Monday, December 6, 2021

သံလျှက်ဒါးသွား နှစ်ဖက်သွေးဖို့


        သံလျှက်ဒါး ဆိုတာ ဘုရင်တို့ရဲ့ မင်းမြှောက်တန်ဆာ ငါးပါးထဲက အရေးကြီးတဲ့ အသုံးအဆောင်ပါ ပဲ ။ 

        သူ့ကို ပုံစံ နှစ်မျိုးနဲ့ တွေ့ရလေ့ရှိပါတယ် ။ အဖျားသွယ်တဲ့ သံလျှက်ဒါးကို မင်းဧကရာဇ်တို့ ကိုင်လေ့ရှိပြီး အဖျားကြီး အရင်းသွယ်တဲ့ သံလျှက်ဒါးကိုတော့ ဘုရင်အထူးယုံရတဲ့ စစ်သူကြီးတို့ ကိုင်ကြရပါတယ် ။ 

       သံလျှက်ဒါး ပြုလုပ်တဲ့ ပန်းပဲဆရာသည် ငါးပါးသီလ ခံယူဆောက်တည်ကာ အသားကြီး ငါးကြီး စားသောက်ခြင်းမှ ရှောင်ကြဥ်၍ ထုလုပ်ရပါတယ် ။ 

     သန့်စင်ပြီးသော သံအား ကြိုးကြာဝမ်းတွင် အကြိမ်ကြိမ် ထိုးသွင်း၍ သံဓာတ်မြှင့်ရပါတယ် ။ ထို့နောက် ရှားမီးသွေးခဲမှာ ကြွေရည်အပြည့်သုတ်ထားတဲ့ မြင့်မားသော အပူရှိန်ခံ ကြွေလုံနဲ့ အရည်ကျိုရပါတယ် ။ 

         ပတ္တမြားရောင် ၊ ပုဇွန်ဆီရောင် မှ သဂ်ီ်ရွှေရောင်သို့ အဆင့်ဆင့်ပြောင်းလာသော သံရည်ပူကိုမှ ပုံစံခွက်ထဲ သွန်းလောင်းရပါတယ် ။ ရလာတဲ့ ပုံကြမ်းကို ထုရိုက်ပြားခတ်ပြီး လေထဲမှာ ခုတ်ကြည့်ပါက လေတိုးသံ မကြားရသည်အထိ သေသပ်စွာ ဝှေ့ရမ်းခုတ်ထစ်နိုင်မှ မီးပြ ရေချတဲ့ ပုံကြမ်းအဆင့် ပြီးပါတယ် ။ 

       နောက်တော့ လိပ်သဲကျောက်နဲ့ အရောင်ဝင်းဝင်းလက်လာအောင် သွေးရပါတယ် ။ စိတ်တိုင်းကျလျှင် သဲကျောက်နဲ့ ထပ်မံ အချောသတ်သွေးရပါတယ် ။ ဆင်ပေါက်ရဲ့ လည်ပင်းကို တိကနဲ ပြတ်ကျအောင် ထက်မြက်ပြီး ဆံပင်ကို သံလျှက်သွားပေါ်တင်လိုက် ဖျက်ကနဲ ပြတ်ကျရပါတယ် ။ 

      ပြီးရင်တော့ အရိုးတပ်​ရွှေချကျောက်စီ လုပ်ပေတော့ပေါ့ ။ 

       အဲလို အင်မတန်ကောင်းတဲ့ သံလျှက်ဒါးကို ပြုလုပ်စေရာမှာ ဘုရင်တပါးက ထူးထူးခြားခြား မှာသတဲ့ ။ သူကိုင်မယ့် သံလျှက်ဒါးရဲ့ အသွား နှစ်ဖက် အနက်က တဖက်ကိုပဲ စံမှီတဲ့ ထက်မြက်မှု ဖြစ်အောင် လုပ်ပါတဲ့ အသွားတဖက်ကိုတော့ သူခိုင်းမှ ထက်အောင် လုပ်ပေးဖို့ အမိန့်ပေးစေခိုင်းပါတယ် ။ 

        ပန်းပဲဆရာက ဘုရင့်ရဲ့ထူးဆန်းတဲ့ အမိန့်ကြောင့် အကြောင်းရင်းကို မေးမြန်းပါတယ် ။ ဘုရင်က အသွားတဖက် အမြဲထက်ဖို့ လိုအပ်နေတာ ပြည်ပရန်အတွက် အမြဲတမ်း လိုအပ်နေလို့ တဲ့ ။ 

      ကျန်တဲ့ အသွားတဖက်က ပြည်တွင်းရန် နှိမ်နင်းဖို့ ရည်စူးထားတဲ့ အတွက် လိုအပ်မှသာ ထက်မြက်အောင် သွေးပေးရမယ်လို့ မိန့်တော်မူသတဲ့ ။ 

        ကျနော်တို့ တိုင်းပြည်ရဲ့ တပ်မတော်အစိုးရကြီးလည်း အဲဒီ ဘုရင်လိုပဲ စိတ်ကူးထားသလား မသိပါဘူး ။ ပြည်တွင်းအတွက် ဒါး သွားတဖက် တုံးနေသလို မြင်နေရပါတယ် ။ 

        ဒီကာလတွေ အတွက် အရပ်သား ပြည်သူတွေ နဲ့ အောက်ခြေရဲဘော်တွေ ၊ ပြည်သူ့ရဲတွေ သေကြေနေကြရတာ များနေပါပြီး ။ တုံးနေတဲ့ သံလျှက်အသွားတဖက် ခပ်ထက်ထက် ​​ဖြစ်အောင်သွေးဖို့ ကောင်းပါပြီ ။ 

     ယနေ့ ကြည့်မြင်တိုင် သပိတ် ကားနဲ့တိုက် ဖြိုခွင်း ဖမ်းဆီးတာမျိုးထက် ပိုမို ထိရောက်တဲ့ ဖမ်းဆီးခြင်းမျိုးတွေ နဲ့ ဆောင်ရွက်သင့်ပါတယ် ။ ကျည်အစစ်နဲ့ ပစ်ခတ်ဖမ်းဆီးဖို့ လက်တွန့်နေလဲ မုဆိုးသုံး မေ့ဆေးကျည်နဲ့ ပစ်ခတ်ပြီး တယောက်မကျန် ဖမ်းဆီး အပြစ်ပေးရပါမယ် ။ 

      အဲဒီ လက်နက်မပါ ပါဘူး ဆိုတဲ့ မိမဆုံးမ ဖမဆုံးမ လူယုတ်မာလေးတွေကပဲ လက်နက်ကိုင် PDF တွေ ပေါက်ဖွားလာကြရတာပါ ။ 

         မင်းတရားကြီး ဘုရားတည် ကျောင်းဆောက်တာ တကဏ္ဍထား ၊ ကိုယ်ကိုင်တဲ့ သံလျှက်ဒါး နှစ်ဖက်ထက်နေအောင် သွေးရမှာ တကဏ္ဍ ကန့်သတ်မှသာ တိုင်းကားပြည်ရွာ လျှင်မြန်စွာ စည်ပင်ဝပြောမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ။ 

     ကိုရွှေမျိုးဝင်း