Monday, December 6, 2021

မှတ်မိသလောက် သူတို့သမိုင်း


             ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ဦးသန့် အရေးအခင်းမှာ ဦးတင်ဦးက စစ်ဦးစီးချုပ်ပဲ ။ အရေးအခင်း နှိမ်နင်းတော့ သူ့အမိန့်အရ ပစ်ခတ်ဖြိုခွဲခဲ့ကြတယ် ။ ကျောင်းသူ ကျောင်းသားတွေ သေကြတော့ မဆလ ပါတီထိပ်သီးလူကြီးတွေရဲ့ သား သမီးတွေ သေခဲ့ကြလို့ ဦးတင်ဦးကို ရန်ငြိုးထားခဲ့ကြတယ် ။ 

           ဦးနေဝင်းကို အမြဲတမ်းပဲ ကြုံရင်ကြုံသလို ဦးတင်ဦးမကောင်းကြောင်း တိုင်ကြတယ် ။ ဒါပေမယ့် ဦးနေဝင်းက အရေးမယူခဲ့ပါဘူး ။ တနေ့ နိုင်ငံခြားခရီးစဥ် တခုကနေ ဦးတင်ဦး နဲ့ သူ့ဇနီးတို့ ပြန်လာတော့ တရားမဝင် ရွှေချောင်တွေ သယ်လာတာ ထောက်လှမ်းက မိပါတယ် ။ 

      ဆိုရှယ်လစ် စီးပွားရေး ပုဒ်မနဲ့ ညိစွန်းနေလို့ ဦးတင်ဦး ပြုတ်သွားတယ် ။ သူ့တပည့် အုန်းကျော်မြင့် နဲ့ ဦးဝင်းထိန် (စောက်ရူး ၆ ခါ) တို့က ဦးနေဝင်းကို လုပ်ကြံမယ် ပြီးရင် ဦးတင်ဦးကို သမ္မတလုပ်ခိုင်းမယ်လို့ လာပြီး ညှိနှိုင်းတယ် ။ 

        အုန်းကျော်မြင့်တို့ အဖမ်းခံရပြီး စစ်ဆေးတော့ အဲလိုပဲ ထွက်ဆိုခဲ့ကြလို့ ဦးတင်ဦးကို သတင်းထိန်ချန်မှုနဲ့ တရားစွဲထောင်ချခဲ့တယ် ။ (အမှန်ဆိုရင် သဘောတူပါတယ် ဆိုတဲ့ အကြောင်းပြန်ချက်အရ ပူးပေါင်းမှု နဲ့ ပုဒ်မတပ်လို့ ရပေမယ့် ညှာတာခဲ့တဲ့ သဘောရှိပါတယ်) 

       နောက် ၈၈ အရေးအခင်းမှာ ပါဝင်တယ် ။ NLD ထူထောင်တယ် ။ ထောင်ကျနေတော့ မောင်ခင်ညွှန့်ရယ် ငါက အသက်လည်းကြီးပါပြီ နိုင်ငံရေးလည်း နောက်နောင် မလုပ်တော့ပါဘူး လွှတ်ပေးပါဆိုပြီး အသနားခံစာ တင်ခဲ့တယ် ။ 

      စစ်သားခြင်းဆိုတော့ ကတိစကားကို ယုံကြည်ပြီး လွှတ်ပေးလိုက်တယ် ။ ခွေးမှီးကောက်ကျည်တောက်စွပ်ပါပဲ ။ အခြေအနေပေးတာနဲ့ NLD ထဲမှာ အရှက်မရှိ ပေကပ်နေတော့တာ အခုထိပါပဲ ။ 

         နောက်တယောက်က ဦးခင်ညွှန့်အကြောင်းပါပဲ ။ တနှစ်ပတ်လုံး သူ့အိမ်မှာ အိပ်ရတဲ့ရက် လက်ချိုးရေလို့ ရလောက်အောင် နိုင်ငံအနှံ့အပြား သွားခဲ့တယ် ၊ တာဝန်ဆိုတာ ဒါမျိုးလို့ စံပြလုပ်ခဲ့တယ် ။ 

         ဖုန်ကြားရှင်ရဲ့ ကိုးကန့် လက်နက်ကိုင်နယ်မြေထဲကို လက်နက်မပါ အစောင့်အရှောက်မပါ ပဲ သတ္တိပြောင်မြောက်စွာ သွားရောက် စည်းရုံးဆွေးနွေးခဲ့သူဖြစ်ပါတယ် ။ 

     KNU ဗိုလ်ချုပ်မြကိုယ်တိုင် ဖိုးခွားလေး ဆိုပြီး လေးစား ယုံကြည်စွာ ဆက်ဆံ၍ ငြိမ်းချမ်းရေး အောင်မြင်အောင် တည်ဆောက်ပေးခဲ့သူ ဖြစ်ပါတယ် ။ 

       သူ့ရဲ့ သားတပည့်တွေ ဖြစ်တဲ့ ထောက်လှမ်းရေး အဖွဲ့ကြီး ဖျက်ပစ်ဖို့ ကြံစည်နေတဲ့ ဦးသန်းရွှေဟာ သူ့ရဲ့ လက်တွဲဖော် ဦးခင်ညွှန့်ကို လေးစားသမှုနဲ့ ကိုခင်ညွှန့်ရေ ခင်ဗျား နိုင်ငံရေးရာထူး ဖြစ်တဲ့ ဝန်ကြီးချုပ်ရာထူးနဲ့ပဲ တိုင်းပြည်အတွက် ဆက်လုပ်ပြီး ထောက်လှမ်းရေးညွှန်ချုပ်ကို တခြားလူပေးလိုက်ပါလို့ ကမ်းလှမ်းလာပါတယ် ။ 

      သူက သူမရှိတာနဲ့ အခြား တိုင်းမှူးတွေနဲ့ ဗိုလ်ချုပ်ကြီးတွေက ထောက်လှမ်းရေးကို တွယ်တော့မှာသိလို့ သူရှိရင် မဖြစ်တန်ကောင်းဖူးလို့ တွက်ဆပြီး တပည့်တွေအတွက် ဆက်နေပေးရင်း သူပါ အရေးယူခံခဲ့ရပါတယ် ။ 

       သူထောင်က လွတ်လာတော့ မီဒီယာတွေက တပ်မတော်ကို စိတ်နာနေမှာပဲ ဆိုပြီး တပ်တွင်းသွေးကွဲ ပြိုကွဲစေရေး ရည်ရွယ်ချက်နဲ့ အင်တာဗျူးကြပြီး မေးကြပါတယ် ။ တပ်မတော်ကို စိတ်မနာဖူးလား ဘာလား ပေါ့ ။ 

       ဦးခင်ညွှန်းပြောတာ အရမ်းလေးစားဖို့ ကောင်းပါတယ် ။ စစ်အုပ်ချုပ်ရေးမှာ စစ်အုပ်ချုပ်ရေးလို အုပ်ချုပ်ရမှာ အမှန်ပဲ ဖြစ်တယ် ။ တိုင်းပြည်အတွက် မလိုတော့ဖူး ထင်တဲ့အချိန် ဖယ်ရှားကြတာလည်း မှန်တယ် ။ ငါ့ကို မလိုတော့ဖူး လို့ တွေးဆပြီး ဖယ်ခဲ့တဲ့ တပ်မတော်ကို ငါ စိတ်နာစရာ မလိုဘူး လို့ ဖြေခဲ့လို့ မီဒီယာတွေ ပက်လက်လန်ခဲ့ကြဖူးပါတယ် ။

       ဦးခင်ညွှန့်ဟာ သူ့ထံသို့ နှစ်စဥ်လာရောက်ကန်တော့လေ့ ရှိတဲ့ သူ့တပည့်တွေကို နိုင်ငံရေး မလုပ်ကြဖို့ ၊ တိုင်းပြည်နဲ့ တပ်မတော်အပေါ် သစ္စာရှိကြဖို့ နဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ကြဖို့ အမြဲ သွန်သင်ဆုံးမခဲ့ပါတယ် ။ 

           ဒါတွေက ကျနော်မှတ်မိသလောက် သူတို့ နှစ်ဦးရဲ့ သမိုင်းကြောင်း အချို့ပါပဲ ။ ဘာကြောင့် နှိုင်ယှဥ်ပြောရသလဲ ဆိုရင် ယနေ့ တပ်မတော်ရဲ့ ကျဆုံးစစ်သည်တော်မှာ ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်မှာ တပ်ချုပ်ကြီးက သူတို့ နှစ်ဦးဆီကို သွားခဲ့လို့ ဖြစ်ပါတယ် ။ 

           ဦးတင်ဦးသည် ရင်ဘတ်မှာ NLD ရင်ထိုးနဲ့ ပင်နီရောင် ဖျော့ဖျော့ နဲ့ တွေ့ဆုံခဲ့ပါတယ် ။ တပ်ချုပ်ကြီးအနေနဲ့ စစ်သားဟောင်းကြီးတွေကို လာရောက်တွေ့ဆုံ ဂါရဝပြုရာမှာ ဦးတင်ဦးသည် ငါလည်း စစ်သားဟောင်းကွ ဆိုတဲ့ မာန်ထားရမယ့် အစား ငါသည် ထမီခြုံ ပြည်ဖျက် NLD ဆိုတဲ့ ဂုဏ်ကို ရှေ့တန်းတင်နေတာ စိတ်မကောင်းဖွယ် မြင်တွေ့ရပါတယ် ။ 

       နောက်တဦး ဦးခင်ညွှန့်ကတော့ စမတ်ကျတဲ့ စစ်ပုံနဲ့ အပြန်အလှန် အလေးပြုပြီး စစ်သားပီသစွာ ကြိုဆိုခဲ့ပါတယ် ။ 

      သူတို့ နှစ်ဦးရဲ့ တပ်ချုပ်ကြီး၏ လာရောက်တွေ့ဆုံ ဂါရဝပြုခံရတာ အတူတူ တုန့်ပြန်ပုံများကတော့ မိုးနဲ့မြေ ကွာခြားလှပါတယ် ။ 

       တပ်ချုပ်ကြီးခင်ဗျား အခုလို စစ်သားဟောင်းကြီးများအား လေးစားစွာ ဂါရဝပြု တွေ့ဆုံခြင်းကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ် ။ သို့သော် ဦးတင်ဦးကဲ့သို့ ပြည်ဖျက်ပါတီအပေါ် ဦးထိပ်တင်ထားသူအား တွေ့ဆုံရာမှာ ပါတီအရောင် ကင်းတဲ့ တွေ့ဆုံမှုမျိုးနဲ့သာ တွေ့ဆုံသင့်ပါကြောင်း တင်ပြချင်ပါတယ် ။ ဤကဲ့သို့ ပြည်ဖျက် မဲသူခိုးပါတီ အမှတ်တံဆိပ် တပ်ဆင်ထားမည်ဆိုပါက နောက်နောင်ထပ်မံတွေ့ဆုံခြင်းကို မပြုလုပ်သင့်တော့ဟု တင်ပြလိုက်ရပါတယ် ။ 

        ဤ တွေ့ဆုံပွဲမှ ပြည်သူ့အတွက် သိမှတ်စရာတွေကတော့ သစ္စာမရှိ ကတိမတည်သော စစ်သား နှင့် သစ္စာလည်းရှိ ကတိလည်းတည်သော စစ်သားဟူသည် အဘယ်နည်းဟု ခွဲခြားနိုင်ခဲ့သော အသိတရားရရှိလိုက်ပါကြောင်း.......

      ကိုရွှေမျိုးဝင်း

(သစ္စာကြီးသော စစ်သားပီသသော စစ်သား အစစ်ဆိုတာ လုပ်ရပ်နဲ့ သမိုင်းထိုးသွားယုံတင် မကဘူး လေးစားလောက်တဲ့ ဥပတိရုပ်ကပါ သက်သေပြနေကြောင်း ထင်ပေါ်လွန်းပါတယ်)

Related Posts:

  • မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂ္ဂိုလ်များပထမဆုံး ဗုဒ္ဓဘာသာ ထွန်းကားစေသူ အနော်ရထာမင်းပထမဆုံးမင်း တကောင်းအဘိရာဇာမြို့တော် ပုဂံ (အေဒီ ၁၀၄၄)ပထမဆုံး ဝန်ကြီးချုပ် ဦးနု ပထမဆုံး သမ္မတ စပ်ရွှေသိုက်ပထမဆုံး အာဇာနည်နေ့ အခမ်းအနားဦးဆောင်ကျင်းပသူမြို့မ ဦးသန်းကြွယ် ပထမဆုံ… Read More
  • မြို့ပြ ဒလန်နှင့် သတင်းကွန်ယက်   နစက ကိုင်တွယ်ရခက်နေတဲ့အထဲမှာ ဒလန်ဆိုပြီး လိုက်သက်နေတဲ့သူတွေ ကအဓိကပါ။ အရင်ထဲက မကျေနပ်ချက်တွေကို ဒလန်ခေါင်းစဥ်တက်ပြီး ပေါင်းပြီရှင်းထုပ် သက်ဖျတ်နေတာများပါတယ်။ ဥာဏ်ကောင်းပြီး ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ကိုယ်တိုင်မလုပ်ဘူး။ တို့… Read More
  • WFP က ထောက်ပံ့တဲ့ ဆန်အိတ်တွေကို ရွှေပြည်သာနဲ့ဒဂုံဆိပ်ကမ်းက အိမ်ထောင်စု ၁သိန်း ၆သောင်းကျော်ကို ဝေပေးနေရန်ကုန်၊ နိုဝင်ဘာ ၇-၂၀၂၁KK(VOM)ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ထောက်ပံ့တဲ့ ဆန်တွေကို ရွှေပြည်သာနဲ့ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း နေထိုင်တဲ့ အခြေခံလူတန်းစား တစ်သိန်းခြောက်သောင်းကျော်ထံ မြန်မာနိူင်ငံကြက်ခြေနီအသင်းက ဖြန့်ဝ… Read More
  • ဆရာမဖြစ်စဉ်နောက်ဆက်တွဲ၁၀ တန်း အပ်ရမယ့်ကလေးက ကျောင်းမတက်တော့ဘဲ ကျောင်းတက်တဲ့သူတွေကို အပြစ်မြင်နေတာကြာပြီ။ အဲဒီကလေး ဦးဆောင်ပြီး လာ-တ်သွားတာတဲ့။ အ-တ်ခံရတဲ့ဆရာမရဲ့တပည့်ထဲက တစ်ယောက်ပဲ။ သူနဲ့ မိန်းကလေးတစ်ယောက်၊ PDF ကောင်လေးတစ်ယောက်ပါတယ်။ ကိုယ့်ဆရာမကိုတေ… Read More
  • #ပြည်ပျက်ခြင်းလက္ခဏာ💔💔💔💔💔💔💔🙏ဆရာကြီးရဲ့ဒီစကားလေးရှာနေတာကြာပါပြီ အခုမှ     ပဲ တွေ့လို့ မူရင်းစကားလုံးအတိုင်းရေးတင်ပေးလိုက်    ပါတယ်ရှင့် 🗣️မင်းတို့ကို ငါ့ အတန်းချိန်တိုင်းစာဖတ်ဖို့ စာဖတ်ကြ     ဖို့ ချည်း ဇွတ်တိုက်တွန်းနေတာ      တချို့ကောင… Read More