Thursday, July 8, 2021

Delivery အယောင်ဆောင်ပြီး ပါဆယ်ပိုချင်ယောင်ဆောင်၍


အခုတလော အစိုးရတာဝန်ရှိသူနဲ့ CDM မလုပ်သူ လူကြီးများကို  နာမည်ဖုန်းနံပါတ် သိပါက  Delivery အယောင်ဆောင်ပြီး ပါဆယ်ပိုချင်ယောင်ဆောင်၍ တမျိုး 

Air conditioner ပြင်သမား  အဝတ်လျော်စက် ပြင်သမားဟန်ဆောင်၍ လုပ်ကြံ ချင်ကြပါတယ်  

Delivery သမားတစ်ယောက်ဆိုလျှင် ဖုန်းနံပါတ် နာမည်ခေါ်ပြီး လူကြီးနာမည်နဲ့ ပါဆယ်ရောက်နေလို့ ပစ္စည်းပို့ချင်ပါတယ်   ဘယ်နားမှာနေပါသလဲ လာပို့ချင်လိုပါ ဆိုပြီးမေးပါတယ်   လူကြီးကလည်း ငါမမှာထားပါဘူး ပြောတယ်  
 
Delivery သမားက ပို့မှ ဖြစ်မှာပါ  ကျနော်တို့ပို့ခ ယူထားပြီးပြီမို့ လူကြီးထံ ပို့မှ ဖြစ်မှာမို့ဆိုပြီး အတင်းပို့ချင်နေပါသဖြင့်  

ဒါဆို့ မင်းဘယ်နားမှာရှိလဲ မင်းရှိတဲ့ နေရာနဲ့ နီးစပ်တဲ့ ရဲစခန်းမှာလာပို့ပေးပါ ဒါဆို ယူမယ်ပြောတော့  Delivery  သမားက ဖုန်းထပ်မဆက်တော့ပါဘူး 

ဒါကြောင့် အမျိုးမျိုး  နည်းမျိုးစုံသုံး၍ CDM မလုပ်သူ အစိုးရဝန်ထမ်း လူကြီးတွေကို လုပ်ကြံချင်ကြပါတယ် 

သတိကြီးစွာဖြင့် အိမ်သားများကပါ  မိမိ မမှာထားသော  မိမိမသိသော  
Delivery သမားများ အားလက်မခံရန် လိုပါတယ်  
တွေ့မိတာလေးပါ
  သတိဟူသည်ပိုသည်မရှိပါ သူများစီးပွားရေးတော့ ပိတ်ပင်ခြင်းမဟုတ်ပါ  သတိထားမိစေ၍တင်ပြရခြင်းသာဖြစ်