရည်ထုပ် နှစ်ထုပ် ပဲပလာတာ နှစ်ချပ် နဲ့ ပေါ့ ။ စားသောက်ပြီးတော့......"ငမျိုးရေ မင်းရေးနေတာ နဲနဲ ကြမ်းနေတယ်ကွ လျှော့အုံး ''"ဘာကြမ်းတာလည်… Read More