Saturday, December 4, 2021

မြန်မာ့ပြဿနာ ဖြေရှင်းရေး ပြည်ပ ဝင်မစွက်ဖို့ ရုရှားသမတ Vladimir Putin က ဗုဒ္ဓဟူး နေ့မှာပြောဆိုလိုက်ပါတယ်။🌷


မြန်မာနိုင်ငံကပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်ပကနေ၀င်ရောက်စွက် ဖက်မှုတွေမပါဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်🌷

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ တိုင်းရင်းသားလူမျိုးစုအရေးနဲ့ ဘာသာရေးဆိုင်ရာကွဲလွဲမှုတွေကို မြန်မာပြည်သူတွေကသာဖြေရှင်းသင့်ပြီး ပြည်ပကနေ၀င်ရောက်ချယ်လှယ်တာမျိုးမရှိဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်🌷

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ တိုင်းရင်းသားလူမျိုးစုအရေးနဲ့ ဘာသာရေးဆိုင်ရာကွဲလွဲမှုတွေကို မြန်မာပြည်သူတွေကသာဖြေရှင်းသင့်ပြီး ပြည်ပကနေ၀င်ရောက်ချယ်လှယ်တာမျိုးမရှိဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်🌷

နိုင်ငံရေးအရတွေ့ဆုံးဆွေးနွေးအဖြေရှာရေးအပေါ်မှာ အခြေခံ ပြီးမြန်မာပြည်သူတွေကဘဲ ဖြေရှင်းသင့်တယ်🌷လို့ နိုင်ငံခြားသံတမန်တွေကိုလက်ခံတဲ့ အခမ်းအနားမှာ 
ရုရှားသမတ Vladimir Putin က ဗုဒ္ဓဟူး နေ့မှာပြောဆိုလိုက်ပါတယ်။🌷

ရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးဟာ အစဉ်အလာအရ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးဖြစ်ပြီး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊ ပညာရေး စတဲ့ ကဏ္ဍတွေမှာ တိုးတက်လာအောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ယုံကြည်တယ်လို့လည်း ရုရှား သမတ ဗလာဒီမာ ပူတင်ကပြောဆိုခဲ့ပါတယ်🌷လို့သတင်းများကဖော်ပြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ မူလမဲဆန္ဒရှင်စာရင်းတွင် မဲမသမာမှု ၁၀ သန်းကျော် မဲဆန္ဒရှင်စုစုပေါင်း၏၂၉ရာခိုင်နှုန်းကျော်ရှိနေတာကို ဖြေရှင်းပေးရန် အခြေခံဥပဒေအရ တောင်းဆိုမှုများကို 
ယခင်အစိုးရ လွှတ်တော်နှင့် ယူအီးစီတို့က ပယ်ချခဲ့ပြီး တာဝန်ပျက်ကွက်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလ မတိုင်မှီကပင် ယခင်ယူအီးစီသည် သူ၏ ကော်မရှင်အဖွဲ့ခွဲများ ကိုပြည်သူတိုက်ရိုက် ရွေးချယ်တင်မြှောက်ခဲ့ရာမှာ ယခင်အာဏာရပါတီမှ လူများ အနိုင်မရမချင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့လို့
ဒေသခံပြည်သူများက မကျေမနပ်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ယခင်ယူအီးစီက အတည်ပြုခဲ့သည့်အပေါ် မြန်မာနိုင်ငံတဝန်း ယခင်အစိုးရ လွှတ်တော်နှင့် ယူအီးစီတို့ကို ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပါတယ်။

နန်းမြမြမီမီဇော်🌷
၂၀၂၁ခုနှစ် ဒီဇင်္ဘာလ ၂ ရက်။

..............................................................