Tuesday, August 17, 2021

#မှောင်ခိုလက္မှတ်နှင့်အနီပရိသတ်


ဒေါ်စုသည် 
သူမတစ်သက် အစိုးရဖြစ်ရန် မျှော်မှန်းခဲ့ဟန်မတူ။
၂၀၁၅-ရွေးကောက်ပွဲရလဒ်အရ အစိုးရဖွဲ့ခွင့်ပေး
လိုက်သောအခါ အဆင်သင့် မဖြစ်ကြောင်းတွေ့ရသည်။

အစိုးရကိုသာမန်မည်ကာမတ္တမတို့ဖြင့်ပြီးစလွယ်ဖွဲ့စည်း၍ ရမည်ဟုလည်း အမြင်ရှိကာ ပညာနိမ့်ပါးခဲ့သည်ကို တွေ့ရပြန်သည်။

- နိုင်ငံ၏မူဝါဒချမှတ်ရမည့် ဗဟိုအစိုးရ (ပြည်ထောင်စု အစိုးရ) အဖွဲ့ဝင်များကို ကြည့်ပါ။

အရည်အချင်းအနည်းငယ်မျှသာရှိသူ လက်(၃)ချောင်း
လောက်သာတွေ့ရသည်။

- အစိုးအဖွဲ့တွင် ပညာရေး အတုသမားများပင် 
ပါဝင်လိုက် သေးသည်။
လက်တွေ့မလုပ်ဖူးသော ကိုယ်ပိုင်စီးပွားရေးတွင် 
အိမ်ဆိုင်မျှပင် မလုပ်ဖူးသူတို့က စီးပွားရေးကို 
ကိုင်တွယ်ကြသည်။

- ပြည်နယ်/တိုင်းအစိုးရများသည် ဗဟိုအစိုးရ၏ 
မူဝါဒကိုအကောင်အထည် ဖော်ပေးကြရသူများဖြစ်ကြသည်။

- အတွေ့အကြုံရှိသူတွေ မပါဝင်ကြ။

ယုတ်ဆွအဆုံး Management နှင့် Administration ကိုပင်
ကောင်းစွာ ကွဲပြားစွာ သိဟန်မတူ။

- ဗျူရိုကရေစီယန္တရားကို ဂဃနဏ သိသူရှားပါလိမ့်
မည်။

- ဗျူရိုကရေစီယန္တရား မှန်ကန်စွာ လည်ပတ်နိုင်ရန် 
မည်သို့  မောင်းနှင်ရမည်ကိုတော့ မစဉ်းစားရဲသလောက်ပင်။

အောက်ကတင်ပေးသော စာကိုဖတ်ပြီး လက်မှတ်ရေးထိုးရုံကလွဲ၍ ဘာမှလုပ်တတ်ကိုင်တတ်သူများ မဟုတ်မှန်း လုပ်ရပ်က ပေါ်လွင်စေပါ၏။

ဒုတိယနှစ်ကျောင်းသားလည်းဖြစ် ကိုယ်ပိုင်စီးပွား ရေးဟူ၍ ဘာမှ မလုပ်ကိုင်ဖူးသောသူကလည်း-

-"သူ၏အကျွမ်းကျင်ဆုံးမှာ စီးပွားရေး" ဟုပြောလိုပြော၊

- ပြည်တွင်းထမင်းဆိုင်လောက်ပင် မလုပ်ကိုင်ဖူးလျှင်နိုင်ငံတကာစီးပွားရေးဆိုသည်မှာများစွာအလှမ်း ဝေးနေပါလိမ့်မည်။

" စီမံကိန်းများဘယ်လိုအောင်မြင်မည်၊ ဘယ်တော့
အကောင်အထည်ပေါ်လာမည်"ဟု လူသိရှင်ကြားကြေ ညာခြင်းသည် မိုက်မဲရာကျသလို အတွေ့ကြုံမရှိမှန်း ဖော်ပြရာလည်းရောက်ပါ သည်။ ပါမစ်လှည့်လည်ရောင်းချသည့်အလေ့ကို သင်ယူဖို့လိုပါလိမ့်ဦးမည်။

MOU ဆိုသည်မှာ
memorandum of understanding သာ
ဖြစ်၍  " နားလည်မှု "မျှသာဖြစ်သည်။ စည်းနှောင်မှု့များစွာမပါဝင်ပါ။

ဒေါ်စုကိုယ်တိုင် အရာရာတွင် အားနည်းခဲ့သောကြောင့်ဟုသာ သတ္တုချရပါလိမ့်မည်။

ပြည်ထောင်စုဝန်ကြီးများ၊
တိုင်း/ပြည်နယ်ဝန်ကြီးများစသော အရေးပါသည့်နေရာများတွင် " တကယ်တတ်၊ တကယ်သိ "သူများကိုသာ ခန့်ထားသင့်သည်။ ထိုသူများက နိုင်ငံ၏စီးပွားရေးကို ဆွဲတင်မည့် သူများဖြစ်သည်။
စီးပွားရေးကောင်းမှသာ နောက်တစ်ဆက်အစိုးရဖြစ်
မည်ဟူသော " အကြောင်းနှင့်အကျိုးတရား" ဆက်စပ်မှုများမတွေးတောခဲ့ဟန် ရှိသည်။

လုပ်ဖော်ကိုင်ဖက်များကို ကြည်ရှု့ရသည်မှာ သဘာဝဖြစ်ပါ၏။လုပ်ဖော်ကိုင်ဖက်များကို ဒုတိယအဆင့် ထား၍ ပညာသင်အတွေ့အကြုံ ယူစေသည့်နည်း အသုံးပြုနိုင်ပါသည်။

- တစ်သက်လုံး ထောင်ထဲတွင် နေလာသူများကို ပထမအဆင့်တွင် ထားရှိလိုက်ခြင်းက၊ ဒေါ်စုကျဆင်းစေဖို့ ဖြစ် လာသည်ကို ဒေါ်စုကိုယ်တိုင်
သိမည်မဟုတ်ပါ။

နောက်တစ်ခုက
လူမှုကွန်ရက်ပေါ်တွင် NLD နှင့်ဒေါ်စုအပေါ် ထောက်ခံမှု များပြားခြင်းကို ပုံးမှားရိုက်၍ လိမ်လည်ခံရ ခြင်းဖြစ်သည်။ 

- ကျပ်သိန်းပေါင်း(၆၄၀၀)ကိုသုံးပြီး ဝေဖန်သူများကိုထိန်းချုပ်၊  
- မိမိဖက်မှ အကောင့်တုပေါင်းများစွာဖြင့် FB ပေါ် 
နေရာယူခဲ့သူများကိုမြင်ပြီး
- ထောက်ခံမှု အကြီးအကျယ်ရှိနေဆဲဟုအထင်ရှိခြင်းကလည်း နောက်ဆုံး အစိုးရပြုတ်ကျရန် အကြောင်းတစ်ခုဖြစ်လာခဲ့ပါ၏။

(ကြားဖြတ်ရွေးကောက်ပွဲတွင် NLD နေရာအချို့ ရှုံးနိမ့်ခြင်း က သက်သေခံထားပါ၏)

ဆိုရလျှင် 
ဒေါ်စုသည်လည်းကောင်း၊NLD သည်လည်းကောင်း
မှောင်ခိုလက်မှတ်နှင့်ထင်ယောင်ထင်မှားပရိတ်သတ်ကြားရှင်သန်နေခဲ့ခြင်းဟု မြင်ပါ၏။ထို့ကြောင့်လည်း ဒေါ်စုကို ဆန့်ကျင်သူ တပ်မတော်ကိုထောက်ခံသူများ ဆန္ဒပြပွဲများတွင် ထောင်နှင့်သောင်းနှင့် လူအုပ်ကြီးများကိုတွေ့လာရခြင်းဖြစ်သည်။

ဒေါ်စုသည် သူ့လူများကို မထိန်းသိမ်းသည်လား။ ထိန်း သိမ်း၍ မရနိုင်တော့သည်လားမသိချေ။ (၂)မျိုးစလုံးလည်း ဖြစ်နိုင်ပါ၏။

သာမန်အားဖြင့် မြန်မာ့နိုင်ငံရေးတွင် အနီအစိမ်းဟူ၍ အုပ်စုကွဲ (၂) ခုရှိကာ အဘယ် ကြောင့် အနီများက ရိုင်းစိုင်းကြမ်းတမ်းနေကြရပါသနည်း။ Silent Voter ဟူ သော အသံတိတ်ပြည်သူများ 
 ထုနှင့်ထည်နှင့်ရှိနေကြပါ၏။
ရိုင်းစိုင်းမှုကို တုဖက်မပြုလိုသောကြောင့် မတုန့်ပြန်ကြ သော်လည်း မရှောင်သာဖြစ်ခဲ့လျှင် ထွက်လာကြမည့် ပြည်သူထုမှာ မနည်းပါ။ အနီထက် များပါသည်။

(ထို့ကြောင့် မဲခိုးမှုကို ဆောင် ရွက်ရခြင်းဖြစ်သည်)

နောက်ဆုံး မှောင်ခိုလက်မှတ်သည်လည်းကောင်း၊ ရိုင်းစိုင်း သောအနီများသည်လည်း ကောင်း နောက်ထပ် (၅) နှစ် အတွက် အငြင်းပယ်ခံလိုက်ရပါတော့သည်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီး ဆန္ဒပြပွဲများတွင် လူထု မည်မျှပါဝင်သည်ဟု ဆင်ခြေပေးနိုင်ပါသေးသည်။

အဘယ်ကြောင့် ထိုသို့ပါဝင်ကြရသည်မှာ စပွန်ဆာ
နိုင်ငံရေးကြောင့်ဖြစ်ပြီး ပရိသတ်စစ်စစ်များ မဟုတ်
ကြောင်းစပွန်ဆာများကို သက်ဆိုင်ရာက ဖော်ထုတ်နေပါပြီ။

အိမ်ထဲတွင် အသံမထွက်ပဲ အနီမကြိုက်အင်အားက
ထိုထက် အဆများစွာ များပြားသည်ဟု ဆိုချင်ပါသည်။

#နေဇင်လတ်
(တစ်မွန်းတည့်နိုင်ငံရေးနှင့်ဟောလိဝုဒ် နွေဦးတော်
လှန်ရေးဇာတ်ညွှန်း စာမျက်နှာ ၄၃-၄၄-၄၅)

Yan Gyi Aung
credit ##
AS ##


Related Posts:

  • ရွှေရူပါဦးနေ့ချင်းညချင်း Follower တွေ တိုးလာနေပြီSocial Bullying ကို ကြံကြံခံပြီး တပ်မတော်ကို ထောက်ခံနေတဲ့ မင်းသမီးအောက်တန်းစားများတဲ့ အနုပညာလောကမှာရှားရှားပါးပါး မင်းသမီးသူ့ အကောင့် Link မှာအားပေးကြပါအုံး.https://www.facebook.com/1623… Read More
  • ဒို့နိုင်ငံကို ပြိုကွဲအောင်လုပ်နေကြတာဟာ ဒါကြောင့်ကချင်ပြည်နယ်ဟာ 🇳🇴  အိုင်ယာလန်နိုင်ငံထက် ကြီးတယ်။ကယားပြည်နယ်ဟာ 🇶🇦  ကာတာနိုင်ငံနဲ့ ရွယ်တူ။ကရင်ပြည်နယ်ဟာ 🇮🇱 အစ္စရေးနိုင်ငံထက် ကြီးတယ်။ချင်းပြည်နယ်ဟာ 🇧🇪 ဘယ်ဂျီယံနိုင်ငံထက် ပိုကျယ်တယ်။မွန်ပြည်နယ်ဟာ 🇱🇧 လက်ဘနွန်န… Read More
  • ကျနော်လည်း ဘာမှ မဟုတ်ပါ          ကျနော့် ACC အမည်ဟာ fb မှာ အလွန်ပေါများလှတဲ့ အမည်ဖြစ်ပါတယ် ။         အမည်တူ များလွန်းတော့ လိုက်ရှာလို့လည်း တွေ့ဖို့ ခက်ခဲလှပါတယ် ။       ကျနော် ကိ… Read More
  • နက္ခတ်တွေကို လွန်ဆန်နိုင်ပါသလား ?လွန်ခဲ့တဲ့ (၈) နှစ်လောက်ထဲကမြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ အဟောတခုရှိထားတယ်၊ 2021-2023 ကြားမှာအတော်ကြီး မုန်တိုင်းထန်လိမ့်မယ်လို့၊အဲ့ဒီတုန်းကတော့ Covid အကြောင်းမပါဘူးနိုင်ငံရေးနဲ့စီးပွားရေးပဲ၊2021 Feb ထဲမှာ နငရ အပြောင်းအလဲဖြစ်လိမ်… Read More
  • ကြံ့ခိုင်ရေးပါတီအနာဂတ်သုံးသပ်လေ့လာခြင်း၁။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အခြားသော မှတ်ပုံတင်ထားသည့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးပါတီများအားလုံးထက် ဘဏ္ဍာရေးတောင့်တင်းမှု၊ စည်းစနစ်ကျမှု၊ အရှိန်အဝါ ကြီးမားမှုတို့တွင် သာလွန်နေသောပါတီကြီးတစ်ခုဖြစ်ပါသည်။ ပြိုင်ဘက်နိုင်ငံရေ… Read More