Thursday, July 8, 2021

#လာပြန်ပြီတခါ


Covid ဟာ နိုင်ငံတွေရဲ့စီးပွားအတက်အကျကို
ကြီးကြီးမားမား အပြောင်းအလဲဖြစ်စေလိမ့်မယ်လို့
ရေးခဲ့တာရဲ့နောက်ဆက်တွဲပါ၊

Airbus, Boeing, Container lines စတာတွေ
ဘီလီယံနဲ့ ချီပြီးဆုံးရှုုံးခဲ့တာတွေမပါသေးပါ

...............................

ခရက်ဒစ်.... #မူရင်း

Covid - 19 ကြောင့် ကမ္ဘာ့ထိပ်တန်း  Victoria's Secret ကုမ္ပဏီ ဒေဝါလီခံ လိုက်ရပါပြီ။

Pizza Hut ကုမဏီ ဒေဝါလီခံ

Cirque de Soleil လည်း ဒေဝါလီ ခံလိုက်ရပါတယ်။
 
 ZARA က သု့ရဲ့ စတိုးဆိုင်ပေါင်း ၁၂၀၀ ကို အပြီးတိုင် ပိတ်သိမ်းခဲ့ရပါတယ်။
 
 La Chapelle ကလည်း စတိုးဆိုင်ပေါင်း ၄၃၉၁ ကို ပိတ်သိမ်း လိုက်ရပါပြီ။
 
 Chanel နဲ့ Hermes ကလည်း သူရဲ့ ထုတ်ကုန်အသစ် ထုတ်လုပ်မှုကို အကန့်သတ်မရှိ ရပ်နားလိုက်ပြီ။
 
ကမ္ဘာကျော် နာရီ Patek Philippe နဲ့ Rolex လည်းထုတ်လုပ်မှု အကုန်လုံး ကို ရပ်နား လိုက်ကြရတယ်။

 ကမ္ဘာ့ဇိမ်ခံပစ္စည်းများ အားလုံးနီးပါး Covid ကြောင့် အသစ် ထုတ်လုပ်မှုတွေကို ကိုရပ်ဆိုင်းလိုက်ကြပါပြီ။

လေကြောင်းလိုင်းများစွာကလည်း အရှုံးတွေနဲ့ ရင်ဆိုင်လာရလို့ Pilot တွေနဲ့ Crew ပေါင်း ထောင်နဲ့ချီကို အလုပ်ဖြုတ်လိုက်ရပါပြီ။
 
 ခရီးသွား လုပ်ငန်းတွေက အထိခိုက်ဆုံးဖြစ်လို့ AirBnB ကို တည်ထောင်သူ က သူတို့ရဲ့ ၁၂ နှစ်တာကာလ ကြိုစားခဲ့ရတာတွေအားလုံးကို ၆ လထဲနဲ့ ရိုက်ချိုးဖျက်ဆီး ခံလိုက်ရတယ်လို့ စိတ်မကောင်းစွာ ပြောကြားလိုက်ပါပြီ။
 
 Starbucks ကလည်း ကမ္ဘာတဝှမ်း မှာရှိတဲ့ ဆိုင်ခွဲ 
 ၄၀၀ ကို အပြီး ပိတ်သိမ်း လိုက်ရပြီလို့ ကြေငြာခဲ့ပါတယ်
 
 ကမ္ဘာ့ထိပ်တန်း ဘီလီယံနဲ့ ချီပြီး ချမ်းသာတဲ့ ကုမ္ပဏီကြီး အများစုက Covid-19 ကပ်ရောဂါကြောင့် အကြီး အကျယ် အထိနာနေကြပါပြီ။

ကိုဗစ် ကပ်ရောဂါဖြစ်ပွားတဲ့ကာလ ၅လ အတွင်းမှာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူ သန်းပေါင်း ၇၈၀ ကျော်က အကြွေး တင်နေပြီး သောင်းနှင့်ချီတဲ့ ကုမ္ပဏီ တွေက နေ့စဉ် ဒေဝါလီ ခံနေကြရပါတယ်။

အခုအချိန်မျိုးမှာ သင်ရဲ့ ကုမ္ပဏီက သင့်ကို အလုပ်ဆက်ခန့်ထားပြီး လစာ ဆက်လက်ပေးနေတယ်, သူများ တွေလို အလုပ်ဖြုတ်, လူလျှော့ တာတွေ မရှိသေးဘူးဆိုရင် တော့ သင့်ကုမ္ပဏီကို တန်ဖိုးထားပြီး စေတနာနဲ့ အလုပ်လုပ်ပေးဖို့ အကြံပေးပါရစေ။

ဘာလို့လဲဆိုတော့ ကုမ္ပဏီပိုင်ရှင်တွေကိုယ်တိုင် သင်တို့မသိနိုင်တဲ့ ကိုဗစ်ရဲ့ ဒဏ်တွေကို ဘက်ပေါင်းစုံက ခံစားနေရသည့်တိုင် သင်တို့ကို စေတနာ ထားပေးနေကြပါတယ်။

 ဒီအချိန် ကုမ္ပဏီအားလုံး အကျိုးအမြတ်ထက် ဝန်ထမ်း လခပေးနိုင်ဖို့ကို ရုန်းကန်နေကြရတာဖြစ်လို့ ဝန်ထမ်းနဲ့ ကုမ္ပဏီ အပြန်အလှန် စေတနာထားပြီး လုပ်ဆောင်ကြမှသာ ရေရှည်ရပ်တည် နိုင်သွားကြမှာပါ။

အားလုံး ကပ်ရောဂါဆိုးနဲ့ သူ့ရဲ့ နောက်ဆက်တွဲ ပြသနာများအားလုံးကို ကြံခိုင်စွာနဲ့ ရင်ဆိုင် ဖြ တ်သန်း နိုင်ပါစေလို့ ဆုတောင်းလျှက်။

Edit 

Sint Nyi

Source: The Philippine Nation News



Related Posts: