Monday, December 6, 2021

ဥပဒေ နဲ့ ပရိယာယ်


         နေ့ခင်ပိုင်းက ဒေါ်စုကြည် နဲ့ ဦးဝင်းမြင့် တို့ကို ဥပဒေအရ နှစ်မှုပေါင်း အမြင့်ဆုံး ပြစ်ဒဏ် ၅ နှစ်ချလို့ရပေမယ့် ၄ နှစ်စီ ချမှတ်ခဲ့တယ် ။ 

         နီပိတ်အုပ်စုကလွဲရင် ကျေနပ်ကြပါတယ် ။ ညသတင်းလဲ လာရော တပ်ချုပ်ကြီးက ၂ နှစ် လွတ်ငြိမ်းခွင့် ပေးပြီး ကျန် ၂ နှစ်ကိုလည်း ယခု ချုပ်နှောင်ထားတဲ့ နေအိမ်မှာပဲ ကျခံရမယ်လို့ တပ်ချုပ်ကြီးရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ဖြေလျှော့ပေးလိုက်ပါတယ် ။

        ဒီလို အခု ဆီထမင်း အခု စာလေးကြော် လုပ်ပြတဲ့ တပ်ချုပ်ကြီးကို နီပိတ်တွေကလည်း သရော်စော်ကားကြသလို တပ်မတော်ထောက်ခံသူတွေကလည်း စိတ်ပျက်သွားကြရပါတယ် ။ 

          ဥပဒေအရ အပြစ်ပေး စီရင်ခဲ့ကြရတဲ့ တရားရုံးကို တပ်ချုပ်ကြီးက ဘောင်းဘီဇစ်ဖြုတ်ပြတာပါပဲ ။ ဒီလို ဆန္ဒရှိနေရင်လည်း မူလကတည်းက နေအိမ် အကျယ်ချုပ် ၂ နှစ် ဆိုပြီး ပြစ်ဒဏ်ချလိုက်ရောပေါ့ ။ 

       တပ်ချုပ်ကြီး နှုတ်ဖျားက မကြာခဏ ပြော ပြော နေတဲ့ ကျနော်က ဥပဒေအရ ဆောင်ရွက်မှာပါ ဆိုတဲ့ စကားကို တပ်ချုပ်ကြီးကိုယ်တိုင် လုပ်ပိုင်ခွင့် တလွဲသုံးပြီး ဖောက်ဖျက်နေတာလို့ ယူဆရမလို ဖြစ်နေပါပြီ ။ 

         နောက်နောင် အမှုများစွာ ကျန်နေသေးတယ်လို့ ယူဆပြီး ဖြေသိမ့်လို့ ရပေမယ့် မပြတ်သားတဲ့ ပျော့ညံ့သော တပ်ချုပ်ကြီးကို တပ်မတော်ထောက်ခံသူတွေ မယုံရဲကြတော့ပါဘူး ။ 

        ဒါက လက်ရှိ နီပိတ်ကလွဲရင် ပြည်သူတွေ ခံစားနေကြရတဲ့ ဖီလင် အမှန်ပါပဲ ။ 

     ဟာကွာ အခုမှ အစရှိပါသေးတယ် ၊ စောင့်ကြည့်ပါအုံး ဒါက နိုင်ငံရေး ပရိယာယ်အရ သွေးတိုးစမ်းတာပါ လို့ ယူဆလို့လဲ အဆင်ပြေနိုင်ပါတယ် ။ 

      သို့သော် ရလာဒ်က ဘာဖြစ်လာမလဲ တွေးကြည့်ပါ ။ နီပိတ်တွေ ပိုပြီး ဇောင်းကြွလာပါမယ် တွေ့လား အမေစုကို ထောင်မချရဲဘူး ငါတို့ နိုင်မှာဆိုတဲ့ မက်ဆေ့ ပေးလို့ ရသွားပြီး ပိုမို သောင်းကျန်းလာပါမယ် ။ 

        တပ်မတော်ထောက်ခံသူတွေသည် ဒေါ်စုကြည်ရဲ့ ပြည်ဖျက် လုပ်ရပ်တွေအတွက် ငါးနှစ်လုံးလုံး အံကြိတ်ခံခဲ့ကြရပါတယ် ။ ယခု သူမ အကုသိုလ်ဝင်ချိန်မှာ ပြင်းထန်ထိရောက်တဲ့ ပြစ်ဒဏ် ခံစားစေချင်ကြတာလည်း ပုတုဇဥ် သဘာဝမို့ လွန်တယ် မဆိုပါဘူး ။ 

         ဒီကနေ့ ဖြစ်စဥ်အရ ပြည်သူအစစ်တွေရဲ့ မျှော်လင့်ချက်ကို ဇဝေဇဝါ ဖြစ်သွားအောင် နာရီပိုင်း အတွင်း လုပ်သွားတဲ့ တပ်ချုပ်ကြီးအား စိတ်ပျက်ကုန်စေတာလည်း အရှိတရားပါပဲ ။ 

       တပ်ချုပ်ကြီးခင်ဗျား တိုင်းပြည်ရဲ့ အင်အားသည် ပြည်တွင်းမှာပဲ ရှိနေတာပါ ။ ပြည်ပရန် ကြုံလာရင်လည်း ဒီ တပ်မတော်ထောက်ခံသူ အစုအဖွဲ့ကပဲ ငွေအား လူအား နဲ့ ကျားကန်ပေးကြမှာပါပဲ ။ 

       တသက်လုံးက အပုပ်ချ လုပ်ကြံပြီး တပ်မတော် ပြိုကွဲရေး တစိုက်မတ်မတ် လုပ်နေတဲ့ ပြည်ပအနောက်အုပ်စုက တပ်ချုပ်ကြီး ဘယ်လိုပဲ ဖြေလျှော့ပေးနေပါစေ အကောင်းမပြောဘူး ဆိုတာ သေချာပါတယ် ။ 

- နီပိတ်တွေက သရော်စော်ကားပြီး စိတ်ဓာတ်ခွန်အားတိုးစေမယ်

- တပ်မတော်ထောက်ခံသူတွေ တပ်ချုပ်ကြီးကို ဆက်လက်ထောက်ခံကြဖို့ အာရုံနည်းသွားပြီး ဝန်းရံအားပေးဖို့ အင်အားလျော့သွားပါပြီ ။ 

- ပြည်ပကတော့ ဘာလုပ်ပြနေပါစေ အပြစ်တင်မြဲ တင်နေကြမှာပါ....

        ဒီလုက်ရပ်ကြောင့် တပ်ချုပ်ကြီးရဲ့ ဖြေလျှော့မှုသည် အနုတ်လက္ခဏာပြနေတဲ့ အစီအမံအဖြစ် အားမနာစတမ်း ဝေဖန်ချင်ပါတယ် ။ 

       နောက်အမှုတွေအတွက် တရားရုံးရဲ့ စီရင်ချက် ထက် တပ်ချုပ်ကြီးရဲ့ မဟာဂရုဏာတော်ကြီးက ထပ်မံ လွှမ်းမိုးနေမယ် ဆိုရင်တော့ တိုင်းပြည် နဲ့ တပ်မတော် တရပ်လုံး ဂုဏ်သိက္ခာဟူ၍ ကုန်းကောက်စရာ မရှိအောင် ကျဆင်းဖို့ပဲ ဖြစ်နေပါတယ် ။ 

      ယခုလို စကေး နဲ့ 50 % လျော့ပေးနေလည်း ဒေါ်စုကြည်တယောက် လူမြင်ကွင်းကို ထပ်မပေါ်လာနိုင်တော့ဘူး ဆိုတာ သေချာနေပါတယ် ။ 

      သို့သော် သူမရဲ့ ပြင်ပက လူယုတ်မာ NUG နဲ့ PDF တွေ အတွက် တအားဖြစ်စေပြီး ထိမ်းသိမ်းနိုင်ဖို့ အချိန်ကြာသွားမယ့် ဆိုကျိုးကို ခန့်မှန်းတွက်ဆပြီး ရင်မောမိပါကြောင်း.......

      ကိုရွှေမျိုးဝင်း

(​​ဖော်လံဖား​တွေ မြှောက်ပေးတိုင်း စွတ်ပစ်မနေနဲ့ ပြည်သူက သေတော့မယ်...)